Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဘာလို့ ညနေစောင်းရင် အဖျားပိုတက်တာလဲ

  • All Blogs
  • General Health
  • ဘာလို့ ညနေစောင်းရင် အဖျားပိုတက်တာလဲ
  • 2024- စက်တင်ဘာ 5 by
    Hsu Pyae Sone

    ဘာလို့ ညနေစောင်းရင် အဖျားပိုတက်တာလဲ


    လူမှန်ရင် မဖျားဘူးတဲ့သူ မရှိသလောက်ပါပဲ။မွေးကင်းစ ကလေးငယ်ငယ်လေးကစလို့ အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားအရွယ်ထိ အကြောင်းမျိုးစုံကြောင့် ဖျားတတ်ကြပါတယ်။အဖျားတက်တဲ့နေရာမှာ တုပ်ကွေးအအေးမိပိုးကြောင့် ခဏပဲဖျားတက်ကြသလို ခုခံအားစနစ်ပျက်ယွင်းမှုကြောင့် နာတာရှည်ဖျားနေကြတာလည်းရှိပါတယ်။

    ဒါပေမယ့် ဖျားတဲ့အခါမှာ ညနေဖက်ဆိုရင် တော်တော်များများက ဘာလို့ အဖျားပိုတက်သလဲဆိုတာ စဉ်းစားစရာကိစ္စတခုဖြစ်လာပါတယ်။ညနေခင်းအဖျားတက်တဲ့အကြောင်းအရာတွေမှာ တီဘီရောဂါ၊ငှက်ဖျားရောဂါတို့လို သူ့အချိန်နဲ့သူ အဖျားတက်တဲ့ကြီးကြီးမားမားရောဂါတွေလည်း ပါတတ်သလိုပုံမှန်အအေးမိတုပ်ကွေးပိုးလေးကလည်း တနေကုန်နေကောင်းနေပေမယ့် ညနေဆိုရင် အဖျားပိုတက်ခြင်းကိစ္စတွေ ရှိတတ်ပါတယ်။ဘာကြောင့်များပါလိမ့်?

    ကျွန်မတို့ရဲ့ဦးနှောက်ထဲမှာရှိတဲ့ ဟိုက်ပိုသားလမက်စ်လို့ခေါ်တဲ့ အပူချိန်ထိန်းညှိပေးတဲ့နေရာဟာ ညဖက်ဆိုရင် အလုပ်ပိုလုပ်လေ့ရှိပါတယ်။မဖျားနာတဲ့သာမန်လူတစ်ယောက်ဟာလည်း ညဖက်ဆိုရင် ခန္ဓာကိုယ်အပူချိန် ပုံမှန်ထက်နည်းနည်းပိုတက်လေ့ရှိပါတယ်။ဒါကိုမှ ယောင်ယမ်းခြင်း၊ပိုးဝင်ခြင်း၊ခုခံအားစနစ်ကျဆင်းခြင်းနဲ့ ကင်ဆာရောဂါတွေကြောင့် အပူချိန်ထိန်းညှိတဲ့နေရာကို များများလှုံ့ဆော်သလို ဖြစ်ပြီး အဖျားပိုတက်လေ့ရှိကြပါတယ်။

    ညဖက်အဖျားတက်တာ အများဆုံးဖြစ်လေ့ရှိတဲ့ရောဂါတွေကတော့ ခုခံအားကျဆင်းမှုရောဂါ HIV၊ တီဘီရောဂါ၊ကင်ဆာရောဂါအမျိုးမျိုး၊အသည်းရောင်အသားဝါရောဂါများနဲ့ မိမိခန္ဓာကိုယ်စနစ်ကိုမိမိဘာသာပြန်တိုက်သည့် လေးဘက်နာရောဂါများကြောင့် အဖြစ်များလေ့ရှိပါတယ်။ဒါကြောင့်မို့ ညဖက်အဖျားတက်တာ ၃ ရက်ကျော်ပြီဆိုရင်တော့ စိတ်ပူရတဲ့အတွက် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ရောဂါရှာဖွေဖို့ အထူးလိုအပ်ပါတယ်ရှင်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ  https://mymedicine.com.mm/r/gp ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in General Health
    ပုရော်ကျစ်ဖန်တွေ ဖတ်ဖို့