Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

Healthy relationship လေးတွေ တည်ဆောက်ကြမယ်

  • All Blogs
  • Mental Health
  • Healthy relationship လေးတွေ တည်ဆောက်ကြမယ်
  • 2024- စက်တင်ဘာ 11 by
    Hsu Pyae Sone

    Healthy Relationship လေးတွေ တည်ဆောက်ကြမယ်


    တအိမ်ထဲနေ သွေးသားအရင်းအချာဖြစ်တဲ့ မောင်နှမတွေတောင် ကြောင်နဲ့ကြွက်လို ကိုက်နေကြရင် သွေးမတော်၊သားမစပ် သူစိမ်း ၂ ယောက် ဘဝတသက်စာ ရည်ရွယ်ပြီး ချစ်သူ၊ရည်းစား ထားတာဟာ ပန်းခင်းလမ်း လို ဖြောင့်ဖြူးနေမယ် ထင်ပါသလား။နည်းလမ်းလေးတွေတော့ ရှိတာပေါ့နော်။

    ဒါကြောင့်မို့ အကြင်လင်မယားအဖြစ် လက်ထပ်ပြီးလို့ အဖိုးကြီး၊အဖွားကြီးဖြစ်တဲ့ချိန်ထိ အချစ်မလျော့ဘဲ တွဲလက်တွေ ခိုင်မြဲသွားစေဖို့ လျှို့ဝှက်နည်းလမ်းလေးတွေကို လာရောက် ဝေမျှပေးပါရစေ။


    (၁)နားလည်မှု 

    လောကကြီးမှာ ရန်မဖြစ်ဖူးတဲ့ ချစ်သူ၊ရည်းစားရယ်လို့ မရှိပါဘူး။အဓိက လိုအပ်တာက တယောက်ခံစားချက်ကို တယောက်နားလည်ဖို့ အရေးကြီးလှပါတယ်။အကြိုက်ချင်းထပ်တူကျနေတဲ့ သမီးရည်းစား စုံတွဲရှားပါတယ်။ဒါပေမယ့် နားလည်မှုနဲ့ သူဖြစ်ချင်တာကို ကိုယ်လုပ်ပေး၊ကိုယ်ဖြစ်ချင်တာကို သူအလျှော့ပေးရင် ပျော်ရွှင်စရာပါပဲ။ဒါ့အပြင် လူတယောက်အကြောင်းကို ကြာကြာပေါင်းမှ သိနိုင်သလို တွဲတာကြာလာရင် တဖက်လူရဲ့ dark sides တွေကိုပါ မြင်လာပါလိမ့်မယ်။သူ့ dark sides၊ကိုယ့် dark sides အပြန်အလှန်နားလည်ပြီး လက်ခံပေးရင် ရေရှည်မှာ အိုကေမှ စိုပြေပေါ့။



    (၂)လေးစားမှု

    လူတစ်ယောက်နဲ့တစ်ယောက်မှာ အထိမခံနိုင်တဲ့ sensitive point တွေရှိပါတယ်။တခြားအချိန်တွေ ဘယ်လောက်သဘောကောင်းကောင်း သူမကြိုက်တဲ့ကိစ္စလုပ်မိရင် ထပေါက်ကွဲမိကြမှာ အမှန်ပါပဲ။ဒါကြောင့်မို့ လေးစားသမှုနဲ့ တယောက်မကြိုက်တဲ့အရာကို တယောက်ညှိယူကြမယ်ဆိုရင် ရန်ပွဲတွေ ခဏခဏ မဖြစ်တော့ဘူးပေါ့။ကိုယ့်လက်တွဲဖော်ရဲ့ privacy တွေကို လေးစားမှုနဲ့ စည်းတခုထားသင့်ပါတယ်။လင်မယားဖြစ်တဲ့အထိ ကိုယ်ပိုင် privacy လေးနဲ့ နေတတ်ကြတဲ့သူတွေ တပုံကြီးပါ။Privacy ကို ရှေ့တန်းတင်ပြီး တခြားသူနဲ့ ဖောက်ပြန်နေတာမျိုးတော့ မဖြစ်ရဘူးပေါ့။



    (၃)သစ္စာရှိမှု

    ခုခေတ်လို လိုက်ပွဲရှိတာ ဂုဏ်ဆာပြီး သူများရည်းစား စနိုက်ရတာ အရသာတွေ့နေတဲ့အချိန်မှာ သစ္စာရှိမှုဟာလည်း မဖြစ်မနေအရေးကြီးပါတယ်။ဆန့်ကျင်ဖက်လိင်နဲ့ အကွာအဝေးတခုကို ထိန်းသိမ်းပြီး အထင်လွဲစရာကိစ္စတွေ မဖြစ်အောင် ကြိုရှောင်သင့်ပါတယ်။ကိုယ့်ချစ်သူနောက်ကွယ်မှာ တခြားလူနဲ့ အီစီကလီလုပ်တာမျိုးကလည်း သစ္စာမရှိတာကို ပြသနေပါတယ်။အချစ်ဆိုတာ သက်တမ်းကုန်ဆုံးတတ်တဲ့သဘောတရားရှိတာမို့ မချစ်တော့ရင် ပွင့်ပွင့်လင်းလင်းပြောပြီးမှ နောက်တယောက်ကို ပြောင်းတွဲသင့်ပါတယ်။


    (၄)နွေးထွေးမှု

    တယောက်နဲ့တယောက် နွေးထွေးကြင်နာတဲ့စကားလေးတွေ များများပြောဆိုသုံးနှုန်းပေးပါ။တန်ဖိုးကြီးလက်ဆောင်တွေပေးမှ ချစ်ရာရောက်တာ မဟုတ်ဘူးနော်။သူကြိုက်တတ်တဲ့အစားအစာလေးသတိတရဝယ်လာပေးတာ၊သူပျော်အောင် စနောက်လိုက်တာ၊သူ နေမကောင်းတဲ့အချိန် အားပေးတာတွေကလည်း နွေးထွေးမှုပဲ ဖြစ်ပါတယ်။


    (၅)မျှတမှု

    တယောက်ကိုတယောက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် နေထိုင်ပြီး ၂ ယောက်သားတူတူ ဘဝတခုတည်ဆောက်မယ်လို့ ရည်ရွယ်ထားရင် ကြိုးစားသင့်ပါတယ်။တဖက်တည်းကပဲ ကြိုးစားရတဲ့ ဆက်ဆံရေးတွေက ရေရှည်မတည်မြဲပါဘူး။လိုက်တမ်း ပြေးတမ်းဆော့ရတဲ့ ဆက်ဆံရေးကလည်း အဆုံးသတ်မလှပါဘူး။တဖက်နဲ့တဖက် အရာရာ balance ဖြစ်အောင် နေထိုင်နိုင်မှပဲ တဖက်စောင်းနင်းမဖြစ်ဘဲ ပိုပြီးလှပတဲ့ relationship ကို တည်ထောင်နိုင်မှာပဲ ဖြစ်ပါတယ်။

    ဒီလောက်ဆိုရင်တော့ အတွဲရှိသူတွေ ကိုယ့်ချစ်သူကို ပိုပြီး ဘယ်နှချက်နဲ့ကိုက်ညီလဲ အဖြေတိုက်ကြည့်ကြနော်။အတွဲမရှိတဲ့ FA လေးတွေကလည်း အားမငယ်ပါနဲ့။ရည်းစားရတဲ့အချိန် အဆင်ပြေအောင် ကြိုပြီးဖတ်ထားကြနော်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။





    in Mental Health
    ခြေကုန်လက်ပန်းကျနေပြီလား