Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

တနေ့ကိုရေဘယ်နှခါချိုးသင့်လဲ

  • All Blogs
  • General Health
  • တနေ့ကိုရေဘယ်နှခါချိုးသင့်လဲ
  • 2024- စက်တင်ဘာ 5 by
    Hsu Pyae Sone

    တစ်နေ့ကိုရေဘယ်နှခါ ချိုးသင့်လဲ?


    ရေချိုးပျင်းတဲ့သူလေးလား?

    တစ်နေ့ကို 2ခါလောက် ရေချိုးလိုက်ရမှ နေသာထိုင်သာရှိသူလေးလား?

    တစ်နေ့ဘယ်နှခါ ရေချိုးရမလဲဆိုတာက အဖြေရှာမရတဲ့ ပုစ္တာတစ်ပုဒ်လိုပါပဲ။ ဘာလို့ဆို နေ့တိုင်း တစ်နေ့ကို ဘယ်နှခါပဲချိုးဆိုပြီး တပ်အပ်ပြောလို့မရလို့ပါ။

    တကယ်တမ်း တစ်နေ့ကိုတစ်ခါ ရေချိုးရင် လုံလောက်ပြီဆိုပေမယ့်လည်း နွေရာသီလို ချွေးထွက်များတဲ့ရက်တွေမှာ နှစ်ခါလောက်ချိုးပေးမှ အဆင်ပြေပြန်ရော။

    ဒါပေမယ့် ရေချိုးတဲ့အကြိမ်ရေ အရမ်းများသွားပြီဆိုရင် အသားနဲ့ ဆံပင်တွေ ခြောက်ကပ်သွားတတ်သလို

    ရေအလုံအလောက် မချိုးဘူးဆိုရင်လည်း

    - ချွေးနံ့နံ့တာ

    - ဝက်ခြံထွက်တာ

    - အသားအရေပေါ်မှာ ဆဲလ်သေ၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ စုပြုံလာတာ

    - အရေပြားထဲ ပိုးဝင်တာ/ မှိုစွဲတာ

    - အသားအရေတွေ ညစ်ထေးလာတာ

    - အရမ်းကြာလာရင် အသားမာလိုမျိုး အညိုရောင် အသားဖတ်တွေ ဖြစ်လာတာမျိုး အထိတောင် ဖြစ်တတ်ပါသေးတယ်။


    ဒါကြောင့် ကိုယ်နေထိုင်တဲ့နေရာရဲ့ ရာသီဥတုနဲ့ တစ်နေ့တာ ကိုယ့်လုပ်ရှားမှုတွေကို အခြေခံပြီး ကိုယ်နဲ့အသင့်တော်ဆုံးကို ဆုံးဖြတ်တာ အကောင်းဆုံးပါ။

    ချွေးသိပ်မထွက်တတ်တဲ့သူဆို တစ်နေ့တစ်ခါပဲ ချိုးနိုင်ပြီးတော့ အားကစားလုပ်တဲ့သူ၊ ချွေးထွက်များတဲ့သူတွေဆို အခြေအနေကြည့်ပြီး တစ်နေ့ 1-2ခါလောက် ချိုးပေးမယ်ဆို အိုကေမှာ စိုပြေပါပဲနော်….

    ကဲ....ဆောင်းပါးလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်။

    in General Health
    ဆယ်ကျော်သက်တွေရောလေဖြတ်နိုင်လား