Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကလေးတက်လျှင်

တစ်ခါဖျားရင် အကြိမ်ပေါင်းများစွာ တက်တယ်၊ ဖျားတိုင်းလဲ တက်တယ်၊ တခါတလေ မဖျားဘဲလဲ တက်တယ်၊ တက်ပုံတက်နည်းအစုံနဲ့ တက်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
  • All Blogs
  • Maternity And Child Care
  • ကလေးတက်လျှင်
  • 2023- ဖေဖော်ဝါရီ 14 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    ကလေးအယောက်(၁၀၀)မှာ (၃၀)လောက်က အဖျားကြီးပြီးတက်တတ်ကြပါတယ်။ ကလေးလေးတွေတက်ရင် ထူပူပြီးပြာသွားတာမျိုးမဖြစ်ဘဲ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကလေးရှိတဲ့တိုင်းသူတိုင်း ဖတ်ကိုဖတ်ထားသင့်ပါတယ်။ 

    တက်တတ်တဲ့ ကလေးတွေကို ကြည့်ရင် များသောအားဖြင့် 

    အဖျားကြီးလို့ တက်တာ 
    အတက်ရောဂါရှိနေတာ
    ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတစ်ခုခုကြောင့်တက်တာ (ဥပမာ-ဦးနှောက်အမြှေးရောင်ရောဂါ) တို့ကြောင့် ဖြစ်တတ်ပါတယ်။ 

    ကလေးအဖျားကြီးလို့ တက်တာက အဖြစ်များပြီး အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် တစ်ခါဖျားရင် အကြိမ်ပေါင်းများစွာ တက်တယ်၊ ဖျားတိုင်းလဲ တက်တယ်၊ တခါတလေ မဖျားဘဲလဲ တက်တယ်၊ တက်ပုံတက်နည်းအစုံနဲ့ တက်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ 

    ကလေးတက်နေရင် မလုပ်သင့်တဲ့အရာများ 

    ကလေးနားမှာ ၀ိုင်းအုံတာ၊ အပေါ်ကတက်ဖိတာ၊ ခြေမချိုးတာတွေ မလုပ်ပါနဲ့
    တက်နေတာကို ထိန်းဖို့၊ ရပ်ဖို့ မကြိုးစားပါနဲ့၊ ချုပ်ထားတာမျိုးတွေ မလုပ်ပါနဲ့
    ပါးစပ်ထဲဘာမှမထည့်ပါနဲ့၊ အသက်ရှုလမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်

    ကလေးတက်နေရင် လုပ်သင့်တဲ့အရာများ 

    တက်တဲ့ကြာချိန်နဲ့ လက္ခဏာတွေကို မှတ်ထားပါ
    တံတွေးသီးပြီး အသက်ရှုလမ်းကြောင်းပိတ်တာမျိုးမဖြစ်အောင် ဘေးစောင်းထားပါ
    ပါးစပ်မှာ အန်ဖတ်တွေရှိနေရင် ဖယ်ရှားပေးပါ
    ကလေးနားမှာရှိတဲ့ ချွန်တဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ပါ
    ခေါင်းအောက်ကို တစ်ခုခုခံထားပါ
    လည်ပင်းကျပ်နေတာမျိုးမဖြစ်အောင် အင်္ကျီကိုချောင်ချိအောင်ထားပေးပါ 

    တက်တဲ့ပုံစံကို အတိအကျသိနိုင်ဖို့အတွက် ဖြစ်နိုင်ရင် ဗီဒီယိုရိုက်ထားပါ။ ကလေးတစ်ယောက်တက်ရင် များသောအားဖြင့် (၄-၅)မိနစ် ကြာတတ်ပါတယ်။ တက်ပြီးရင်လဲ ခဏအိပ်ပျော်သွားတတ်ပါတယ်။ အတင်းနိုးဖို့မကြိုးစားပါနဲ့။ 

    (၅)မိနစ်ကျော်တဲ့ထိ အတက်မကျတာ၊ တက်တာရပ်သွားပေမယ့် သတိပြန်မလည်လာတာ၊ နောက်တစ်ကြိမ် ထပ်တက်တာမျိုးဖြစ်ရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးပြသပါ။ 

    ကလေးဦးနှောက်နှင့် အာရုံကြောအထူးကုသမားတော်ဆရာဝန်ကြီးဖြင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုပါက ဒီလင့်ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 















    .   .

    in Maternity And Child Care
    သွေးဆုံးခါနီး သတိပြုစရာ လက္ခဏာများ
    Menopause (မီးယပ်​သွေးဆုံးခြင်း) လို့ ​ဝေါဟာရတစ်ခုတည်းနဲ့သုံးနှုံးကြတယ်ဆို​ပေမယ့် ​ဆေးပညာအရဆိုရင်​တော့ မီးယပ်​သွေးဆုံးခြင်းကို အပိုင်းအခြား (၃)ခု ထပ်မံ ခွဲခြားထားပါတယ်။