Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

အယူအဆမှားနေသော အမွှေးရိတ်ခြင်း

  • All Blogs
  • Women Health
  • အယူအဆမှားနေသော အမွှေးရိတ်ခြင်း
  • 2024- ဒီဇင်ဘာ 31 by
    Hsu Pyae Sone

    ခေါင်းပေါ်ကဆံပင်ကတော့ ထားလို့ တင့်တယ်ပေမယ့် ခန္ဓာကိုယ်ရဲ့ တခြားနေရာအစိတ်အပိုင်းက အမွှေးအမျှင်တွေကိုတော့ ဖယ်ရှားလေ့ရှိပါတယ်။အမွှေးရိတ်တယ်ဆိုရင် အမျိုးသားတွေ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးရိတ်တာကအစပြုပြီး ကျားမ မရွေး ချိုင်းမွှေး၊ဆီးခုံးမွှေးနဲ့ ခြေသလုံးမွှေးရိတ်တဲ့အထိပါ တွင်ကျယ်ကြပါတယ်။ဒါပေမယ့် အမွှေးမရိတ်ခင် ကိုယ်သတိမထားမိလိုက်ဘဲ အယူအဆမှားတွေ ရှိနေသလားဆိုတာ တူတူလေ့လာကြည့်ရအောင်။

    (၁)အမွှေးရိတ်ရင် ရိတ်ခံရတဲ့နေရာတွေက ပိုမည်းပြီး ပိုသန်လာပါတယ်။

    အမွှေးထွက်နှုန်းနဲ့ အရှည်မြန်မှာတွေဟာ မျိုးရိုးဗီဇနဲ့ပဲဆိုင်ပြီး အမွှေးရိတ်လို့ဖြစ်လာရခြင်းမဟုတ်ပါဘူး။

    (၂)အမွှေးရိတ်တဲ့ ဂျုတ် (သို့) ဘလိတ်အသစ်သုံးခြင်း က ပိုပြီးတော့ ဒဏ်ရာဖြစ်လွယ်တယ်။

    တုံးနေတဲ့ ဓားနဲ့ ကိရိယာတွေကမှသာ အမွှေးရိတ်ခံရတဲ့နေရာတဝိုက်မှာ ဒဏ်ရာတွေနဲ့ အမွှေးမပြောင်တာတွေကိုဖြစ်စေမှာ ဖြစ်ပါတယ်။

    (၃)အမွှေးရိတ်တဲ့အခါ ဖိပြီးရိတ်ခြင်း က အမွှေးကို အမြစ်ကနေပိုပါလာစေတယ်။

    ဖိပြီးပဲရိတ်ရိတ်၊ဖော့ပဲရိတ်ရိတ် လက်အနေအထားပြင်းအားပေါ်မမူတည်ပါဘူး။ပြင်းအားများများနဲ့ ဖိပြီးအမွှေးရိတ်ရင်တော့ အရေပြားမှာပြတ်ရှရာတွေဖြစ်နိုင်ပါတယ်။

    (၄)အမွှေးရိတ်ပြီးသားနေရာကို ၂ ခါ ၊၃ခါ တပြိုင်တည်းရိတ်ခြင်းက အမွှေးပေါက်နှုန်းကျစေတယ်။

    တကြိမ်နဲ့ပဲ လုံလောက်ပါတယ်။ထပ်ကာတလဲလဲရိတ်ခြင်းက အမွှေးတွေမရှိတော့တဲ့အတွက် အရေပြားမှာ အလက်ဂျစ်ထစေနိုင်ပါတယ်။

    (၅)အမွှေးရိတ်တဲ့နေရာမှာ shaving cream အစား ရေနဲ့ဆပ်ပြာသုံးလို့ရတယ်။

    Shaving cream သုံးပြီးအမွှေးရိတ်ခြင်းကအရေပြားစိုထိုင်းမှုကိုအားပေးတဲ့အတွက် အမွှေးရိတ်တဲ့အခါ ပိုပြောင်ပြီး ထိခိုက်ဒဏ်ရာနည်းပါတယိ။ရိုးရိုးရေနဲ့ဆပ်ပြာကတော့အသားကိုခြောက်စေပါတယ်။

    (၆)အမွှေးကို ရိတ်ချင်သလိုရိတ်လို့ရတယ်။

    အမွှေးကိုရိတ်ချင်သလို ရိတ်လို့မရပါဘူး။ကိုယ်ရိတ်မယ့်နေရာမှာ ပေါက်တဲ့အမွှေးပေါက်တဲ့ပုံစံအလိုက် ရိတ်ပေးရမှာ ဖြစ်ပါတယ်။

    (၇)သူများဆီက အမွှေးရိတ်ကိရိယာငှါးသုံးလို့ရတယ်။

    အမွှေးရိတ်တဲ့အခါ ချွေးတွေရှိနိုင်တဲ့အပြင်မတော်တဆထိခိုက်ဒဏ်ရာဖြစ်ရင် သွေးထွက်နိုင်တဲ့အတွက် အသည်းရောင်အသားဝါ ဘီပိုးစိပိုးနဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတွေပါ ကူးနိုင်လို့ ကိုယ့်ပစ္စည်းကိုလည်း သူများကိုမငှါးရသလို သူတပါးပစ္စည်းလည်း ငှါးရမ်းသုံးစွဲခွင့်မရှိပါဘူး။

    ဒီလောက်ဆိုရင်တော့ အမွှေးရိတ်တာနဲ့ပတ်သက်ပြီး အယူအဆမှားတွေကို သိလောက်ပြီဖြစ်တာမို့ တလွဲတွေ လုပ်မနေကြနဲ့တော့နော်။



    in Women Health
    စိတ်ဖိစီးမှုအရမ်းများရင် ရာသီထိမ်တတ်လား