Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကလေးက ဝတိုင်းချစ်စရာကောင်းလား

  • All Blogs
  • Maternity And Child Care
  • ကလေးက ဝတိုင်းချစ်စရာကောင်းလား
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone

     ကလေးကဝတိုင်း ချစ်စရာကောင်းလား


    ကျွန်မတို့မြန်မာလူမျိုးတွေရဲ့ ထုံးစံအရ ကလေးလေးတစ်ယောက်က ဝဝကစ်ကစ်လေးဆိုရင် “ဟယ်ချစ်စရာလေး" "တုတ်ခိုင်နေတာပဲ၊ကျန်းမာလိုက်တာ" လို့ ပြောလေ့ရှိကြပါတယ်။တကယ်ပဲ ကလေးဝတုတ်လေးတွေဟာ ပါးစုံလေးတွေရဲပြီး မျက်နှာဖောင်းဖောင်းလေးတွေနဲ့မို့ လူတိုင်းအမြင်မှာ ချစ်စရာ၊အသည်းယားစရလေး ဖြစ်နေတာပေါ့။

    ဒါပေမယ့် ယနေ့ခေတ်ကျန်းမာရေးရှူထောင့်အရ ကလေးတွေ ဝတုတ်လေး ဖြစ်နေပြီဆိုရင် မေမေတို့ စိုးရိမ်လာကြပြန်ပါတယ်။ကျွန်မတို့ ပိုင်းခြားပြီး ပြောရမယ်ဆိုရင် ရှေးဦးစွာအနေနဲ့ မွေးထဲက ကလေး က ဝနေတာလား။ဒါဆိုရင်တော့ မေမေ့ဆီမှာ ကိုယ်ဝန်ဆောင်ဆီးချို ဒါမှမဟုတ် လည်ပင်းဟော်မုန်းရောဂါတခုခုရှိနေလား ဆန်းစစ်ကြည့်ရပါမယ်။မေမေတို့ဆီမှာ ဒီရောဂါတွေရှိရင် မွေးစထဲက ကလေးလေးတွေကို သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းသိုင်းရွိုက်ဟော်မုန်းဓာတ်ကို စစ်ဆေးပေးလေ့ရှိပါတယ်။

    ဒုတိယတချက်အနေနဲ့ မေမေ ဟာ အသား၊ငါး၊ဟင်းသီးဟင်းရွက် ကို မျှတအောင်မစားရင် vitamin B1 ချို့တဲ့နိုင်တဲ့အတွက် မေမေ့နို့ကို သောက်ရတဲ့ သားသား မီးမီးတွေမှာလည်း အာဟာရဓာတ် မလုံလောက်လို့ ဝတာမဟုတ်ဘဲ ဖောဖောလေး ဖြစ်နေနိုင်ပါတယ်။ဒီလိုကလေးတွေမှာဆိုရင် သာမန်အားဖြင့် ဝတယ်လို့ထင်ရပေမယ့် နို့စို့ရင်း ကလေးမောနေတာမျိုးကိုပါ တွေ့ကြရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ ကလေးဖြည့်စွက်စာစားတဲ့အရွယ်ရောက်ရင်လည်း ထမင်းနဲ့ဆီနဲ့ဆားပဲ ကျွေးတာ မလုပ်ဘဲ သင့်တင့်မျှတအောင် ကျွေးပေးရပါမယ်။

    နဂိုထဲက မိဘမျိုးရိုးမိသားစု က အဝလွန်နေတာဆိုရင်လည်း ကလေးလေး က ဝ တတ်ပါတယ်။လူကြီးတွေ အဝလွန်ရင် ရောဂါလို့ သတ်မှတ်တတ်ကြသလို ကလေး အဝလွန်နေရင်လည်း ရောဂါအဖြစ်သတ်မှတ်ရပါမယ်။ငယ်ငယ်ထဲက အဝ လွန်တဲ့ ကလေးတွေဟာ တခြားရွယ်တူကလေးတွေထက်ပိုပြီး ဆီးချို၊သွေးတိုးနဲ့ သွေးတွင်းအဆီများတဲ့ရောဂါတွေ စောစောဖြစ်လေ့ရှိတာကို တွေ့ရှိရပါတယိ။

    ကလေး ထွားတာ နဲ့ ဝ တာ က မတူတဲ့အတွက် မိမိကလေးလေး က ပုံမှန်ထက် အဝလွန်နေပြီဆိုရင် တာရှည်ခံသွားရည်စာတွေကျွေးတာကို လျှော့ချသင့်ပြီး စနစ်တကျအာဟာရနဲ့ပြည့်ဝတဲ့အစားအစာနဲ့ သစ်သီးဝလံတွေကိုပဲ ကျွေးသင့်ပါတယ်။လူကြီးတွေလို အဆီချတာမျိုး တကူးတကလုပ်စရာမလိုဘဲ အစားအစာထိန်းသိမ်းမှုနဲ့ကိုယ်လက်လှုပ်ရှားပြေးလွှားကစားခိုင်းမယ်ဆိုရင်တော့ မိမိကလေးလေး က ချစ်စရာကောင်းမွန်စွာနဲ့ ကျန်းကျန်းမာမာကြီးပြင်းလာမှာ အသေအချာပါပဲရှင်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/childကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in Maternity And Child Care
    လိမ်ပြောတတ်တဲ့ ကလေးလေး မဖြစ်စေဖို့