Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ရှေးဦးသူနာပြုစုခြင်းရဲ့တန်ဖိုး

  • All Blogs
  • General Health
  • ရှေးဦးသူနာပြုစုခြင်းရဲ့တန်ဖိုး
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone

    ရှေးဦးသူနာပြုစုခြင်းရဲ့တန်ဖိုး


    ရှေးဦးသူနာပြုစုခြင်း (First Aid) ဆိုတာ စစ်ပွဲတွေကနေ အခြေခံပြီး ပေါ်လာခဲ့တဲ့ စကားလုံးတစ်ခုပါ။စစ်မြေပြင်ပေါ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါ စစ်သားအချင်းချင်း အရေးပေါ်ကုသမှုပေးဖို့ သင်ပေးရင်းကနေ နောက်ပိုင်းမှာတော့ အရပ်ထဲမှာပါ အသုံးပြုလာတဲ့အထိ တွင်ကျယ်လာခဲ့ပါတယ်။ရှေးဦးသူနာပြုစုခြင်းဆိုတာ အသေးအဖွဲ့ဒဏ်ရာကစလို့ ပြင်းထန်တဲ့ရောဂါနဲ့ ထိခိုက်ဒဏ်ရာရရှိထားသူတို့အတွက် လိုအပ်တဲ့ဆေးကုသမှုမခံယူနိုင်ခင်မှာ အခြေအနေပိုမဆိုးသွားအောင်၊ အသက်ကယ်နိုင်အောင် ချက်ချင်းဆောင်ရွက်ပေးရတဲ့ အကူအညီတစ်ခုပါ။မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကိုသွေးတိတ်အောင်လုပ်ပြီး ဆေးထည့်တာလည်း first aid ဖြစ်သလို စစ်ပွဲတွေကြားထဲမှာ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ကုသမှုပေးတာကလည်း first aid ပါပဲ။

    ဘယ်လိုအခြေအနေတွေမှာ ရှေးဦးသူနာပြုစုနည်းတွေကို လိုအပ်နိုင်သလဲဆိုရင်တော့ -

    ▪️အသက်ရှူကြပ်တဲ့အခါ

    ▪️ပန်းနာရင်ကြပ်ခံစားရတဲ့အခါ

    ▪️မီးပူလောင်တဲ့အခါ

    ▪️အစာနင်တဲ့အခါ

    ▪️ဆီးချိုရောဂါ emergency တွေဖြစ်တဲ့အခါ

    ▪️သွေးထွက်လွန်တဲ့အခါ

    ▪️သဘာဝဘေးအန္တရာယ်များနဲ့ ကြုံတွေ့တဲ့အခါ

    ▪️နှလုံးဖောက်တဲ့အခါ

    ▪️အဆိပ်မိတဲ့အခါ

    ▪️ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ

    ▪️မြွေ၊ ခွေးကိုက်ခံရတဲ့အခါ

    ▪️လည်ပင်း၊ ခေါင်းနဲ့ ကျောရိုးဒဏ်ရာရတဲ့အခါ

    ▪️လေဖြန်း/ လေဖြတ်တဲ့အခါ

    ▪️တက်တဲ့အခါ (Seizures)

    ကမ္ဘာ့ကြက်ခြေနီအသင်းရဲ့ စစ်တမ်းတစ်ခုအရ ရှေးဦးသူနာပြုစုမှုကိုသာ ခံယူနိုင်ခဲ့ရင် ဒဏ်ရာကြောင့် သေဆုံးမှု 59% အထိ ကြိုတင်ကာကွယ်နိုင်မယ်ဖြစ်ကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် ကိုယ်နဲ့ အနီးတစ်ဝိုက်မှာ ကလေးငယ်တွေနဲ့ ရောဂါအခံတစ်ခုခုရှိသူ‌တွေ ရှိရင်ပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကို ကြုံတွေ့လာရရင်ပဲဖြစ်ဖြစ်၊ ရှေးဦးသူနာပြုစုနည်းတွေကို သိရှိထားတာက လုံးဝအကျိုးဖြစ်စေမှာပါ။

    အရေးပေါ်အခြေအနေတိုင်းမှာ အသင့်ဖြစ်နေစေဖို့အတွက် ရှေးဦးသူနာပြုစုနည်း‌သင်တန်းများကို Google, Facebook နဲ့ YouTube တို့လို social media မှာ အလွယ်တကူ တက်ရောက်သင်ကြားနိုင်သလို ဆေး၊ ပလာစတာနဲ့ ပတ်တီးတို့လို အရေးပေါ်ဆေးပစ္စည်းတွေ ပါဝင်တဲ့ First Aid Kit လေးတွေကိုလည်း အိမ်တိုင်း ဆောင်ထားသင့်တာ အမှန်ပါပဲနော်။

    __________________________________________

    ဆောင်းပါးလေးကိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။



    in General Health
    ကျား/မ အင်္ဂါအဖုအပိန့်အနာပေါက်ခြင်း