Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကိုယ်ဝန်လနုစဉ်ဆောင်ရန်ရှောင်ရန်များ

  • All Blogs
  • Maternity And Child Care
  • ကိုယ်ဝန်လနုစဉ်ဆောင်ရန်ရှောင်ရန်များ
  • 2024- နိုဝင်ဘာ 18 by
    Hsu Pyae Sone
    ကိုယ်ဝန်လနုစဉ် ဆောင်ရန် ရှောင်ရန်များ


    “သားသမီးဆိုတာ ရတနာ” ဟု ကျွန်မတို့မြန်မာလူမျိုးတွေသတ်မှတ်ထားကြတဲ့အတိုင်းပဲ အိမ်ထောင်ပြုပြီးတဲ့အခါ အိမ်ရဲ့ဆည်းလည်း သားသားမီးမီးလေးတွေတိုးပွါးလာအောင် ကလေးယူကြသူများပါတယ်။ဒီလိုမျိုး ကလေးယူတဲ့အခါ ၉ လတာမှာ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဆောင်ရန်၊ရှောင်ရန်များကို သေချာဂရုတစိုက်နဲ့လိုက်နာဖို့ကလည်း အရေးကြီးလှပါတယ်။

    ကျန်းမာသန်စွမ်းတဲ့မိခင်လောင်းလေးဖြစ်လာစေရေးအတွက် ကိုယ်ဝန်ဆောင်ကနဦးပိုင်းထဲက စတင်ပြီး လုပ်ဆောင်သင့်တဲ့အရာများရှိပါတယ်။ပထမဆုံးအနေနဲ့ ရေများများသောက်ပါ။ဂတ်စ်ပါတဲ့အအေးများ၊အချိုရည်များနဲ့ကော်ဖီတို့ ကိုတော့ရှောင်ရှားသင့်ပါတယ်။ပဲအမျိုးမျိုး၊သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်နဲ့ ပူနွေးသောအစားအစာတွေကို အာဟာရပြည့်ဝမျှတအောင်စားဖို့က အဓိကဖြစ်ပါတယ်။ဒါပေမယ့်အကင်တွေ၊အသားစိမ်း၊ငါးစိမ်းပင်လယ်စာအစိမ်း ဆူရှီတွေနဲ့ကြက်ဥအစိမ်းတွေကိုတော့ ရောဂါပိုးမွှားကူးစက်မှုမြင့်တက်စေတဲ့အတွက် ကိုယ်ဝန်လနုစဉ်မှာ ရှောင်ရှားသင့်ပါတယိ။

    ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကလေးတခုခုဖြစ်မှာစိုးတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်းနေထိုင်ခြင်း၊အလေးအပင်မခြင်းတို့ကိုဆင်ခြင်ခိုင်းလေ့ရှိပါတယ်။ဒီအခါမှာ တော်တော်များများကကြောက်လန့်တကြား မလှုပ်မရှားဘဲအိပ်ရာပေါ်မှာပဲခွေနေလေ့ရှိပါတယ်။ဗိုက်ထဲက ကလေးကြီးထွားစေရေးအတွက် မိခင်လောင်းကလည်း အပျော့စားကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ လမ်းလျှောက်ခြင်းတို့ကို တနေ့နာရီဝက်ခန့်လုပ်ပေးသင့်ပါတယ်။

    အရေးအကြီးဆုံးကတော့ ကြောင်မစင်များကျုံးခြင်း၊ဓာတုပစ္စည်းများပါတဲ့ အိမ်သန့်ရှင်းရေးပစ္စည်းများဖြင့်သန့်ရှင်းရေးလုပ်ခြင်း၊ချွေးထုတ်ခန်းသွားခြင်းနဲ့ဆေးလိပ်၊အရက်များသောက်သုံးခြင်းကိုတော့မဖြစ်မနေရှောင်ကြဉ်သင့်ပါတယ်။ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်တော့ မေမေရော ကလေးပါ ကျန်းမာသန်စွမ်းစွာနဲ့ကိုယ်ဝန်ဆောင်ကာလ ၉လတာခရီးကိုအေးဆေးစွာဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။

    ဒါ့အပြင် My-Medicine မှာ 2024နှစ်ကုန်ထိ သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ပြသပါက 20% ထိသက်သာခွင့်ရရှိမှာပဲဖြစ်ပါတယ်။

    သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ပြသရန် - https://mymedicine.com.mm/r/OGNov 

    in Maternity And Child Care
    သားသားမီးမီးတို့ရဲ့ စိတ်လေးကျန်းမာနေအောင်