Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

သွားဖုံးရေစီးကမ်းပြိုခြင်း

  • All Blogs
  • General Health
  • သွားဖုံးရေစီးကမ်းပြိုခြင်း
  • 2024- ဩဂုတ် 29 by
    Hsu Pyae Sone

     ရေစီးကမ်းပြိုတာ စေတနာပဲကောင်းတယ်နော်......


    သွားမှာဖြစ်ရင်တော့ အချောင်းလိုက် တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ကျတတ်တာမလို့ စေတနာပဲ ရေစီးကမ်းပြိုတာအကောင်းဆုံးပါ။

    သွားရေစီးကမ်းပြိုတာ ဘာလို့ဖြစ်ရတာလဲ?

    အဓိကကတော့ သွားကျန်းမာရေးကို သေချာဂရုမစိုက်တဲ့အခါ သွားမှာ ဘက်တီးရီးယားတွေများလာပြီးတော့ သွားဖုံးရောင်ရာကတစ်ဆင့် သွားဘေးမှာရှိတဲ့ တစ်ရှူးနဲ့ အရိုးတွေပါ ပျက်စီးသွားတာပါ။ ဒီလိုနဲ့ တဖြည်းဖြည်းကြာလာတဲ့အခါ သွားတွေ အချောင်းလိုက် ကျွတ်ထွက်တာမျိုးတွေ ဖြစ်လာတာပေါ့။

    ဒီလို သွားရေစီးကမ်းပြိုတာကို

    •  သွားသေချာမတိုက်သူ
    •  အသက်ကြီးသူ
    •  ကွမ်းစားသူ
    •  ဆီးချိုရောဂါရှိသူ
    • အဝလွန်သူ‌ တွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်


    သူ့ရဲ့ လက္ခဏာတွေကတော့ -

    •  ဘယ်လိုလုပ်လုပ် ခံတွင်းနံ့မပျောက်တာ
    • သွားတိုက်တိုင်း သွားဖုံးက သွေးထွက်နေတာ
    • သွားဖုံးတွေရောင်ရမ်းနေတာ
    • သွားဖုံးနဲ့သွားကြား နေရာလပ်ရှိနေတာ
    •  ပါးစပ်ထဲ ခါးနေတာ
    •  တစ်ခုခုကိုက်လိုက်တိုင်း သွားတွေနာနေတာ စတာတွေပါ


    သွားရေစီးကမ်းပြိုတာက ဖြစ်ပြီဆိုရင် ချက်ချင်းမသိနိုင်သလို သိလိုက်တဲ့အချိန်မှာလဲ သွားတွေကျွတ်ကျတော့မယ့် အချိန်ကိုရောက်သွား‌ပြီမလို့ သွားကျန်းမာရေးကို အမြဲသတိထားပြီး ဂရုစိုက်ပေးတာ အကောင်းဆုံးပါ‼️


    🦷 တစ်နေ့ကိုနှစ်ကြိမ် သွားပုံမှန်တိုက်ပေးပါ

    🦷 သွားကြားထဲက အစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှင်းနိုင်ဖို့ သွားပွတ်ကြိုးနဲ့ အနည်းဆုံး တစ်နေ့တစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးပါ (flossing)

    🦷 ဆေးလိပ်နဲ့ကွမ်းယာ ဖြတ်ပါ

    🦷 သွားဆရာဝန်ဆီမှာ ခြောက်လတစ်ခါလောက် ပုံမှန် သွားကျန်းမာရေးစစ်ဆေးပေးပါ


    တကယ်လို့ သွားကျွတ်ကျတဲ့အခြေအနေထိ မရောက်သေးပေမယ့် သွားကိုက်သွားနာတာ၊ သွားဖုံးယောင်နေတာတို့လို ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တာ တစ်ခုခုကို သတိထားမိပြီဆိုရင် ဘယ်လိုအခြေအနေလဲဆိုတာ သိရအောင် My-Medicine က သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ အရင်တိုင်ပင်ထားလို့လဲရတယ်နော်။

    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://mymedicine.com.mm/r/Dentalဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။




    in General Health
    Gym ဆော့ရင်းရေခဲရေသောက်လို့ရလား?