Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

အဖျားကျစေတဲ့ ဗောဓိညောင်ပင်

  • All Blogs
  • Herbal Medicine
  • အဖျားကျစေတဲ့ ဗောဓိညောင်ပင်
  • 2024- နိုဝင်ဘာ 18 by
    Hsu Pyae Sone
    အဖျားကျစေတဲ့ဗောဓိညောင်ပင်


    ဗောဓိညောင် ဆိုတာ ညောင်ပင်နဲ့ ခပ်ဆင်ဆင် အပင် တစ်မျိုးဖြစ်ပါတယ်။အပင်က သဖန်းပင်နဲ့ မျိုးရင်းတူပြီး အရွက်က ဝိုင်းဝိုင်း ကြီးကြီးနဲ့ ထိပ်ဖျားမှာ ရှည်မြောမြောပုံစံလေး ရှိပါတယ်။ အရွက်ကိုသေချာကြည့်ရင် သွေးကြောတွေအလား ဖြာထွက်နေတဲ့ ရွက်ကြောတွေ ကို တွေ့မြင်ရမှာ ဖြစ်ပြီး ရွက်နုစဉ်မှာတော့ ညိုဖျော့ဖျော့အရောင်ရှိကာ ရင့်လာချိန်မှာမှ အစိမ်းရောင်လေးအဖြစ် ပြောင်းသွားတတ်တာမျိုးဖြစ်ပါတယ်။

    ရှေးခေတ်ကာလကနေစပြီး ယနေ့ခေတ်အထိ ဗောဓိညောင်ပင်ရဲ့ အသုံးဝင်ပုံတွေက ပြောမကုန်နိုင်အောင် များပြားလှပါတယ်။ဗောဓိညောင်ပင်မှာ အရွက်တင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အခေါက်၊ ပင်စည်၊ အမြစ် စတာတွေကပါ ဆေးဖက်ဝင်ပါတယ်။ဗောဓိညောင်မှာဖလေဗာနွိုက်၊တန်းနစ် အက်ဆစ်၊aspartic acid၊စတီးရွိုက်၊methionine၊ဗီတာမင်တွေနဲ့glycine တို့ ပါဝင်နေတာကြောင့် အာဟာရဓာတ်ရရှိသလို ဆေးဖက်လည်း ဝင်ပါတယ်။

    ဗောဓိညောင်ပင်က အဖျားကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဗောဓိညောင်ရွက်ကို ရေဆူဆူမှာ ထည့်ပြုတ်ပြီး ပြုတ်ရည်ကို အသုံးပြုပေးလို့ ရသလို နွားနို့ထဲမှာ ထည့်ပြုတ်ပြီး သုံးဆောင်ပေးလို့ ရပါတယ်။ဖျားနာရောဂါတင်မက အအေးမိတာကိုပါ သက်သာစေနိုင်ပါတယ်။ဗောဓိညောင်ကို အနှစ်ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးရင် ယောင်ရမ်းခြင်းကို သက်သာစေလို့ ပြည်တည်နာကြောင့် အဖျားတက်တဲ့သူတွေမှာ သုံးလို့ ရပါတယ်။

     ဗောဓိညောင်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။သတိထားရမယ့် အချက်အနေနဲ့ကတော့ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိသူတွေအနေနဲ့တော့ ဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ ဒါ့အပြင် အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။ဒါတွေကတော့ ဆေးဖက်ဝင်ဗောဓိညောင်ပင်ရဲ့ အကြောင်းများဖြစ်ပေမယ့်ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုအပ်နေပါသေးတယ်။ 

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။


    in Herbal Medicine
    ဆေးခြောက်ကတကယ်ကျန်းမာရေးအတွက်ကောင်းလား