Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

မေမေက နွားနို့သောက်ရင် ဗိုက်ထဲက ကလေးလေးက အသားဖြူ‌စေလား

  • All Blogs
  • Maternity And Child Care
  • မေမေက နွားနို့သောက်ရင် ဗိုက်ထဲက ကလေးလေးက အသားဖြူ‌စေလား
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone

    မေမေက နွားနို့သောက်ရင် ဗိုက်ထဲက ကလေးလေးက အသားဖြူ‌စေလား


    အနောက်နိုင်ငံတွေမှာ အသားညိုအောင် နေလောင်ခံနေကြတဲ့အချိန်မှာ အရှေ့တိုင်းသားတို့အတွက်ကတော့ အသားဖြူရင် ကြည့်လို့ကောင်းတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားနေတုန်းပါပဲ။ဒါကြောင့်မို့ အရွယ်ရောက်တဲ့မိန်းကလေး၊ ယောက်ျားလေးအကုန်လုံးက အသားဖြူအောင် whitening drip သွင်းခြင်း၊body lotion လိမ်းခြင်းနဲ့ ကြိုးစားနေကြတဲ့အချိန်မှာ အပြင်လောကကိုတောင် မထွက်လာသေးတဲ့ ဗိုက်ထဲက ကလေးလေးကိုလည်း မွေးလာရင် အသားဖြူနေအောင် မေမေတို့ ကြံဆောင်ကြပြန်ပါတယ်။


    ကလေးရဲ့အသားအရည်က နဂိုမိခင်နဲ့ဖခင်ရဲ့မျိုးရိုးကိုလိုက်ပြီး မွေးလာတာဖြစ်တဲ့အတွက် လူမည်းမိဘ၂ ပါးကနေ လူဖြူကလေးလေးမွေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ဒါပေမယ့် ကျွန်မတို့အရှေ့တောင်အာရှအသားအရည် ဝါညက်ညက်လေးတွေရဲ့ ကလေးတွေကတော့ အသားအရောင် စိုစိုလင်းလင်းလေးဖြစ်အောင် ကိုယ်ဝန်ဆောင် မေမေတို့ လုပ်ဆောင်လို့ရတဲ့ အချက်တွေရှိပါတယ်။


    (၁)အရည်ရွှမ်းတဲ့အသီးအနှံတွေ များများစားပေးရပါမယ်။


    (၂)Vitamin A,C,E နဲ့ omega 3 ပါဝင်တဲ့ သစ်သီးဝလံ၊အစေ့အဆန်တွေလည်း စားသုံးရပါမယ်။ 


    (၃)ကိုယ်ဝန်ဆောင်ကာလစိတ်ဖိစီးတာက ကလေးအသားရည်ပိုညိုတတ်တဲ့ဆိုတဲ့ လေ့လာမှုရှိတဲ့အတွက် တရားထိုင်ခြင်း၊အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ဝါသနာပါရာ တခုခုကိုအာရုံစိုက်ခြင်းဖြင့် စိတ်ဖိစီးမှု လျှော့ချသင့်ပါတယ်။


    (၄)ကိုယ်ဝန်ဆောင်မေမေကို SPF 30 နဲ့အထက်နေရောင်ခြည်တွေ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပါမယ်။မဖြစ်မနေဆိုရင် နေလောင်ကာခရင်မ် လူးပြီးမှ အပြင်ထွက်ပါ။


    (၅)အရက်၊ဆေးလိပ်၊ကွမ်းနဲ့ မူးယစ်ဆေးတွေကတော့ လုံးဝကိုရှောင်ရမှာပါနော်။


    (၆)ကိုယ်ဝန်ဆောင်မိခင်အဝလွန်ခြင်းက ဟော်မုန်းမညီမျှဖြစ်ပြီး ကလေးအသားအရောင်ကို ထိခိုက်စေနိုင်တဲ့အတွက် ကိုယ်အလေးချိန်ကိုပုံမှန်ဖြစ်အောင် စားသောက်နေထိုင်သင့်ပါတယ်။


    (၇)ညဖက်ကို ၆-၈ နာရီကြာ အိပ်ခြင်းက စိတ်​အေးချမ်းစေတဲ့အတွက် ဗိုက်ထဲကကလေးအသားအရည်လှပစေရေး အဓိကအထောက်အကူပြုပါတယ်။


    "နွားနို့သောက်ရင် ဗိုက်ထဲက ကလေးအသားဖြူတယ်" ဆိုတဲ့အယူအဆ က ဘယ်ထဲက လက်ဆင့်ကမ်းလာကြလဲမသိပေမယ့် တကယ်တမ်းတော့ အသားမဖြူစေပါဘူး။ဒါပေမယ့် ဗိုက်ထဲကကလေးနဲ့ ကိုယ်ဝန်ဆောင်မေမေရဲ့ အရိုးတွေကို သန်စွမ်းစေတဲ့အတွက် သောက်ရင်လည်း အကျိုးမယုတ်ပါဘူး။ကလေးအသားဖြူချင်ရင်တော့ ခုဖော်ပြထားတဲ့နည်းလမ်းလေးတွေကို လုပ်ကြည့်ကြရအောင်လား မေမေဗိုက်တို့ရေ။



    in Maternity And Child Care
    မွေးကင်းစကလေးတို့ နွေရာသီ မိတ်ထသောအခါ