Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

အရက်နာကျတယ်ဆိုတာ ဘာလဲ

တစ်ခွက်တည်း သောက်တာနဲ့တင် အရက်နာကျတဲ့ သူတွေလည်း ရှိသလို အလွန်အကျွံသောက်တာတောင် ဘာလက္ခဏာမှ မပြတဲ့ သူတွေလည်း ရှိပါတယ်။
  • All Blogs
  • General Health
  • အရက်နာကျတယ်ဆိုတာ ဘာလဲ
  • 2023- ဖေဖော်ဝါရီ 6 by
    Dr.Phyo

    မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…

    မနေ့ညက သောက်တာများသွားပြီမလား။ အခုတော့ အရက်နာကျနေပီပေါ့။ သက်သာအောင်ဆိုပြီး ရေထချိုးလိုက်တာတို့ ကော်ဖီထသောက်လိုက်တာတို့ လုပ်ဖို့တွေးနေမယ့်အစား ရေသာများများ ထသောက်လိုက်ပါ။ အရက်နာကျတာက တစ်ရက်လောက်နဲ့ သက်သာတာကို ထပ်ဖြည်မယ်ဆိုရင်တော့ သံသရာလည်နေပါလိမ့်မယ်။ 

    အရက်နာကျတယ်ဆိုတာ ဘာလဲ

    အရက်နာကျတယ်ဆိုတာ အရက်အလွန်အကျွံသောက်ပြီးနောက် မနှစ်မြို့ဖွယ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ ခံစားရတာကို ခေါ်တာပါ။ 

    အရက်နာကျတာက ဘယ်အချိန်မှာ စဖြစ်လဲ 

    အများအားဖြင့် အရက်သောက်ပြီး နာရီအတော်ကြာမှ စတင်ပါတယ်။ လက္ခဏာများက လူပေါ်မူတည်သလို သောက်လိုက်တဲ့ အရက်အမျိုးအစားနှင့် ပမာဏပေါ်မှာလည်း မူတည်ပါတယ်။ 

    အရက်ဘယ်လောက်သောက်ရင် အရက်နာကျစေသလဲ

    တစ်နာရီလျှင် တစ်လုံးထက်ပိုသောက်ခြင်းက ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်ကို ချေဖျက်ရန် နှင့် လုပ်ဆောင်ရန် တစ်နာရီခန့် လိုအပ်ပါတယ်။ ဒါကြောင့် အရက်ကို ဖြည်းဖြည်းသောက်လေ အရက်နာကျဖို့ နည်းလေးပါပဲ။ 

    အရက်နာကျခြင်းတွေက ဘယ်လောက်အဖြစ်များလဲ

    အရက်အလွန်အကျွံသောက်သူများတွင် အရက်နာကျခြင်းက အလွန်အဖြစ်များပါတယ်။ မနေ့ညက အလွန်အကျွံသောက်သူများ၏ 75% ခန့်သည် အရက်နာကျခြင်း လက္ခဏာများကို မဖြစ်မနေ ခံစားရတတ်ကြပါတယ်။ သို့ပေမယ့် အရက်သောက်သူများ၏ ၂၅% မှ ၃၀% သည် အရက်နာကျခြင်းကို ခံနိုင်ရည်ရှိတယ်လို့လည်း သုတေသီများက သုံးသပ်ကြပါတယ်။ 

    အရက်နာကျခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

    ခေါင်းကိုက်ခြင်း၊ မျက်လုံးနီခြင်း
    ချွေးထွက်ပြီး ရေငတ်ခြင်း 
    နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခြင်း 
    နှလုံးခုန်မြန်ခြင်း
    မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
    ကြွက်သားများ နာကျင်ခြင်းနှင့် အားနည်းခြင်း
    ပျို့အန်ခြင်းနှင့် အစာအိမ်နာခြင်း
    ရင်တုန်ခြင်း 
    စိတ်တိုနေခြင်း 

    လက္ခဏာများရဲ့ ပြင်းထန်မှုက ဘယ်လောက် ပမာဏ သောက်ထားလည်းနှင့် ဘယ်လောက်ကြာကြာ သောက်ထားလည်း အပေါ် မူတည်ပါတယ်။ ဒါပေမယ့် သင့်ကျန်းမာရေးနဲ့ လည်းသက်ဆိုင်ပါတယ်။ တစ်ခွက်တည်း သောက်တာနဲ့တင် အရက်နာကျတဲ့ သူတွေလည်း ရှိသလို အလွန်အကျွံသောက်တာတောင် ဘာလက္ခဏာမှ မပြတဲ့ သူတွေလည်း ရှိပါတယ်။ 

    အရက်နာကျခြင်းကို ပိုဖြစ်စေသည့် အချက်များ 

    အစာမစားဘဲ အရက်သောက်ခြင်း
    နီကိုတင်း ကဲ့သို့ အခြားသော မူးယစ်ဆေးဝါးများကို အရက်နှင့်အတူ သုံးစွဲခြင်း
    အရက်သောက်ပြီးနောက် မအိပ်ခြင်း
    အရက်ကို ဘာမှမရောဘဲ သောက်ခြင်း 
    စျေးပေါသော အရက်များသောက်ခြင်း 

    ဘယ်လို ကုသလို့ရလဲ 

    အရက်နဲ့ ပြန်ဖြည်မယ်လို့တော့ မတွေးလိုက်ပါနဲ့။ 

    ရေဓာတ်ခမ်းခြောက်မှုကို လျှော့ချရန် ရေ၊ ဖျော်ရည် နှင့် အရက်မဟုတ်သော အဖျော်ယမကာများကို သောက်သုံးပါ။
    မနက်စာ များများစားပါ။ သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးပြီး စိတ်ကို ကြည်လင်စေပါတယ်။ 
    ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့အတွက် ပြန်အိပ်ပါ။ 
    အစာအိမ်နာလျှင် antacid သောက်ပါ။ 
    ခေါင်းကိုက်ခြင်း နှင့် ကြွက်သားနာကျင်ခြင်းကို သက်သာစေရန် Aspirin နှင့် NSAIDs (Ibuprofen) တို့ကို သောက်လို့ရပါတယ်။ 

    in General Health
    ဆီးချိုရောဂါအတွက် အစားအသောက် စီစဉ်ခြင်း
    ဆီးချိုရောဂါအတွက် သီးသန့်စီစဉ်ပေးထားတဲ့ အစားအသောက် အစီအစဉ်အတိုင်း လိုက်နာတာက အလွယ်ကူဆုံးနှင့် အသင့်တော်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။