Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကိုယ်ဝန်ဆောင်မိခင်များ မိုးရာသီမှာ သတိထားရမယ့်အချက်များ

  • All Blogs
  • Maternity And Child Care
  • ကိုယ်ဝန်ဆောင်မိခင်များ မိုးရာသီမှာ သတိထားရမယ့်အချက်များ
  • 2025- ဇူလိုင် 29 by
    Hsu Pyae Sone

    မိုးရာသီကတော့ လူကြီး လူငယ်မရွေးအတွက် အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိနိုင်တာကြောင့် သတိထားရမယ့် အချိန်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ မိခင်ရော ကလေးငယ်ရောအတွက် ရောဂါပိုးကူးစက်လွယ်တာ ချော်လဲထိခိုက်နိုင်တာအပြင် အချို့သောရောဂါတွေက မိုးရာသီဆို ပိုပြီးပြင်းထန်လာနိုင်ခြေရှိတာကြောင့် အထူးဂရုပြုရပါမယ်။

     ရောဂါပိုးမွှားတွေ အလွယ်တကူမဝင်နိုင်အောင် ကိုယ်ခံအားကောင်းဖို့ အဓိကလိုအပ်တာကြောင့် မိခင်လောင်းများဟာ ဗိုက်တာမင် စီကြွယ်ဝပြီး အချဉ်ဓါတ်ပြည့်ဝတဲ့ အစားအစာများဖြစ်တဲ့ လိမ္မော်သီး၊ မာလကာသီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး စတာတွေသေချာစားပေးပါ။ ရေများများသောက်ပါ။ လမ်းဘေးစာ၊ မသန့်ရှင်းတဲ့ ယင်နားစာ၊ လက်သုပ်စုံ၊ ပင်လယ်စာနဲ့ မကျက်တကျက်ချက်ထားတာတွေ မစားသင့်ပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပြီး ရေဓါတ်ခန်းခြောက်သွားနိုင်တာကြောင့် ကလေးရောမိခင်ရော အတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။

     ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါ အပြင် Covid-19 ရောဂါတွေပါ မိုးရာသီမှာ အဖြစ်များတာကြောင့် ကာကွယ်ဆေးများ သေချာထိုးထားသင့်ပါတယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါက ခြင်ကိုက်ခံရတာကတဆင့် ကူးစက်တာကြောင့် အင်္ကျီလက်ရှည် ဘောင်းဘီအရှည် သေချာဝတ်ပါ။ အတတ်နိုင်ဆုံး ခြင်ကိုက်မခံရအောင် နေပါ။ လူထူထပ်တဲ့နေရာတွေ သွားရင် mask နှာခေါင်းစည်း သေချာတပ်ပါ။

     ပန်းနာရင်ကျပ်ရောဂါအခံရှိတဲ့ မိခင်လောင်းတွေဟာ တုပ်ကွေးဝင်တာ၊ နှာစေးချောင်းဆိုးတာတွေရဲ့ နောက်ပိုင်းမှာ ပိုပြီးပြင်းထန်လာတတ်ပါတယ်။ ဒါကြောင့် မိမိဆရာဝန် ညွှန်ကြားထားတဲ့ ဂေါက်ဘူးရှုရတာရှိရင်လည်း နည်းစနစ်မှန်မှန်နဲ့ သေချာအချိန်မှန်ရှုဖို့ အရေးကြီးပါတယ်။

     မိုးရာသီမှာက ထိခိုက်ဒဏ်ရာရဖို့ လွယ်တာကြောင့် မိုးရေထဲ လမ်းလျှောက်တာမျိုး တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။ ချော်မလဲအောင် ဖိနပ်ကိုလည်း သက်သောင့်သက်သာဖြစ်ပြီး မချော်စေတဲ့ ဖိနပ်မျိုးရွေးချယ်စီးပါ။ ရေစိုနေတဲ့ လျှောက်လမ်းမျက်နှာပြင်မှာ အလောတကြီး မလျှောက်မိပါစေဘဲ လက်တန်းရှိပါက သေချာကိုင်ပြီး လျှောက်ပါ။ မိုးရာသီမှာ အကြောတက်တာ နုံးတာဖြစ်နိုင်တာကြောင့် ကောင်းကောင်းအနားယူပါ။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုခံစားရပါက သက်ဆိုင်ရာဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။ ဒါမှလည်း မိုးရာသီကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ 


    in Maternity And Child Care
    ကိုယ်ဝန်ဆောင်ချိန်ခံစားရတဲ့ Morning Sickness လေးတွေသက်သာစေဖို့