Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

လိမ္မော်ရည်သောက်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ?

  • All Blogs
  • Herbal Medicine
  • လိမ္မော်ရည်သောက်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ?
  • 2025- ဇွန် 12 by
    Hsu Pyae Sone

    ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့ ကျန်းမာရေးရပ်ဝန်းရဲ့ လက်သုံးစကားရှိပါတယ်။ ရောဂါကာကွယ်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညတ်တဲ့ အစားအစာကို စားပေးဖို့လည်း အရမ်းအရေးကြီးပါတယ်။ အခုကတော့ လိမ္မော်ရည်သောက်ရင် ရလာမယ့် ကောင်းကျိုးတွေ ကိုပြောပြပါမယ်။

     လိမ္မော်ရည်မှာ vitamin C ဗိုက်တာမင် စီ folate ဖော်လိတ် potassium ပိုတက်စဆီယမ်လို့ခေါ်တဲ့ သက်စောင့်ဓါတ်နဲ့  များစွာသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ vitamin C က ကိုယ်ခံအားကောင်းစေကာ ဆီးထဲမှာ ကျောက်မှုန်ကျောက်မွှားတွေကို နည်းပါးစေနိုင်တဲ့အပြင် ယောင်ယမ်းမှုကို နည်းပါးစေပြီး အနာဖြစ်ရင်လည်း အနာကျက်လွယ်စေပါတယ်။ folate က သွေးအားကောင်းစေပြီး အာရုံကြောအတွက်လည်း အရမ်းအကျိုးရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ folic acid ပြည့်ဝပါက ကလေးငယ်မှာ မွေးရာပါ ကြောရိုးအဖုပါသော အာရုံကြောရောဂါ ကို ကာကွယ်နိုင်ပါတယ်။ potassium ကတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတိုင်းအတွက် အရေးကြီးပြီး ပင်ပန်းနွမ်းနယ်တာကနေ သက်သာစေပါတယ်။ အဓိကကတော့ နှလုံးကြွက်သားဟာ သက်စောင့်ဓါတ်ပြည့်ဝနေမှ ရင်တုန်မောပန်းခြင်း ကင်းဝေးစေပါမယ်။ 

     ဒါ့အပြင် antioxidants အင်တီအောက်စီဒင့်တွေ များစွာပါဝင်တာကြောင့် ပါးရေတွန့်ခြင်းနဲ့ မျက်နှာအမဲစက်တွေ လျော့ပါးစေတာကြောင့် အရွယ်တင်ပြီး အိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်အားကို ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်တိုးတက်စေပါတယ်။ antioxidants တွေက ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကို ဖြတ်တောက်ပစ်ပါတယ်။ မကောင်းတဲ့ သွေးတွင်းအဆီဓါတ်ကို ကျစေတာကြောင့် နှလုံးရောဂါ ဆီးချိုသွေးချိုရောဂါ နဲ့ အချို့သော ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။ အဖြူဖတ်အခွံပျော့လေးတွေပါ ထည့်သောက်ပါကလည်း fibre အမျှင်ဓါတ်များတာကြောင့် အူလှုပ်ရှားမှုကောင်းစေပြီး ဝမ်းချုပ်ခြင်းက ကင်းဝေးစေပါတယ်။

     ဒါပေမယ့် လိမ္မော်ရည်က ဆီးချိုရှိတဲ့လူတော့ လုံးဝ မသောက်သင့်ပါဘူး။ တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း အလွန်အကျွံသောက်သုံးမိပါက ဆီးချိုရောဂါ ဖြစ်နိုင်ချေများပြီး အဝလွန်စေနိုင်ပါတယ်။ တနေ့ကို လိမ္မော်ရည် ရေတစ်ဖန်ခွက်ပမာဏ 200mlလောက် ပုံမှန်သောက်သုံးသင့်ပါတယ်။ အချဉ်ဓါတ်ဖြစ်တာကြောင့် ဘာမှ မစားထားပဲ သောက်ရင်တော့ ရင်ပူတာ ဗိုက်အောင့်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

     

     


    in Herbal Medicine
    အုန်းရည်သောက်ခြင်းရဲ့ကောင်းကျိုးများ