Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဘေဘီလေး နဲ့ အာလူး

  • All Blogs
  • Maternity And Child Care
  • ဘေဘီလေး နဲ့ အာလူး
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone

    ဘေဘီလေးနဲ့ အာလူး


    စာဖတ်သူထဲမှာ အာလူးကြိုက်တဲ့သူများ ရှိပါသလား။အာလူးထောင်း၊အာလူးချက် က စလို့ အာလူးကြော်အထိ အာလူးဟာ ကျွန်မတို့ရဲ့ နေ့စဉ်အစားအစာထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။အာလူးဟာ အာဟာရပြည့်ပြီး ဗိုက်ဝလွယ်တဲ့အတွက် လူကြိုက်များတာတော့ မဆန်းလှပါဘူး။

    အာလူးကြိုက်တဲ့ ဖေဖေ၊မေမေတို့ကလည်း သားသား၊မီးမီးလေးတွေကို အာလူး စမ်းပြီးကျွေးချင်ကြပါတယ်။ကျွေးချင်ပေမယ့် ဓာတ်မတည့်မှာ၊အစာမကြေဖြစ်မှာ၊မျိုချတဲ့အချိန် နင်သွားမှာ မိဘတွေအနေနဲ့ စိုးရိမ်ကြပါတယ်။ဒါကြောင့်မို့ ဘေဘီလေးတွေကို အာလူးကျွေးလို့ရရဲ့လား။သူ့ရဲ့ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာရှိမလဲ။အသက်ဘယ်လောက်က စ ကျွေးလို့ရမလဲဆိုတဲ့အကြောင်းကို မျှဝေပေးချင်ပါတယ်။

    ဘေဘီလေးတွေကို မိခင်နို့ချို တမျိုးပဲ မွေးကင်းစကနေ တိုက်ကျွေးနေရာမှ အသက် ၆ လပြည့်တဲ့အခါ ဖြည့်စွက်စာ စကျွေးကြပါပြီ။ဖြည့်စွက်စာကျွေးတဲ့အခါ ကြေအောင်ချေထားတဲ့အစာ၊မိခင်နို့ရည်နဲ့ ပုံစံတူ အရည်ပျစ်ပျစ်တွေကို ၃/၄ ရက်တခါ အစာအသစ် စမ်းစမ်းကျွေးလေ့ရှိကြပါတယ်။ဒီလိုအချိန်မှာ အာလူးကို တခြားအစာတွေနဲ့ ရောပြီး စမ်းကျွေးလို့ရပါတယ်။ဒါကြောင့်မို့ အသက်အရွယ်အားဖြင့်တော့ ဖြည့်စွက်စာ စကျွေးတဲ့ အသက် ၆ လမှာ ဘေဘီလေးတွေကို အာလူး စကျွေးလို့ရပါပြီ။

    အာလူးဟာ ကစီဓာတ်များစွာပြည့်ဝတဲ့ အာဟာရတန်ဖိုးများတဲ့အစားအစာတခုလည်းဖြစ်ပါတယ်။Folate, Iron, Zinc, Vitamin B 6 နဲ့ Vitamin C တွေပါဝင်တဲ့အတွက် ခုခံအားကိုတိုးပွါးစေပြီး ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးပါတယ်။Choline ပါတဲ့အတွက်ကြောင့် ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့အတွက် မှတ်ဉာဏ်စွမ်းအားကောင်းစေပြီး ဉာဏ်ရည်တိုးတက်စေပါတယ်။အူလမ်းကြောင်းတလျှောက်ကကောင်းမွန်တဲ့ပိုးမွှားများကိုတိုးပွါးစေလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

    ဘေဘီလေးတွေကို အာလူးကိုကျွေးတဲ့အခါ အတုံးလိုက်ကျွေးတာထက်စာရင် အရည်ပုံစံနဲ့ ချေထားတဲ့ပုံစံနဲ့သာ စကျွေးသင့်ပါတယ်။အာလူးနဲ့ ဓာတ်မတည့်တာကရှားပေမယ့် အာလူးရဲ့အမဲစက်လေးတွေကို ပြောင်အောင်သန့်စင်ပြီးမှ ကျွေးရပါမယ်။နှင်းခူရောဂါရှိတဲ့ ဘေဘီလေးတွေကိုတော့ တည့်၊မတည့် အထူးဂရုပြုပြီး ကျွေးသင့်ပါတယ်။အာဟာရတန်ဖိုးများစွာပါတဲ့ အာလူးကို လူကြီးတွေသာမက ဘေဘီလေးတွေပါ ကြိုက်မှာ အသေအချာပဲမို့ စမ်းကျွေးကြည့်သင့်ပါတယ်နော်။



    in Maternity And Child Care
    ကိုယ်ဝန်ဆောင်ချိန် Gym ဆော့လို့ရလား?