Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

မွေးကင်းစကလေးတို့ နွေရာသီ မိတ်ထသောအခါ

  • All Blogs
  • Maternity And Child Care
  • မွေးကင်းစကလေးတို့ နွေရာသီ မိတ်ထသောအခါ
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone

    မွေးကင်းစကလေးတို့ နွေရာသီ မိတ်ထသောအခါ


    ဒီနှစ်နွေရာသီ က အရင်နှစ်တွေထက်စာရင် တော်တော်ကိုပူပြင်းတဲ့ကာလတခုဖြစ်ပါတယ်။ဒီကြားထဲ မီး က မမှန်တော့ အသက်ကြီးသူတွေ၊နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေဆိုရင် အပူချိန်မညီမျှမှုကြောင့် အပူလျှပ်တာ ဖြစ်တတ်ကြပါသေးတယ်။လူကြီးတွေတောင် နေပူဒဏ်ကို ဒီလောက်အလူးအလဲခံစားနေရရင် မွေးကင်းစကလေးတွေ ဆိုရင်ရော….


    မေမေ့ဗိုက်ထဲမှာ ၉ လလုံး အပူအပင်မရှိ ၊အေးအေးချမ်းချမ်း နေလာခဲ့ကြတဲ့ ပူတူတူးလေးတွေဟာ နွေရဲ့အပူဒဏ်ကို မခံနိုင်လို့ မွေးကင်းစမှာတင် မိတ်ပေါက်တတ်ကြပါတယ်။မိတ် က ကလေးတင်မကဘူး၊လူကြီးတွေလည်း ပေါက်ဖူးကြတယ်မို့လား။အရမ်းယားပြီးတော့ ခံရခက်တဲ့ အပြင်လိုက် အဖုအဖုလေးတွေပဲ ဖြစ်ပါတယ်။အခန်းတွင်း temperature က အေးနေရင် အဆင်ပြေပေမယ့် မီးပျက် ပူလောင် အိုက်စက်တဲ့အခါ မွေးကင်းစလေးတွေလည်း မအိပ်နိုင်၊နို့မစို့နိုင် မိတ်ရဲ့ဝေဒနာကို ခံစားလာကြရပါပြီ။


    မိတ်ဖုဆိုတာ အရေပြားပေါ်မှာရှိတဲ့ ချွေးဂလင်းပြွန်တွေ ပိတ်ဆို့တာကြောင့် ဖြစ်လာရတာဖြစ်ပါတယ်။အဓိကအားဖြင့် ပူလောင်စိုစွတ်တဲ့အခြေအနေတွေမှာ ဖြစ်ပါများပြီး နဖူး၊မျက်နှာ၊လည်ပင်း၊ပုခုံးနဲ့ ကျောပြင်တွေမှာ အဖြစ်များပါတယ်။အမြဲတမ်းချွေးစိုနေတဲ့အခါ ဒါမှမဟုတ် မိတ်ဖုနေရာတွေကို အဝတ်တွေ၊အနှီးတွေနဲ့ ထိမိတဲ့အခါ ဆွသလို ဖြစ်ပြီး ပိုယားလာတတ်ပါတယ်။မွေးပြီး တပတ်အတွင်းမှာပဲ အပူအအေးမမျှတမှုကြောင့် ပူတူတူးလေးတွေ မိတ်ဖု ပေါက်ခြင်းဒဏ်ကို ကြုံတွေ့ရနိုင်ပါတယ်။


    ဒီလို မွေးကင်းစကလေးတွေ၊လေးဖက်ထောက်အရွယ်တွေ မိတ်ဖု ပေါက်ရင် မေမေတွေ၊ဖွားဖွားတွေ က စိတ်ပူပြီး တခုခု လိမ်းပေးဖို့ ကြိုးစားကြပါတော့တယ်။တချို့ကျတော့ သနပ်ခါး၊တချို့ကတော့ ဗမာဆေးလူးဆေးတွေ လိမ်းကြတာပေါ့။ဒီလို လိမ်းတာ က ကလေးရဲ့ မိတ်ဖုလေးတွေကို ပိုဆွသလို ဖြစ်စေလို့ မလုပ်ရဘူးနော်။လုပ်တဲ့အခါ မိတ်ဖုကနေ ပြည်ဖုလေးတွေ အဖြစ်ပြောင်းပြီး ပိုးဝင်တတ်ပါတယ်။တကယ်တော့လေ မိတ်ထွက်တာဟာ ပုံမှန်အားဖြင့် အထူးတလည်ကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားလေ့ရှိပါတယ်။


    မိတ်ပေါက်တဲ့ မွေးကင်းစကလေးကို အနှီးအထပ်ထပ်နဲ့ထုပ်တာ၊ပုခက်ထဲ တချိန်လုံးလှောင်ပိတ်နေအောင် ထည့်ထားတာ မလုပ်သင့်ပါဘူး။ဖေဖေ၊မေမေတို့လည်း စိတ်ပူတယ်၊ကလေးမှာလည်း မိတ်ဖုတွေအရမ်းများပြီး အိပ်ရခက်၊နို့စို့ရခက်နေရင်တော့ ကလေးဆရာဝန်နဲ့သေချာပြသပေးပြီး လိမ်းဆေးလေးတွေ လိမ်းလို့ရပါတယ်။ဒါပေမယ့် ဆေးတွေက အတိုင်းအဆပမာဏရှိတာမို့ ကိုယ့်သဘောနဲ့ကိုယ် မလိမ်းဖို့တော့ အဓိက တားမြစ်ချင်ပါတယ်ရှင်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/childကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Maternity And Child Care
    ဘေဘီလေး နဲ့ အာလူး