Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

အနှုတ်သွေးသမားဆိုရင်ဘာတွေသိထားရမလဲ

  • All Blogs
  • Hematological Disorders
  • အနှုတ်သွေးသမားဆိုရင်ဘာတွေသိထားရမလဲ
  • 2024- ဒီဇင်ဘာ 31 by
    Hsu Pyae Sone

    သွေးစစ်ကြလို့ အဖြေထွက်လာရင် သွေးအမျိုးအစားကို ဘယ်လိုမှတ်သားထားတတ်ကြသလဲ….

    ငါ့သွေးတော့ Aသွေး၊ Oသွေးဆိုပြီးပဲ မှတ်ထားလိုက်တာလား?

    သွေးအမျိုးအစားနောက်မှာ positive, negative ဆိုပြီး ပါနေတာမျိုးကို သတိထားမိကြရဲ့လား?

    အဲ့လက္ခဏာလေးတွေက သင့်သွေးထဲမှာ RH protein ရှိမရှိကို ဖော်ပြနေတာပါ။ RH protein ရှိသူကို RH positive လို့ခေါ်ပြီး မရှိရင်တော့ RH negative ပေါ့......

    အတိုကောက်အနေနဲ့ မှတ်ချင်တယ်ဆိုရင် A+ နဲ့ A- ဒီလိုဖြစ်သွားတာပေါ့။

    RH positive ဆိုရင်တော့ ဘာပြဿနာမှမရှိပေမယ့် အနှုတ်သွေးသမားတွေဖြစ်တဲ့ RH negative သမားတွေမှာတော့ ပုံမှန်ထက်ဂရုစိုက်ရမယ့် ပြဿနာလေးတွေရှိတာကြောင့် ကိုယ့်‌သွေးက အပေါင်းလား၊ အနှုတ်လားဆိုတာကို မဖြစ်မနေ သိထားသင့်တာပါ

    ဘယ်လိုနေရာတွေမှာ ပြဿနာရှိလာနိုင်လဲဆိုတော့ -

    - သွေးသွင်းတဲ့အခါ Rh+ သမားတွေက အပေါင်းရော အနှုတ်ရောဆီက သွေးယူလို့ရပေမယ့် အနှုတ်သွေးသမားတွေကတော့ RH- သွေးကိုပဲ ယူလို့ရပါတယ်

    - ကိုယ်ဝန်ရှိတဲ့အခါမှာလဲ မိခင်ရော ရင်သွေးရောက အနှုတ်သွေးသမားတွေဖြစ်နေရင် ကိစ္စမရှိပေမယ့် မိခင်ကအနှုတ်သွေးဖြစ်ပြီး ရင်သွေးက အပေါင်းသွေးဖြစ်နေတယ်ဆိုရင် ရင်သွေးလေးအ‌ပေါ် အန္တရာယ်ရှိနိုင်တာကြောင့် Rho(D) immune globulin ထိုးဆေးလိုမျိုး ထိုးပေးရတာတွေရှိပါတယ်

    ဒါကြောင့် ကိုယ့်သွေးအမျိုးအစားအပြင် RH positive လား negative လားဆိုတာကို မဖြစ်မနေသိထားသင့်ပါတယ်။

    အနှုတ်သွေးသမားတွေအနေနဲ့လဲ ဆေးရုံမှာ‌ သွေးသွင်း/သွေးလှူတဲ့အခါ ကိုယ့်သွေးအမျိုးအစားအကြောင်းကို သေချာပြောပြဖို့ လိုအပ်သလို ကိုယ်ဝန်ရှိလာတဲ့အခါမှာလဲ ရင်သွေးလေးနဲ့ သွေးကို ချက်ချင်းစစ်ပေးဖို့ မမေ့လိုက်ပါနဲ့နော်…

    in Hematological Disorders
    သွေးနီဥတွေများအောင် ဘယ်လိုစားသောက်သင့်လဲ