Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

နို့သီးခေါင်းလေးတွေ အက်ကွဲတတ်တဲ့မေမေတို့အတွက်

  • All Blogs
  • Maternity And Child Care
  • နို့သီးခေါင်းလေးတွေ အက်ကွဲတတ်တဲ့မေမေတို့အတွက်
  • 2023- ဇန်နဝါရီ 5 by
    Dr.Phyo

    မင်္ဂလာပါ မေမေတို့ရေ...
    နို့တိုက်ခါစ မေမေသစ်တို့အနေနဲ့ ပထမပတ်မှာ သားမြတ်ထိပ် နာတာ၊ အက်တာတွေ ကြုံတွေ့နေရပါသလား။ ဒါဟာ ကလေးကို နို့တိုက်တဲ့အနေအထားမမှန်တာ၊ ကလေးနို့ငုံပုံ မမှန်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။
    ထို့အပြင် ကလေးကို မွေးခါစကတည်းက ချိုလိမ်တွေ ပေးစုပ်ထားတာကြောင့် ကလေးဟာ နို့သီးခေါင်းအစစ်နှင့် အတုကို ကောင်းကောင်း မခွဲခြားနိုင်ဘဲ နို့စို့ပုံ မှားယွင်းနေတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
    နို့သီးခေါင်းကွဲအက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ?


    1. နို့သီးခေါင်းလေးတွေ နာလာမယ်
    2. သွေးနည်းနည်း စိမ့်ထွက်မယ် (သို့) သွေးတော်တော် ထွက်လာမယ်
    3. ကိုက်လာမယ်
    4. နို့သီးခေါင်းကွဲမယ်
     
    ဘယ်လို ကာကွယ်လို့ရပါသလဲ ?


    နို့သီးခေါင်း နာကျင်နေပေမယ့်လည်း ကလေးကို နို့ဆက်တိုက်ပါ။ ပြောင်းလဲရမှာက နို့တိုက်ပုံ တိုက်နည်း ဖြစ်ပါတယ်။ 
    ကလေးရဲ့ပါးစပ်ဟာ သားမြတ်အဝိုင်းကို ကောင်းကောင်း ငုံမိပါစေ။ နို့တိုက်ပုံ မှန်လာတဲ့အခါ နာကျင်တာမျိုးမရှိတော့ဘဲ အနာကျက်လာပါလိမ့်မယ်။ 
    နို့တိုက်ပြီးတိုင်း နို့သီးခေါင်းတစ်ဝိုက်ကို ခြောက်သွေ့နေဖို့ ဂရုစိုက်ပေးပါနော် မေမေတို့ရေ။


    အနာပျောက်ဖို့ ဘယ်လောက်ကြာပါသလဲ ?


    နို့သီးခေါင်း အပေါ်ယံလောက်ပဲ ဖြစ်တယ်ဆိုရင် နာရီပိုင်း (သို့) ရက်ပိုင်းအတွင်း သက်သာပါတယ်။ အကယ်၍ တော်တော်ကို ကွဲအက်ပြီး အနာဖြစ်သွားရင်တော့ (၂) ပတ်ကနေ (၃) ပတ်အထိ အနာကျက်ချိန် ကြာနိုင်ပါတယ်။
     
    သက်သာအောင် ဘယ်လိုလုပ်ရမလဲ ?


    1. လတ်လတ်ဆတ်ဆတ်နို့ရည် သုတ်လိမ်းပေးပါ။
    2. သိပ်အပူကြီးမဟုတ်တဲ့ ရေနွေးအိတ်ကို မိနစ်အနည်းငယ်ကြာ ကပ်ပေးပါ။
    3. ကလေးနို့တိုက်ပြီးတိုင်း တစ်မိနစ်လောက် ဆားရည်နဲ့ စိမ်ပေးပါ။
    4. နို့သီးခေါင်းပြဿနာတွေအတွက် ထုတ်ထားတဲ့ဆေးတွေ လိမ်းပေးပါ။
    5. Nursing Pads (နို့ခံ) ကို အချိန်အကြာကြီးမသုံးဘဲ မကြာမကြာ လဲပေးတာတို့ လုပ်ပေးလျှင် သက်သာနိုင်ပါတယ်။

    in Maternity And Child Care
    COVID-19 ကာလမှာ ကိုယ်ဝန်ဆောင်ရမည်ဆိုလျှင်
    Pregnancy and Covid 19