Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

သင်က အကင်တွေစားရတာကြိုက်နှစ်သက်သူလား

  • All Blogs
  • General Health
  • သင်က အကင်တွေစားရတာကြိုက်နှစ်သက်သူလား
  • 2024- ဒီဇင်ဘာ 16 by
    Hsu Pyae Sone

    အရင်ခေတ် လမ်းဘေးမှာ မီးသွေးနဲ့ကင်တာကို တဝကြီး စောင့်ပြီးစားရတဲ့ကာလကနေ အခုခေတ် ကိုယ်ကြိုက်တဲ့အစားအစာကို ကိုယ်တိုင်လွယ်လင့်တကူ ကင်နိုင်တဲ့အထိ တိုးတက်ပြောင်းလဲလာတဲ့ အကင်ယဉ်ကျေးမှု။စာဖတ်သူတို့ရော အကင် ကြိုက်လား။စာရေးသူကတော့ အကင်ဆို အသားဖြစ်ဖြစ်၊အသီးအရွက်ဖြစ်ဖြစ်၊ထုံချိုင်းဖြစ်ဖြစ် တအားကြိုက်ပါတယ်။သင်ရော အကင်တွေစားရတာ ကြိုက်နှစ်သက်သူလေးလား။

    အသားကင်နဲ့ ဟင်းသီးဟင်းရွက်ကင်တွေဟာ ရိုးရိုးချက်ပြုတ်ကြော်လှော်ထားတာထက်စာရင် ပိုပြီး ထူးကဲတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ဆီပြန်ဟင်းတွေလိုမဟုတ်တဲ့အတွက် စားပြီးရင်း ထပ်စားချင်ရင်း ဖြစ်စေတဲ့ဓာတ်တမျိုးက ဆွဲဆောင်နေတာအမှန်ပါပဲ။ဒါပေမယ့်လည်း အကင်စားခြင်းရဲ့ မကောင်းတဲ့အချက်တွေ၊ကျန်းမာရေးနဲ့ မညီညွတ်တဲ့အချက်တွေကို အကင်ကြိုက်သူ စာရေးသူအနေနဲ့ ရင်နာနာနဲ့ ပြောပြချင်ပါတယ်။

    အကင်တွေဟာ ပုံမှန်ထက်လွန်ကဲတဲ့ မီးပြင်းပြင်းနဲ့ ကင်ရတာမို့ ကင်ဆာဖြစ်နှုန်းပိုမြင့်စေပါတယ်။အနီရောင်ရှိတဲ့အသားတွေရယ်၊တာရှည်ခံပြုလုပ်ထားတဲ့ ကြက်အူချောင်း၊ဝက်အူချောင်းတွေရယ်ဟာ စားတုန်းမှာသာ အရသာရှိပေမယ့် အစာရေမျိုနဲ့အူမကြီးကင်ဆာကို ပိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် အသား၊ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ကင်ခြင်းကနေထွက်လာတဲ့ glycotoxins ဟာ ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရရှိနေရင် ရောင်ရမ်းခြင်းကို ပိုဆိုးစေပါတယ်။

    အသားတွေအလွန်အကျွံစားခြင်း ကို ပဲ ကွက်ကြည့်ရင်တောင် ဝမ်းချုပ်စေတဲ့အပြင် သွေးတိုးနဲ့ဆီးချိုရောဂါကိုပါ လက်ယက်ခေါ်နေသလို ဖြစ်နေပြန်ပါတယ်။အကင်ပုံမှန်စားလေ့ရှိသူတွေဟာ သွေးတွင်းအဆီဓာတ်များလာရုံသာမက အူတွင်းကလီစာအဆီဖုံးခြင်းနဲ့ အဝလွန်ခြင်းကို ဖြစ်ပေါ်စေပြန်ပါတယ်။ဒီလိုမျိုး အဆီဓာတ်များလာခြင်းဟာ သွေးတိုး၊ဆီးချိုအပြင် နှလုံးရောဂါကိုပါ ဖြစ်စေနိုင်ပါသေးတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း ပေါင်မပြည့်တဲ့ကလေးမွေးဖွားနိုင်ချေမြင့်တက်စေတဲ့အပြင် မွေးလာတဲ့ကလေးတွေမှာလည်း ရောဂါတခုမဟုတ်၊တခုပါနိုင်ချေများတယ်လ််ို့လေ့လာတွေ့ရှိရပါသေးတယ်။ဒါ့အပြင်ကလေးလိုချင်နေတဲ့စုံတွဲတွေမှာဆိုရင်လည်း အကင်စားတာများခြင်းကြောင့်အမျိုးသမီးရဲ့သားအိမ်နံရံရောင်ရမ်းမှုကိုဖြစ်စေပြီး  သန္ဓေသားလောင်းတွယ်နိုင်ဖို့ရာအတွက် အခက်အခဲရှိစေနိုင်ပါတယ်။

    ဒါကြောင့်မို့ စာရေးသူအပါအဝင်အကင်ကြိုက်သူလေးများအနေဖြင့် တန်ဆေးလွန်ဘေးမဖြစ်ရလေအောင် အကင်ကိုဆင်ခြင်စားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ရေးသားလိုက်ရပါတယ်။




    in General Health
    သင်ကဇာက်ကြောခဏခဏချိုးတတ်တဲ့သူလား