Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

မင်းကို Good စေတဲ့ မင်းဂွတ်သီး

  • All Blogs
  • Herbal Medicine
  • မင်းကို Good စေတဲ့ မင်းဂွတ်သီး
  • 2024- ဒီဇင်ဘာ 31 by
    Hsu Pyae Sone

    စားလိုက်တိုင်း ရင်ကို ‌အေးချမ်းစေတယ်ဆိုပြီး ဆိုကြတဲ့ မင်းကွတ်သီးမှာ ကျန်းမာရေးကိုလည်း good စေမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိတာ သိပါရဲ့လား?

    မင်းကွတ်သီးစားတဲ့အခါ အထဲကအဖြူသားကိုပဲ စားလို့ရတဲ့ဆိုပေမယ့် ဆေးဖက်ဝင်တဲ့နေရာမှာတော့ အတွင်းအဖြူသားရော အပြင်အခွံရောကို ထိန်ချန်ထားလို့မရပါဘူး💁🏻‍♀️

    စားလို့ရတဲ့ အတွင်းအဖြူသားမှာ -

    🟣 အမျှင်ဓာတ်

    🟣 သတ္တုဓာတ်

    🟣 ဗီတာမင်မျိုးစုံ

    🟣 ကာဗိုဟိုက်ဒရိတ်

    🟣 သံဓာတ်

    🟣 ပိုတက်စီယမ်

    စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို

    အပြင်အခွံကလည်း ပုံမှန်အသီးတွေမှာတွေ့ရခဲတဲ့ xanthones ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အောက်ပါနေရာတွေမှာ သူမတူအောင် အသုံးဝင်လှပါတယ်👇🏻

    🟪 ဓာတ်မတည့်မှုများ

    🟪 အရေပြားရောင်ရမ်းမှုများ

    🟪 အဆစ်အမြစ်ရောင်မှုများ

    🟪 သွေးကြောရောင်ရမ်းမှုများ

    🟪 နှင်းခူရောဂါများ

    ဒါ့အပြင် မင်းဂွတ်သီးအခွံက အရိုးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ဖြစ်စေတဲ့ ကင်ဆာဆဲလ်တွေကိုလည်း ‌သက်သာစေနိုင်ကြောင်း လေ့လာတွေ့ရှိထားကြပါသေးတယ်။

    ဒီလောက် ကျန်းမာရေးအကျိုးကျေးဇူးနဲ့ ပြည့်နှက်နေတဲ့ မင်းဂွတ်သီးကို နိုင်ငံခြားမှာဆို ဈေးကြီးပေးပြီးတောင် တကူးတကဝယ်စားနေရတာဆိုတော့ မြန်မာနိုင်ငံမှာ ရာသီပေါ်တိုင်း ပေါပေါသီသီစားခွင့်ရတာ အရမ်းကံကောင်းတယ်လို့တောင် ပြောလို့ရပါသေးတယ်နော်။

    ဆောင်းပါးလေးကိုဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

    in Herbal Medicine
    ဗောက်သီးက ဒီလောက်ကောင်းမှန်းမသိခဲ့ဘူး