Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

မိသားစုဝင်အချင်းချင်း သွေးသွင်းသင့်/မသင့်

  • All Blogs
  • General Health
  • မိသားစုဝင်အချင်းချင်း သွေးသွင်းသင့်/မသင့်
  • 2024- ဒီဇင်ဘာ 29 by
    Hsu Pyae Sone

    ခေတ်အဆက်ဆက်ထဲက အရေးပေါ်သွေးလိုတဲ့အခါ သွေးအမျိုးအစား တူတယ်ဆိုရင် အမျိုးတွေဆီက ယူပြီး သွင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့လို သွေးသွင်းခြင်းခံရတဲ့လူနာတွေဟာ ရက် ၃၀ အတွင်း လက္ခဏာတွေ အပြင်းအထန်တွေ ခံစားရပြီး သေဆုံးသွားကြလေ့ရှိပါတယ်။ ဒီလိုမျိုးဖြစ်တာ များလာတဲ့အခါ အကြောင်းရင်းရှာဖွေကြည့်တဲ့အခါမှာတော့ မိသားစုဝင်အချင်းချင်း သွေးသွင်းပြီး ဓာတ်ပြုရာမှ ဖြစ်လာကြောင်း သိလာကြပါတယ်။

    ဆွေမျိုးအချင်းချင်းသွေးသွင်းရာက ဓာတ်ပြုမှုဖြစ်စဉ် ကို Transfusion-associated graft-versus-host disease (TA-GVHD) လို့ခေါ်ပါတယ်။သူ့ရဲ့ လက္ခဏာတွေကတော့ သွေးသွင်းပြီး ၈-၁၀ ရက်လောက်အကြာမှာ ပြတတ်ပါတယ်။သွေးသွင်းခံရတဲ့လူနာမှာ ဖျားနာခြင်း၊အရေပြားအသားဝါခြင်း၊အနီစက်ထွက်ခြင်း၊ဝမ်းလျှောခြင်း၊ရိုးတွင်းခြင်ဆီ ထိခိုက်ပြီး ပျက်စီးခြင်း၊ခန္ဓာကိုယ်ထဲရှိ သွေးဖြူဥ/သွေးနီဥ/သွေးဥမွှားများ အန္တရာယ်ရှိတဲ့အခြေအနေထိ အဆမတန်နည်းပါးသွားခြင်းနဲ့ အသည်းထိခိုက်ခြင်းတို့ပါဖြစ်တတ်ပါတယ်။ဒီအခြေအနေကမိသားစုဝင်အချင်းချင်းသွေးသွင်းခံရတဲ့လူတိုင်းမှာမဖြစ်ပေမယ့် ဖြစ်တဲ့ ၉၀ ရာခိုင်နှုန်းသောလူနာတွေမှာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် အထူးဂရုစိုက်ရမယ့်ကိစ္စပဲဖြစ်ပါတယ်။

    ပုံမှန်ဆိုရင် လူတွေမှာရှိတဲ့ သွေးဆဲလ် ၃ ခုထဲက သွေးဖြူဥ lymphocytes ဟာ ပြင်ပကလာတဲ့ အန္တရာယ်တွေ၊ပိုးမွှားတွေကို တိုက်ခိုက်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ် ဒုက္ခမရောက်အောင် ကာကွယ်လေ့ရှိပါတယ်။ဒါပေမယ့် မိသားစုဝင်အချင်းချင်း သွေးသွင်းတဲ့အခါ အလှူရှင်ဆီကနေ သွေးဖြူဥဆဲလ်တွေကို လူနာဘက်က ဆဲလ်တွေက ပုံစံတူ အမျိုးရင်း လို့ သတ်မှတ်ပြီး အန္တရာယ်မပေးတတ်ပါဘူး။ဒါပေမယ့် ပြင်ပကဝင်လာတဲ့ သွေးဖြူဥတွေကတော့ အထူးသဖြင့် လူနာရဲ့ခုခံအား ကျနေတဲ့ အချိန်မှာဆိုရင် မူလအိမ်ရှင် သွေးဖြူဥတွေကို ရန်သူအဖြစ်နဲ့ တိုက်ပါတော့တယ်။ဒီလိုကနေ တဆင့် အလှူရှင်ရဲ့သွေးဆဲလ်က လူနာရဲ့ သွေးဆဲလ်၊အရေပြား၊ အူလမ်းကြောင်း၊ ရိုးတွင်းခြင်ဆီ နဲ့ အသည်းစတာတွေကို ထိခိုက်လာပြီး အသက် သေဆုံးသည်အထိ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။

    မိသားစုဝင်ဆိုသည်မှာ မိခင်၊ဖခင်တူတူချင်း တအူတူဆင်း မောင်နှမအချင်းချင်း မရပါဘူး။မိဘနဲ့ သားသမီးလည်း မရပါဘူး။အိမ်ထောင်ဖက် ယောကျာ်းနဲ့ မိန်းမဆိုရင်တော့ ရပါတယ်။အဖေဘက်က ဝမ်းကွဲအမျိုးတွေနဲ့မရသလို ကိုယ့်အမေဘက်က ဝမ်းကွဲအမျိုးတွေနဲ့လည်းမရပါဘူး။မဖြစ်မနေ သွင်းရမယ့်အကြောင်းတရားရှိရင်တော့ irradiation လို့ ခေါ်တဲ့ Gamma irradiator စက်မှာ ရောင်ခြည်ဖြတ်ပြီးမှ သွင်းခွင့်ပေးပါတယ်။အများစုက လက္ခဏာပြပြီး ၁၄ ရက်အတွင်း ရန်သူကိုတိုက်ထုတ်ပေးမယ့် သွေးဖြူဥတွေ သေကုန်တာကြောင့် ခုခံအားကျပြီး ပြင်ပမှ ပိုးပေါင်းစုံဝင်ကာသေဆုံးကြပါတယ်။ ခုခံအားကို ထိန်းဖို့ စတီးရွိုက်တွေ၊ ခုခံအားထိန်းဆေးတွေ၊တွေ လုပ်နိုင်ပေမယ့် ရှင်နှုန်း နည်းပါတယ်။ဒါကြောင့်မို့ မိသားစုဝင်အချင်းချင်း သွေးမသွင်းသင့်ကြောင်း သတိထားဖို့ တင်ပြလိုက်ရပါတော့တယ်။


    in General Health
    ကြီးမှဝက်သက်ပေါက်တဲ့အခါ