Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆေးတွေမှာပါဝင်ပစ္စည်းအလားတူဆိုရင် အကျိုးသက်ရောက်မှုတူတူပဲလား

  • All Blogs
  • General Health
  • ဆေးတွေမှာပါဝင်ပစ္စည်းအလားတူဆိုရင် အကျိုးသက်ရောက်မှုတူတူပဲလား
  • 2025- မတ် 3 by
    Hsu Pyae Sone

    ကျွန်မတို့ လူကြီးလူငယ်၊ကလေးပါမကျန် နေမကောင်းမဖြစ်ဖူးတဲ့သူဆိုတာ မရှိပါဘူး။အဲဒီအခါမှာ ဆေးရုံဆေးခန်းသွားပြလိုက်လို့ ဆရာဝန်ရေးပေးလိုက်တဲ့ဆေးနာမည်နဲ့ ဆေးဆိုင်ကပေးတဲ့ဆေးနာမည်မတူရင် သောက်ရမလား၊မသောက်ရမလား ဝိရောဓိဖြစ်တတ်ကြပါတယ်။ဆေးဆိုင်ကတော့ အတူတူပါပဲဆိုပြီး ရောင်းလိုက်ပေမယ့် ဆေးစျေးတွေက တခုနဲ့တခု မတူပဲဖြစ်နေရင် ဘယ်သူ့ပြေးမေးရမှန်းမသိ စိတ်ရှုပ်လာတတ်ကြပါတယ်။

    ပထမဦးဆုံးဆေးတွေရဲ့ နာမည်အခေါ်နဲ့ပတ်သက်ပြီး ရှင်းပြပေးချင်ပါတယ်။ဆေးဝါးများရဲ့အဓိက ပစ္စည်း (active ingredient) တူညီတဲ့ဆေးတွေကို generic name လို့ ခေါ်ပါတယ်။ဒါပေမယ့် မတူညီသောကုမ္ပဏီ အသီးသီးကအမှတ်တံဆိပ်အသီးသီးဖြင့်ထုတ်လုပ်ထားခြင်းကို brand name လို့ ခေါ်ဆိုကြပါတယ်။ဥပမာ နားလည်ရလွယ်အောင် ပြောရရင် အဖျားကျဆေး paracetamol ဆိုသည်မှာ generic name ဖြစ်ပြီး paracap, paragesic, biogesic ဆိုသည်မှာ brand name ဖြစ်ပါတယ်။အကြမ်းဖျဉ်းအားဖြင့်တော့ generic name တူတဲ့အတွက် အာနိသင်တူတူပါပဲ။ဒါပေမယ့် မတူတာတွေကို ဆက်လက်ဖော်ပြပေးပါမယ်။

    ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ ဆေးလုံး၊ဆေးပြားဖြစ်ဖို့၊ ကြာရှည်ခံဖို့နဲ့ ထိန်းသိမ်းမှုအနေအထားတွေ မတူညီကြပါဘူး။ဆေးမှာ ရှိတဲ့အပေါ်ယံလွှာဖြစ်ဖို့ ပေါင်းစပ်ထားတဲ့ ပါဝင်ပစ္စည်းနဲ့ အာနိသင်ထွက်တဲ့နှုန်း(Slow release)(moderate release) (extended release)စတဲ့ လုပ်ဆောင်ပုံတွေရှိတာကြောင့်ဆေးအာနိသင်ပြတာမှာ ကွဲလွဲနိုင်ပါတယ်။ဇီဝညီညွတ်မှု (Bioequivalence)နဲ့အရည်အသွေးထိန်းသိမ်းထားသော နိုင်ငံတကာစံချိန်စံညွှန်းများအရ ဆေးပမာဏ၊ စုပ်ယူမှုနှုန်း၊ ဆိုးကျိုးများကို လျှော့ချထားမှူ၊သွေးထဲရောက်ရှိပြီး လုပ်ဆောင်ပုံတို့ တခုနဲ့တခု အနည်းငယ်တော့ ကွာခြားတတ်ပါတယ်။

    ဒါပေမယ့် စျေးသက်သာလို့ ဆေးအရည်အသွေးလျော့တာ၊မထိရောက်တာမျိုးမရှိပါဘူး။Brand name ကွဲပေမယ့်လည်း generic name တူရင် ရောဂါနဲ့ ဆေးနဲ့ ထိရောက်ပါတယ်။ဆရာဝန်ညွှန်းတဲ့တံဆိပ်မရှိလို့ အလားတူဆေးပဲရှိတယ်ဆိုလည်း အာနိသင်အတူတူပဲမို့ စိတ်ချလက်ချသောက်လို့ရပါတယ်။ဒါ့ဖြင့်ရင် ဆရာဝန်တွေက ဘာလို့ အဲဒီ brand name ကိုပဲပေးလဲမေးရင်တော့ ထမင်းဆိုင်က ကန်စွန်းရွက်ကြော်နဲ့ စားသောက်ဆိုင်က ကန်စွန်းရွက်ကြော် ကွာသလို တူပေမယ့် နည်းနည်းလေးတော့  အာနိသင် ကွာတာရှိလိုပါလို့ပဲ ဖြေပါရစေ။

    အကယ်၍ ဆေးတွေနဲ့ပတ်သက်ပြီး သိလိုတာရှိပါက My-Medicine ရဲ့ ဖုန်းနံပါတ် 5588 (သို့) 09 77999 5588 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ My-Medicineရဲ့ဆေးဝါးပညာရှင်များကသေချာလေးဖြေကြားပေးမှာမို့ မနက် (၉) နာရီမှ ည (၁၂) နာရီအတွင်း ပိတ်ရက်မရှိမေးမြန်းနိုင်ပါနော်။


    in General Health
    ခွေးရူးပြန်ကာကွယ်ဆေးအကြောင်း ဘယ်လိုသိထားကြလဲ