Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဒညင်းသီး (သို့) မစားကောင်းတဲ့အသီး

  • All Blogs
  • General Health
  • ဒညင်းသီး (သို့) မစားကောင်းတဲ့အသီး
  • 2024- စက်တင်ဘာ 5 by
    Hsu Pyae Sone

    ဒညင်းသီး (သို့) မစားကောင်းတဲ့အသီး


    မစားကောင်းမှန်းသိပေမယ့် မစွန့်လွှတ်နိုင်တဲ့ထဲမှာ ဒညင်းသီးလဲ ပါကြတယ်ဟုတ်?

    ဒညင်းသီးကြောင့် ကျောက်ကပ်ပျက်စီးစေပါတယ်ဆိုပြီး ဘယ်‌လောက်ပဲတားနေနေ ရအောင်စားကြတဲ့သူတွေလဲ ရှိနေကြပါသေးတယ်။

    ဒါပေမယ့်… ဒညင်းသီးရဲ့ ဆိုးကျိုးဆိုတာ တကယ်ရှိပါတယ်၊ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေ ပါဝင်‌နေတယ်ဆိုတာလေးကို ထပ်လောင်းသတိပေးလိုက်ပါရစေ။ ဒညင်းသီးမှာပါဝင်တဲ့ Djenkolic acid ကို ခန္ဓာကိုယ်က ချေဖျက်ရ အင်မတန်ခက်တာမလို့ ကျောက်ကပ်တွေမှာရော ဆီးလမ်းကြောင်းမှာပါ အနည်ကျပြီးတော့ လူကို ဒုက္ခပေးပါတော့တယ်

    ခန္ဓာကိုယ်မှာ ဘယ်လောက်တောင်ချေဖျက်ရခက်လဲဆိုရင် အချိန်အကြာကြီးထိ ဆီးနံ့၊ ဝမ်းနံ့တွေ နံနေတာကိုသာ ကြည့်ပါတော့…

    ဒါ့အပြင် ဒညင်းသီးစားပြီး အဆိပ်အတောက်ဖြစ်ပြီဆိုရင် - 

      ခါးဘေးဘက်တွေနာတာ

      သွေးတိုးတာ

      အော့အန်တာ

      လေထိုး၊လေအောင့်တာ

      ဆီးအောင့်တာ

      ဆီးထဲသွေးပါတာနဲ့

      ကျောက်ကပ်ပျက်စီးတာ‌ တို့အထိပါ ဖြစ်တတ်ပါသေးတယ်

    ကျောက်ကပ်ပျက်စီးသွားလို့ အချိန်မီ မကုသနိုင်ဘူးဆိုရင် အသက်ဆုံးရှုံးတဲ့အထိပါ ဖြစ်နိုင်တာမလို့ ဒညင်းသီးဆိုတာ ခန္ဓာကိုယ်ကို ကောင်းကျိုးတစ်ခုမှမပေးတဲ့ အသီးလို့ သတ်မှတ်ပြီးတော့ လုံးဝရှောင်ကြဉ်တာ အကောင်းဆုံးပါ။

    ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဓိကကဏ္ဍတွေမှာ ပါဝင်နေတာမလို့ အတတ်နိုင်ဆုံး ဆင်ခြင်ပေးကြပါ။ ကျန်းမာရေးတစ်ခုခု ချို့ယွင်းနေတာကို သတိထားမိရင်လည်း အချိန်မလွန်ခင် ချက်ချင်း ဆေးကုသမှုခံယူဖို့ အကြံပေးပါရစေ။

    အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းထိသွားဖို့ မလွယ်သေးဘူးဆိုရင် အချိန်မီကုသမှုရယူနိုင်ဖို့ My-Medicine မှာ ဆီးနဲ့ ကျောက်ကပ်ဝေဒနာမျိုးစုံအတွက် ကျောက်ကပ်အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆက်သွယ် ကုသမှု ခံယူနိုင်ပါပြီနော်။

    ____________________________________________

    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://mymedicine.com.mm/r/nephr

    ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in General Health
    တအားပူရင်ဘာတွေသတိထားရမလဲ