Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

Importance of regular health check-ups for women

  • All Blogs
  • Women Health
  • Importance of regular health check-ups for women
  • 2024- အောက်တိုဘာ 23 by
    Hsu Pyae Sone

    Importance of regular health check-ups for women - ပုံမှန်ကျန်းမာရေးစစ်ဆေးကြည့်ရဲ့လား?


    မင်္ဂလာပါစာဖတ်ပရိသတ်တို့ရေ . . .

    အမျိုးသမီးတော်တော်များများဟာ မိသားစုနဲ့ အလုပ်ကိုသာ ရှေ့တန်းတင်ရင်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့ထားတတ်ကြပါတယ်။ သို့သော်လည်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ထိန်းသိမ်းနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးကြည့်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ အမျိုးသမီးများအနေနဲ့ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် check-up အပြည့်အစုံ သွားရောက်ပြုလုပ်ပေးသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုထားကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုက ဘာကြောင့် အရေးကြီးရလဲဆိုတဲ့ အကြောင်းရင်းအချို့ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။


    • ကျန်းမာရေးပြဿနာများကို စောစီးစွာသိရှိနိုင်ခြင်း

    ပုံမှန် ကျန်းမာရေးစစ်ဆေးပေးမှုက ကျန်းမာရေးပြဿနာများကို စောစီးစွာသိရှိနိုင်ပြီး ၎င်းတို့ကို ထိထိရောက်ရောက်ကုသရန် ပိုမိုလွယ်ကူစေပါတယ်။ အမျိုးသမီးများ ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေကတော့ ရင်သားနှင့် သားအိမ်ခေါင်းကင်ဆာ၊ အရိုးပွရောဂါနှင့် နှလုံးရောဂါတို့ ဖြစ်ပါတယ်။


    • ရင်သားစစ်ဆေးခြင်း

    အမျိုးသမီးတို့ဟာ တစ်လလျှင် တစ်ကြိမ် ရင်သားစစ်ဆေးမှု ပြုလုပ်သင့်ပြီး အကယ်၍ သင့်မိသားစုဝင်ထဲမှာ ရင်သားကင်ဆာဖြစ်ဖူးရင်တော့ အသက် 50 မှစတင်ပြီး ပုံမှန် ရင်သားဓါတ်မှန်ရိုက်ခြင်း (mammograms) ကို ပြုလုပ်ပေးသင့်ပါတယ်။


    • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း 

    အမျိုးသမီးတို့ဟာ အသက် 21 နှစ်မှ စတင်ပြီးတော့ သုံးနှစ်တစ်ကြိမ် Pap test ပြုလုပ်သင့်ပါတယ်။ အကယ်၍ အသက် 30 ကျော်သွားလျှင်တော့ သင့်ဆရာဝန်က Pap test အပြင် သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ Human Papillomavirus ရှိမရှိ ကြည့်နိုင်တဲ့ HPV test ကို စစ်ဆေးကြည့်ဖို့လည်း အကြံပြုနိုင်ပါတယ်။


    • အရိုးသိပ်သည်းဆ စစ်ဆေးခြင်း

    အမျိုးသမီးများအနေနဲ့ အသက် 65 နှစ်မှ စတင်ပြီး နှစ်နှစ်တစ်ကြိမ် အရိုးသိပ်သည်းဆ စမ်းသပ်မှု ပြုလုပ်သင့်ပါတယ်။ အသက် 65 မတိုင်ခင် အရိုးပွရောဂါ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေရှိလာခဲ့ရင်လဲ ကြိုပြီးစစ်ဆေးနိုင်ပါတယ်။


    • နှလုံးသွေးကြောစစ်ဆေးခြင်း

    အမျိုးသမီးတို့ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောပမာဏတွေကိုလည်း ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ အသက် 50 အထက် အမျိုးသမီးများကတော့ နှလုံးရောဂါရှိမရှိပါ ထည့်သွင်းစစ်ဆေးသင့်ပါတယ်။


    • စိတ်ကျန်းမာရေးစစ်ဆေးခြင်း

    အမျိုးသမီးတို့ဟာ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့လို စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ခြေ ပိုများတတ်ပါတယ်။ ဒါကြောင့် သင့်မှာ စိုးရိမ်စရာတစ်ခုခုရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။


    ရေချိုးတိုင်း ရင်သားစစ်ဆေးပေးခြင်းလိုမျိုး ကိုယ်တိုင်စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ပေးဖို့လည်း မမေ့ပါလိုက်ပါနဲ့။ ကိုယ့်ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုမှန်သမျှကိုလည်း သတိထားပေးပါ။


    မှန်ကျန်းမာရေးစစ်ဆေးပေးခြင်းဟာ ကျန်းမာရေးကောင်းစေရန်နဲ့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာသိရှိနိုင်ပြီး ကာကွယ်ပေးနိုင်တာကြောင့် အမျိုးသမီးတို့အနေနဲ့ ကိုယ့်ဆရာဝန်ထံမှာ ပုံမှန်စစ်ဆေးမှုပြုလုပ်ဖို့ အချိန်ဇယားဆွဲထားသင့်ပြီး ကိုယ့်မှာရှိတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးသင့်ပါတယ်။  

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



    in Women Health
    တားဆေးကို နေ့တိုင်းအတိအကျ သောက်မှဖြစ်မှာလား