Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ရေချိုးခေါင်းလျှော်ပြီးတိုင်း နားကလော်တတ်တဲ့အကျင့်က အန္တရာယ်ရှိလား

  • All Blogs
  • General Health
  • ရေချိုးခေါင်းလျှော်ပြီးတိုင်း နားကလော်တတ်တဲ့အကျင့်က အန္တရာယ်ရှိလား
  • 2025- ဇူလိုင် 29 by
    Hsu Pyae Sone

    တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အားစိုက်တာက အလွန်ကောင်းတဲ့ အလေ့အကျင့်လေး တစ်ခုပါ။ ဒါပေမယ့် အရာအားလုံးက တန်ဆေး လွန်ဘေးပါ။ နားကို ဆေးပညာအရ အပြင်ပိုင်း (outer ear)၊ အလယ်ပိုင်း (middle ear)  ၊ အတွင်းပိုင်း (inner ear) ဆိုပြီး အပိုင်း ၃ပိုင်းခွဲထားပါတယ်။ စာဖတ်သူတို့ နားကလော်နေတာက outer ear ခေါ်တဲ့ အပြင်ပိုင်း ( နားအရေပြား၊ အရိုးနုမှ နားစည်ထိ ) ပါ။

    cerumen နားဖာချေးက နားရဲ့အပြင်ဘက်အပိုင်းမှာ ရှိပြီး နားအလယ်ပိုင်းနဲ့ အတွင်းပိုင်းထဲကို ဖုန်၊အမှိုက်နဲ့ ပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မေးရိုးလှုပ်ရှားမှု (စကားပြောတာ၊ သီချင်းဆိုတာ၊ အော်တာ)ကနေ သဘာဝအတိုင်း နားဖာချေးနဲ့ အမှုန်အမွှားတွေကို ထွက်စေပါတယ်။

     နားကလော်တာက နားဖာချေးကို အတွင်းထဲ ထိုးသွင်းလိုက်သလိုလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နားအရေပြားကို ထိခိုက် ပွန်းပဲ့စေပြီး ပိုးဝင်စေနိုင်ပါတယ်။ နားပြည်ယိုတာ၊ နားစည်ပေါက်တာအပြင် ပြင်းထန်ရင် ဦးနှောက်ထဲထိ ပိုးဝင်ပြီး ဦးနှောက်အမြှေးယောင်တာ၊ ဦးနှောက်ထဲ  ပြည်တည်ပြီး ဖျားတာ တက်တာ၊ သတိလစ်တာ အထိဖြစ်စေပါတယ်။

     မကြာခဏ နားကလော်တာက နားထဲက အမွှေးနုလေးတွေကိုလည်း လျော့ပါးစေတာကြောင့်   နားအတွင်းပိုင်းကို ထိခိုက်စေနိုင်တဲ့ ဖုန်၊အင်းဆက်ပိုးမွှားလေးတွေ အမှိုက်အမှုန်တွေကို မဝင်အောင် မတားနိုင်တော့ပါဘူး။ ဒ့ါအပြင် အတော်များများ သုံးတတ်ကြတဲ့ ဂွမ်းနားကြပ်တံ သို့မဟုတ် သံနားကြပ်တံ တွေဟာ ထားသိုမှု မမှန်ရင် ထိုပစ္စည်းလေးတွေမှာ မမြင်နိုင်တဲ့ မှိုတွေ ကပ်နေတတ်ပြီး နားမှိုစွဲတာ၊ ယားတာ၊ နားအရေပြားအဖက်လန်တာ၊ အရေကြည်ဖုသေးသေးလေး တွေဖြစ်တာ စတာတွေ ခံစားရတတ်ပါတယ်။

     သဘာဝအတိုင်းပင် နားဖာချေးက အတွင်းကနေ အပြင်ဖက်ကို ရေချိုး ခေါင်းလျှော်ပြီးရင် ထွက်လာတတ်တာမို့ အဝတ်/တစ်ရှူးသန့်သန့်လေးနဲ့ ဖွဖွသုတ်ပေးရင် လုံလောက်ပါတယ်။ တချို့သူတွေကျ နားဖာချေး အရမ်းပိတ်လို့ နားအကြားလျော့လာတာ နားအူတာ ခံစားရရင် အိမ်သုံးဆေးဝါးအနေနဲ့ သံလွင်ဆီသန့်သန့် သို့မဟုတ် hygrogen peroxide လို့ခေါ်တဲ့ ဆေးစက်လေး နှစ်စက်/သုံးစက်လောက်ချ ပြီးရင် ရေနွေးနွေးလေး နှစ်စက်လောက်ချပြီး bulb syringe လို့ခေါ်တဲ့ ဆေးပစ္စည်းလေးနဲ့ အသာအယာစုပ်ယူပေးလိုက်ရင် သက်သာသွားပါလိမ့်မယ်။

     တကယ်လို့ တစ်ခုခုမသက်သာတာရှိရင် မိမိဘာသာ မမြင်မကန်းနဲ့ နားကို ကလိတာမျိုးမလုပ်သင့်ပါဘူး။ ဒါ့ကြောင့် အချုပ်ပြောရရင် ရေချိုးခေါင်းလျှော်ပြီးတိုင်း နားကလော်တတ်တဲ့ အကျင့်က အန္တရာယ်ရှိလား ဆိုရင် အလွန် အန္တရာယ်ရှိပါတယ်လို့ပြောပြလိုက်ရပါတယ်။ 


    in General Health
    ရေကူးခြင်းက ဘယ်လိုကောင်းကျိုးတွေပေးသလဲ