Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

နာတာရှည်ရောဂါများကို စီမံခြင်း

  • All Blogs
  • General Health
  • နာတာရှည်ရောဂါများကို စီမံခြင်း
  • 2024- စက်တင်ဘာ 5 by
    Hsu Pyae Sone

    နာတာရှည်ရောဂါများကို စီမံခြင်း



    ဘဝဆိုတာ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေပြီး တခါတရံမှာ သွေးတိုး၊ ဆီးချိုနဲ့ အဆစ်အမြစ်ရောင်တာလိုမျိုး ဘာမှမဟုတ်သလိုနဲ့ နေ့စဉ်ဘဝကို မသိမသာလေး ထိခိုက်နိုင်တဲ့ နာတာရှည်ရောဂါတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်

    ဒီလို နာတာရှည်ရောဂါတွေက ရောဂါပိုးတွေလို ကုသလို့လဲမရဘဲ တစ်သက်လုံး ဒီအခြေအနေနဲ့ နေသွားရမှာဆိုတော့ ကျန်းမာအောင်နေနိုင်ဖို့ ကိုယ်ခံစားနေရတဲ့ ရောဂါနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့ နည်းလမ်းလေးတွေက သိထားသင့်တယ်‌နော်!


    ♦️ သွေးတိုးရောဂါ (Hypertension)

    သွေးတိုးရောဂါက ဘာလက္ခဏာမှမပြဘဲ လူအတော်များများရဲ့ ကျန်းမာရေးကို တိတ်တိတ်‌လေး ထိခိုက်စေတတ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို စီမံလို့ရတဲ့ နည်းလမ်းတွေရှိတာကြောင့် မစိုးရိမ်ပါနဲ့နော်။


    - အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေ ကြွယ်ဝပြီး မျှတတဲ့ အစားအစာကို စားပေးပါ။


    - ဆားကို လျှော့စားပြီး ပြုပြင်ထားတဲ့ အစားအစာတွေကိုလည်း ကန့်သတ်ပြီးစားပါ။


    - လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာတို့လို ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။


    - တရားထိုင်ပေးတာ၊ ဒါမှမဟုတ် ကြိုက်နှစ်သက်တဲ့ ဝါသနာတွေ လုပ်ပေးတာတို့လို အပန်းဖြေနည်းတွေကတစ်ဆင့် စိတ်ဖိစီးမှုကို လျှော့ချပါ။


    - ဆရာဝန်နဲ့ ပုံမှန် check-up တွေ သွားတွေ့ဖို့ မမေ့ပါနဲ့



    ♦️ ဆီးချိုရောဂါ (Diabetes)

    ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ် ပမာဏတွေ မြင့်တက်နေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီအခြေအနေကို တစ်သက်လုံး စီမံခန့်ခွဲမှုတွေ လိုအပ်တယ်ဆိုပေမယ့်၊ ပြောင်းလဲမှု သေးသေးလေးတွေက‌တောင် ကြီးမားတဲ့ ခြားနားမှုကို ဖြစ်စေမှာပါ။


    - အစေ့အဆန်၊ ပဲပင်နဲ့ ကစီဓာတ်မပါတဲ့ ဟင်းသီးဟင်းရွက်တွေလို glycemic ပါဝင်မှုနည်းတဲ့ အစားအစာတွေကို ရွေးချယ်စားပါ။


    - ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ တစ်ခါစားတိုင်း portion နည်းနည်းစီပဲ စားပေးပါ။


    - လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ကခုန်တာပဲဖြစ်ဖြစ် နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ။


    - သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပြီး ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ပေးပါ။


    - ကိုယ်တိုင်ရော မိသားစုကိုရော ဆီးချိုရောဂါအကြောင်း အသိပညာပေးပြီး ဆီးချိုရောဂါခံစားနေရသူတွေအတွက် supportive ဖြစ်တဲ့ ပတ်ဝန်ကျင်လေး ဖန်တီးပါ။



    ♦️ အဆစ်အမြစ်ရောင်ခြင်း (Arthritis)

    Arthritis ကြောင့် အဆစ်အမြစ်တွေ တောင့်တင်းကိုက်ခဲစေတယ် ဆိုပေမယ့် ဒီရောဂါကြောင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေကို ရပ်လိုက်စရာမလိုပါဘူးနော်။


    - အဆစ်တွေ ပျော့ပျောင်းလာဖို့ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ယောဂတို့လို ထိခိုက်မှုနည်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။


    - အရိုးအဆစ်တွေအပေါ် ဖိစီးမှုတွေ လျှော့ချဖို့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။


    - နာကျင်တဲ့ နေရာတွေ သက်သာစေဖို့ အပူ ဒါမှမဟုတ် အအေးကပ်ပေးပါ။


    - ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေဖို့ braces နဲ့ ergonomic tools တွေလို အထောက်အကူပစ္စည်းတွေကို အသုံးပြုပေးပါ။


    - ခံစားနေရတဲ့ ဝေဒနာနဲ့ ကိုက်ညီတဲ့ ကုသမှုနဲ့ လမ်းညွှန်မှုတွေ ရယူဖို့အတွက် အဆစ်အမြစ်ရောင်ရောဂါကို အထူးပြုတဲ့ အ‌ရိုးအကြောဆရာဝန်ကြီးတွေဆီမှာ တိုင်ပင်ပါ။ 


     ကျန်းမာရေးကို ဦးစားပေးစဥ်းစားဖို့ ဘယ်တော့မှ နောက်မကျဘူးဆိုတာ သတိရလိုက်ပါ။ ကျန်းမာတဲ့ လူနေမှုပုံစံဆီကို စိတ်ရှည်ရှည်ထားပြီး ခြေလှမ်းသေးသေးလေးတွေ လှမ်းလိုက်ရုံနဲ့ ခံစားနေရတဲ့ နာတာရှည်ရောဂါတွေကို အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်ပြီး တက်ကြွလန်းဆန်းနေတဲ့ နေ့စဉ်ဘဝကို အရယူလိုက်ပါ…

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/gp ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။

    in General Health
    နွေအပူရှိန်နဲ့အရက်ဘီယာ