Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

မိုးရေထိရုံနဲ့ အဆစ်အမြစ်တွေ ကိုက်နေပြီလား

  • All Blogs
  • General Health
  • မိုးရေထိရုံနဲ့ အဆစ်အမြစ်တွေ ကိုက်နေပြီလား
  • 2025- ဇွန် 12 by
    Hsu Pyae Sone

    မိုးမိတဲ့နေ့၊ မိုးရွာတဲ့နေ့တွေဆိုရင် အဆစ်အမြစ်တွေပိုနာသလိုမျိုး ခံစားဖူးပါသလား။ ဒါမှမဟုတ် မိုးကမရွာသေးဘူး၊မိုးသားတွေ တက်လာရင်ပဲ အဆစ်တွေကိုက်ချင်သလို ဖြစ်လာတာကို သတိထားမိနေပါသလား။တချို့ကတော့ ဒါဟာ စိတ်ကြောင့်ဖြစ်တာ၊အယူသည်းတာလို့ ပြောကြပေမယ့် ရာသီဥတုအပြောင်းအလဲက အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ ဆက်နွယ်နေနိုင်တယ်ဆိုတာ  တကယ်ကြုံဖူးသူတွေရဲ့ ပြောစကားအရရော၊ သိပ္ပံနည်းကျလေ့လာချက်တွေအရပါ အထောက်အထားတွေရှိနေပါတယ်။ 

    အရင်ဦးဆုံး အဆစ်အကြောင်းကို ရှင်းပြပေးပါ့မယ်။အဆစ်ဆိုတာ အရိုးနှစ်ခုဆုံတဲ့နေရာ ဖြစ်ပါတယ်။ဒီအရိုးနှစ်ခုပွတ်တိုက်မှုနည်းအောင် အရိုးနုတွေက ကူရှင်လိုခံပေးထားပြီး  ချောဆီ က ကြားခံအဖြစ်ကူညီပေးပါတယ်။အရိုးနုတွေ တိုက်စားပျက်စီးခြင်းကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါ၊သွေးလေဘက်နာရောဂါ တို့ကြောင့် အဆစ်ရဲ့ဖွဲ့စည်းပုံယိုယွင်းသွားတဲ့သူတွေမှာတော့ ရာသီဥတုဒဏ်ကို ပိုခံရနိုင်ပါတယ်။ဒါ့အပြင် မိုးရွာတဲ့နေ့တွေဆိုရင် လေထုဖိအားက ကျတတ်ပါတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ပြင်ပမှာ ဖိအားနည်းသွားတဲ့အခါ အဆစ်အတွင်းပိုင်းနဲ့ အနီးတဝိုက်က တစ်ရှူးတွေဟာ အနည်းငယ်ပြန့်ကားလာတယ်။အဲဒီအခါ အဆစ်အပေါ် ဖိအားသက်ရောက်လို့ အဆစ်နာကျင်ကိုက်ခဲတာ ဖြစ်တတ်ပါတယ်။ 

    အေးတဲ့ရာသီဥတုကလည်း ကြွက်သားနဲ့ အရွတ်တွေကို တောင့်တင်းစေပြီး အဆစ်တွေရဲ့လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်လိုက်လို့ အဆစ်နာကျင်မှုက ပိုဖြစ်လွယ်ပါတယ်။ဒီနေရာမှာ လွဲမှားနေတဲ့အယူအဆတွေကို တစ်ခါတည်းပြောရရင် မိုးရေကြောင့် အဆစ်ရောင်ရောဂါဖြစ်တာ မဟုတ်ပါဘူး။ မိုးရွာတဲ့နေ့တွေမှာ လေထုဖိအားပြောင်းလဲခြင်းကြောင့်သာ နဂိုရှိနှင့်ပြီးသားအခြေအနေက ပိုဆိုးသွားခြင်းပဲ ဖြစ်ပါတယ်။ဒီအခြေအနေကလည်း လူကြီးတွေပဲဖြစ်တာ မဟုတ်ပါဘူး။အရင်ထဲက အဆစ်ထိခိုက်ဖူးတယ်၊ရောင်ရမ်းတတ်တဲ့‌ရောဂါရှိတယ်ဆိုရင် ဘယ်သူမဆို ရာသီဥတုကြောင့် အဆစ်အမြစ်နာကျင်နိုင်ပါတယ်။စစ်တမ်းတွေအရ အဆစ်ရောင်ရောဂါရှိသူ ၈၀% အထိက ရာသီဥတုကြောင့် ရောဂါလက္ခဏာအပြောင်းအလဲရှိတယ်လို့ ဆိုကြပါတယ်။ ဒီတော့ လူတစ်ဦးချင်းရဲ့ တုံ့ပြန်မှုသာကွာခြားမယ်။ဒါဟာ တကယ်တွေ့ကြုံခံစားရတဲ့ အခြေအနေတစ်ခုပါပဲ။ 

    မိုးရွာတဲ့အခါ အဆစ်အမြစ်ကိုက်ခဲမှု ပိုဖြစ်လေ့ရှိပေမဲ့ အောက်ပါအခြေအနေတွေ ကြုံတွေ့ရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    - နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်လောက်အောင် နာကျင်ခြင်း

    - အဆစ်တဝိုက် နီရဲ၊ ပူနွေး၊ ရောင်ရမ်းလာခြင်း

    - အဆစ် ကွေးမရ/ဆန့်မရဖြစ်ခြင်း၊ ထောက်မရခြင်း 

    - အဆစ်နာတာအပြင် အဖျားပါဝင်ခြင်း

    ဒီလိုလက္ခဏာတွေရှိရင် စောစောစီးစီး စစ်ဆေးကုသမှုခံယူတာက ကုသဖို့သေချာပေါက်လိုအပ်တဲ့ တခြားအခြေအနေဟုတ်/မဟုတ် ခွဲခြားသိနိုင်စေပါတယ်။  

    အနှစ်ချုပ်ပြောရမယ်ဆို မိုးရေထိရင်(မိုးရွာရင်) အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတယ်ဆိုတာ ရှေးလူကြီးတွေရဲ့ ပါးစပ်စကားသက်သက်တော့ မဟုတ်ပါဘူး။ ဒါဟာ လေထုဖိအား၊ အပူချိန်၊ တစ်ဦးချင်းစီရဲ့ အဆစ်ကျန်းမာရေးတွေနဲ့ ဆက်စပ်နေတဲ့အခြေအနေတစ်ခုပါ။ဒါတွေကို နားလည်ပြီး နွေးနွေးထွေးထွေးနေမယ်၊ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်မယ်၊ သက်သာမယ့်နည်းလမ်းတွေကို လိုက်နာကျင့်သုံးမယ်၊ဆရာဝန်နဲ့ ဘယ်အချိန်ပြရမလဲသိမယ်ဆိုရင်တော့ ဒီမိုးရာသီမှာ အဆစ်အမြစ်ကျန်းမာ‌ရေးကို အကောင်းဆုံးဂရုစိုက်နိုင်မှာဖြစ်ကြောင်းမျှ‌ဝေလိုက်ပါတယ်။


    in General Health
    ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်