Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

လတ်တလော အဖြစ်များနေတဲ့ ကလေး လေပြွန်ရောင် ကူးစက်ရောဂါ

  • All Blogs
  • Maternity And Child Care
  • လတ်တလော အဖြစ်များနေတဲ့ ကလေး လေပြွန်ရောင် ကူးစက်ရောဂါ
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone

    လတ်တလော အဖြစ်များနေတဲ့ ကလေး လေပြွန်ရောင် ကူးစက်ရောဂါ 


    အခုရက်ပိုင်း မိဘတွေအားလုံး စိတ်ပူနေရတဲ့ ကလေး လေပြွန်ရောင် ကူးစက်ရောဂါ (Bronchitis) နဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ မျှဝေပေးပါရစေ…

    ကလေးငယ်တွေမှာ အခုတလော ကူးစက်နေတဲ့ လေပြွန်ရောင်ရောဂါက ဗိုင်းရပ်စ်ကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ အသက်ရှူတဲ့အခါ၊ ဖျားနာတဲ့သူနဲ့ ထိတွေ့မိတဲ့အခါတွေမှာ ကူးစက်နိုင်ချေ အများဆုံးပါ။


    ဒါကြောင့် ကူးစက်နိုင်ချေကို အတတ်နိုင်ဆုံး လျှော့ချဖို့ သားသားမီးမီးတို့ကို -

    ▪️ အအေးမိ၊ တုပ်ကွေးမိနေတဲ့သူတွေနား မကပ်မိပါစေနဲ့

    ▪️ လက်တွေကို ပုံမှန် ဆေးကြောပေးပါ 

    ▪️ မျက်လုံး၊ နှာခေါင်းနဲ့ နှုတ်ခမ်းတို့ကို ခဏခဏ မကိုင်မိပါစေနဲ့

    ▪️ ကိုယ်ခံအားကောင်းနေဖို့ ကောင်းကောင်းအိပ် ကောင်းကောင်းစားခိုင်းပါ

    ▪️ တုပ်ကွေးနဲ့ ကိုဗစ်တို့ နောက်ဆက်တွဲကြောင့်လည်း လေပြွန်ရောင်တတ်တာမလို့ တုပ်ကွေးကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး‌တို့ကို အချိန်မီထိုးပေးဖို့လည်း အရေးကြီးပါတယ်


    လေပြွန်ရောင်ရောဂါ ကူးစက်မိပြီဆိုရင်တော့ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

    ▪️ တစ်ပတ်လောက်အထိ အဖျား တက်လိုက်ကျလိုက် ဖြစ်နေမယ်

    ▪️ အသံတွေဝင်သွားတဲ့အထိ ချောင်းတွေ ဆက်တိုက် ဆိုးမယ်

    ▪️ အောက်ဆီဂျင်တွေ ကျမယ်

    ▪️ အစာသိပ်မဝင်တော့ဘဲ နုံးခွေကျသွားမယ်


    ပြောရရင်တော့ လေပြွန်ရောင်တာက ကလေးငယ်တွေအတွက် အရမ်းခံရခက်တဲ့ အခြေအနေတစ်ခုပါ။

    ချောင်းတွေဆက်တိုက်ဆိုးနေလို့ သားသားမီးမီးတို့အတွက် စိတ်မကောင်းဖြစ်ရတဲ့အပြင် အစာမဝင်တဲ့အခါ ကိုယ်ခံအားတွေနည်းပြီး အခြားရောဂါပိုးတွေ ထပ်ကူးစက်လာမှာလည်း ကြောက်ရပါသေးတယ်…ဒါကြောင့်မလို့ သားသားမီးမီးတို့ကို မကူးစက်မိစေဖို့ အထူးဂရုပြုပေးစေလိုပါတယ်။

    အခုလို ကူးစက်အန္တရာယ်ကို အရမ်းစိုးရိမ်နေရတဲ့ ကာလမျိုးမှာ ကလေးငယ်က ဖျားနာပြီး လေပြွန်ရောင်ရောဂါရဲ့ လက္ခဏာအချို့ စပြနေပြီဆိုရင်လည်း တွန့်ဆုတ်မနေဘဲ အနီးစပ်ဆုံး ဆေးရုံဆေးခန်းမှာ ဆရာဝန်တွေနဲ့ တန်းပြပေးစေလိုပါတယ်။

    စောစောစီးစီး ကြိုတင်သိရှိထားမှသာ သားသားမီးမီးတို့လည်း မလိုလားအပ်တဲ့ လက္ခဏာတွေကို ခံစားနေစရာမလိုတော့ဘဲ မြန်မြန်နာလန်ထူနိုင်မှာ မလို့ပါ။

    ————————————————————————

    တကယ်လို့ သားသားမီးမီးတို့ ခံစားနေရတဲ့ လက္ခဏာတွေက သာမန်တုပ်ကွေးပဲလား၊ လေပြွန်ရောင်တာလား မသဲကွဲနေလို့ ဆရာဝန်ပြချင်ပေမယ့် ချက်ချင်း ဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေသေးဘူးဆိုရင်တော့ My-Medicine မှာ ကလေးအထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းကနေလဲ တိုင်ပင်နိုင်တယ်နော်။

    လူတွေအများကြီးကြားထဲ တန်းစီစောင့်စရာမလိုတဲ့အပြင် ကိုယ်ပြချင်တဲ့အချိန်မှာ booking လုပ်ပြီး အိမ်ထဲကနေပဲ ဆေးခန်းပြရုံပဲဆိုတော့ အခုလို ရောဂါပိုးတွေ ကူးစက်လွယ်နေတဲ့ ကာလမျိုးအတွက် အဆင်အပြေဆုံး နည်းလမ်းတစ်ခုပါ။ကဲဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

    ဆေးခန်းပြသလိုပါက https://mymedicine.com.mm/r/childဒီလင့်ကိုနှိပ်၍ ရက်ချိန်းရယူလို့ရသလို ဖုန်းနံပါတ် 5588 နဲ့ 09779995588 သို့ ဆက်သွယ်မေးမြန်း စုံစမ်းလို့လဲရပါတယ်။


    in Maternity And Child Care
    မေမေက နွားနို့သောက်ရင် ဗိုက်ထဲက ကလေးလေးက အသားဖြူ‌စေလား