Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

မာလကာသီးအစေ့ က စားပေးရတယ်နော်

  • All Blogs
  • Herbal Medicine
  • မာလကာသီးအစေ့ က စားပေးရတယ်နော်
  • 2024- အောက်တိုဘာ 30 by
    Hsu Pyae Sone
    မာလကာသီးအစေ့ က စားပေးရတယ်နော်


    ၅ နှစ်သမီးလောက်ကထင်တယ်။မတော်တဆ ကျွန်မ မာလကာသီးအစေ့မျိုချမိသွားတယ်။လူကြီးတွေက သိတော့ အစေ့တွေကမစားရဘူး…ဗိုက်ထဲမှာ အပင်ပေါက်နေမှာဆိုပြီး ပြောလို့ တနေ့တနေ့ မှန်ရှေ့မှာ ပါးစပ်ဟပြီး အပင်ပေါက်မယ့်အချိန်ကို မျှော်နေခဲ့ဖူးတာပေါ့။အပင်ပေါက်လို့ အသီးသီးရင် ခူးစားမယ်ဆိုတဲ့ ၅ နှစ်သမီးရဲ့ အကြံအကုန်ပါပဲ။

    အသက်ကြီးလာတော့ လူကြီးတွေက နောက်တမျိုးပြောင်းပြီးပြောကြတယ်။အစေ့တွေစားရင် အူအတက်ထဲရောင်ပြီး ပုပ်ရင် ဖြတ်ရတတ်တယ်တဲ့။အဲဒါကတော့ ဆယ်နှစိကျော်ဆိုတော့ ဟိုစာရှာဖတ်၊ဒီစာရှာဖတ်နဲ့ ဒီကိစ္စကဖြစ်နိုင်ကြောင်းသိလိုက်ရပြီး ကြောက်သွားတယ်။ဒါပေမယ့် တဖြည်းဖြည်းနဲ့အသက်ကြီးလာတော့ မာလကာစေ့ က မဖယ်ဘဲနဲ့ ကြေအောင်ဝါးပြီး စားသင့်တဲ့အစားအစာဆိုတာ ပြန်သိသွားတာနဲ့ ချစ်ရတဲ့မာလကာစေ့နဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပေါ့လေ။

    မာလကာသီးအစေ့ဟာ တကယ်တော့ ကျွန်မတို့ကျန်းမာရေးအတွက် အကျိုးရှိတဲ့အချက်တွေ အများကြီးရှိပါတယ်။မာလကာသီးအသားမှာသာမက အစေ့မှာ ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အဆီတွေအများကြီးပါဝင်တဲ့အတွက် ရောဂါဖြစ်စေတဲ့ ကိုလက်စထရော၊TG လိုအဆီတွေကို လျှော့ချပေးနိုင်လို့ နှလုံးသွေးကြောကျဉ်း၊သွေးတိုးနဲ့ အသည်းအဆီဖုံးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ်များတဲ့အတွက် ဝမ်းချုပ်ခြင်းတွေ မဖြစ်တော့ဘဲ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေပါတယ်။

    မာလကာသီးမှာ ဗီတာမင်အေများစွာပါဝင်တဲ့အပြင် တခြားသတ္တုဓာတ်များဖြစ်တဲ့ မက်ဂနီစီယမ်၊ကယ်လ်ဆီယမ်၊သံဓာတ်၊ဖော့စဖောရပ်စ်နဲ့ ပိုတက်စီ  ယမ်ဓာတ်တွေ ပါဝင်လို့ ဆီးချို၊သွေးတိုးနဲ့ အရေပြားရောဂါတွေကို သက်သာစေတဲ့အပြင် ယောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ကင်ဆာရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ဒါဆိုရင် ဒီလောက်အာဟာရဓာတ်တွေပေါကြွယ်ဝစွာပါဝင်တဲ့ မာလကာသီးအစေ့ကို စားဖို့ မကြောက်ကြနဲ့တော့နော်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။



    in Herbal Medicine
    ဟင်းနုနွယ်ရွက်ရဲ့ အသုံးဝင်ပုံ