Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

မိုးရာသီမှာ ဖျားနာလွယ်သူတို့အတွက် သဘာဝဆေးနည်းများ

  • All Blogs
  • General Health
  • မိုးရာသီမှာ ဖျားနာလွယ်သူတို့အတွက် သဘာဝဆေးနည်းများ
  • 2025- ဇူလိုင် 29 by
    Hsu Pyae Sone

    မိုးတွင်းနဲ့ အဖျားက မိတ်ဆွေတွေလိုပါပဲ။ တစ်ချို့ဆို တစ်လထဲတင် ဆေးခန်းကို နှစ်ခေါက်တုပ်ကွေးနဲ့ လာပြရပြီး ဆေးခန်းနဲ့ပါ မိတ်ဆွေထပ်ဖြစ်ရပြန်ပါတယ်။ တုပ်ကွေးကူးစက်ခံရပြီဆို ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ အဆစ်တွေ/ကြွက်သားတွေနာကျင်တာ စတာတွေခံစားရပါမယ်။

    ကိုယ်ပူအဖျားတက်ပြီဆို ရေသဘက်ကို သေသေချာချာရွှဲနေအောင်တိုက်ပါ။ လူကြီးတွေဆိုရင်တော့ ရေ ၃-၄ ခွက်လောက် ပါးခုံးကနေ အေးသွားအောင်လောင်းချပါ။ ဒါဟာ အဖျားကြောင့်  ကြွက်သားတွေ တင်းတောင့်နာကျင်နေတာကိုသက်သာစေတဲ့အပြင်  ကိုယ်အပူချိန်ပြန်ပြီး ပုံမှန်ဖြစ်သွားရင် အဖျားတက်တုန်းက ခံစားနေရတဲ့ ရင်တုန်တာလည်း သိသိသာသာ သက်သာသွားပါလိမ့်မယ်။ ပြီးရင်တော့ ဆေးတော်ကြီး ပါရာစီတမော paracetamol 500mg ကို ၆နာရီခြား (လူကြီးများသာ)သောက်ပေးနိုင်ပါတယ်။

    ချောင်းဆိုးတာအတွက် ပျားရည်လေး (လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ) ဒါမှမဟုတ် ချင်း(ဂျင်း)ပြုတ်ရေ နွေးနွေးလေး သောက်ပေးနိုင်ပါတယ်။ ဒီနည်းလေးက လည်ချောင်းရှင်းပြီး ချွဲပျော်စေပါတယ်။လည်ချောင်းနာတာအတွက်က ငုံဆေးလေးငုံပေးတာ၊ ဆားရေနွေးနွေးလေးနဲ့ ပါးလုတ်ကျင်းပေးတာမျိုး လုပ်ပေးပါ။

    ရေများများ တစ်နေ့ကို ၃ လီတာ သောက်ပါ။ ရေဓါတ်ပြည့်ဝရင် အသက်ရှုလမ်းကြောင်း မခြောက်ကပ်တော့တာကြောင့် ချောင်းဆိုးသက်သာစေပြီး ချွဲသလိပ်ကိုလည်း ပိုပြီးကျဲစေတာကြောင့် ဟပ်ထုတ်ရလွယ်ကူစေပါတယ်။ နာနတ်သီး စားပေးတာကလည်း ချွဲပျော်စေတဲ့အပြင် ကိုယ်ခံအားတိုးစေပြီး ရေဓါတ်ပြည့်ဝစေပါတယ်။

    နှာစေးနှာပိတ်တာအတွက်က ရေနွေးငွေ့လေး ရှူပေးပါ။ Physiodose လို့ခေါ်တဲ့ saline စလိုင်း ကို နှာခေါင်းထဲ အစက်ချပေးပြီး ပြန်ညှစ်ထုတ်ပေးပါ။ ခေါင်းအုံးမြင့်မြင့်နဲ့ အိပ်ပေးပါ။ ဒါမှလည်း နှာရည်ကျတာရဲ့ နောက်ဆက်တွဲ ချောင်းဆိုးတာကိုပါ ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။   

    နောက်ဆုံးအချက်ကတော့ ကောင်းကောင်းနားပြီး အာဟာရပြည့်ဝအောင် သေသေချာချာ စားပေးပါ။ ပူလွန်း စပ်လွန်း ချဉ်လွန်း မာလွန်းတဲ့ အစားအစာတွေရှောင်ပါ။ Ready made အားဖြည့်အချိုရည်တွေတော့ မသောက်သင့်ပါဘူး။ ဒါတွေက ရင်တုန်ကာ မျက်စိကြောင်ပြီး အိပ်မပျော်အောင် လုပ်နိုင်တာမို့ပါ။ သွေးလွန်တုပ်ကွေးလည်း ဖြစ်နိုင်တာကြောင့် ကလေးငယ်လေးတွေကိုတော့ အညိုရောင် - ကော်ဖီရောင်ရှိတဲ့ အစားအစာတွေ ဖျားနေစဉ် မကျွေးသင့်ပါဘူး။ အဖျား ၅ရက်ထပ် ကြာနေရင်တော့ ဆေးမှီးတိုနဲ့ မကုနေပဲ ဆရာဝန်တယောက်နဲ့ ချက်ချင်းတိုင်ပင်သင့်တဲ့အကြောင်းပြောပြလိုက်ရပါတယ်။

    in General Health
    Covid 19 နှင့် အအေးမိတုပ်ကွေးကွဲပြားပုံ