Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ခွေးရူးပြန်ကာကွယ်ဆေးအကြောင်း ဘယ်လိုသိထားကြလဲ

  • All Blogs
  • General Health
  • ခွေးရူးပြန်ကာကွယ်ဆေးအကြောင်း ဘယ်လိုသိထားကြလဲ
  • 2025- ဖေဖော်ဝါရီ 26 by
    Hsu Pyae Sone

    ကျွန်မတို့ကို အိမ်မွေးတိရိစ္ဆာန်ခွေးလေးတွေကဖြစ်ဖြစ်၊လမ်းဘေးခွေးလေးတွေကဖြစ်ဖြစ် ကိုက်တာခံရရင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးဖို့လိုအပ်တာကို အကြမ်းဖျဉ်းအားဖြင့် သိကြလေ့ရှိပါတယ်။ဒါဆိုရင် ကြောင်နဲ့ တခြားသတ္တဝါတွေ ကိုက်တာခံရရင်ရော ဘာဆေးထိုးကြမလဲ။

    ခွေးရူးပြန်ရောဂါကာကွယ်ဆေးလို့ပြောပေမယ့် တကယ်တမ်း က ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများတဲ့ ခွေး၊ ကြောင်၊လင်းနို့၊ဝံပုလွေ၊ မြေခွေး စတဲ့ သတ္တဝါတို့ရဲ့ ကိုက်ခံရရင် ထိုးရမယ့် ဆေးတခုလည်းဖြစ်ပါတယ်။တချို့ကတော့ အိမ်မွေးတိရိစ္ဆာန် အာဝုတို့ မြောင်တို့ ကို ကာကွယ်ဆေးထိုးပြီးသားဖြစ်လို့ အကိုက်ခံရမယ့်လူမှာ ထိုးစရာမလိုဘူးလို့ ထင်ကြပါတယ်။တကယ်တမ်းကတော့ ကိုက်တဲ့တိရိစ္ဆာန်မှာ ဆေးပုံမှန်ထိုးထားလည်း အကိုက်ခံရတဲ့လူအနေနဲ့ ၂၄ နာရီအတွင်း (နောက်အကျဆုံး ၇၂ နာရီ မကျော်စေဘဲ)ကာကွယ်ဆေးသွားထိုးထားမှ ရောဂါဖြစ်နှုန်းကို ၉၉ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

    ခွေးရူးပြန်ရောဂါဆိုသည်မှာ ဦးနှောက်နဲ့အာရုံကြောများကို သေစေနိုင်တဲ့အထိ အဓိကတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့်ဖြစ်ပါတယ်။တကယ်လို့ အကိုက်မခံရရင်တောင် တိရစ္ဆာန်တွေရဲ့ သွားရည်နဲ့ မိမိမှာ ရှိတဲ့ အနာဒဏ်ရာနဲ့ ထိမိရင်လည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ကာကွယ်ဆေး ကို ပါဝင်ပစ္စည်းပေါ်လိုက်ပြီး အမျိုးအစား(၃)မျိုး ခွဲခြားထားကာ မဖြစ်ခင်ထဲကထိုးရသော Pre-exposure prophylaxisနဲ့ အကိုက်ခံရပြီးပြီးချင်း ထိုးသော post-exposure prophylaxis ဆိုပြီး ၂ မျိုးရှိပါတယိ။

    တိရိစ္ဆာန်တွေနဲ့ လက်ပွန်းတတီးအလုပ်လုပ်ကိုင်ရသူတွေနဲ့ မုဆိုးတွေကတော့ ကြိုတင်ထိုးထားလေ့ရှိပါတယ်။ကျွန်မတို့ သာမန်လူတွေကတော့ အကိုက်ခံရတဲ့နေရာပေါ်မူတည်ပြီး  ၃ ကြိမ်မှ ၄ ကြိမ် ထိုးရလေ့ရှိပါတယ်။ဒါ့အပြင် ကိုက်သွားတဲ့တိရိစ္ဆာန်ကို ၂ ပတ်စောင့်ကြည့်ပြီး ပိုးရှိလား၊မရှိလားလည်း ခွဲခြားကြပါသေးတယ်။ဒါပေမယ့် အကိုက်ခံရတဲ့သူအနေနဲ့ စောင့်ကြည့်တဲ့အချိန်ကျမှ ဆေးထိုးရင် မမှီတော့ပါဘူး။ခွေးရူးပြန်ရောဂါ က လေကိုကြောက်ခြင်း၊ရေကိုကြောက်ခြင်း၊အလင်းကိုကြောက်ခြင်းများနဲ့အတူ ကြွက်သားများတောင့်တင်းကာ အမြန်ဆုံးသေဆုံးနိုင်တဲ့အတွက် အကိုက်ခံရပြီးပြီးချင်း အကိုက်ခံရတဲ့နေရာကိုရေစင်အောင်ဆေးပြီး ဆေးသွားထိုးဖို့လိုပါတယ်။

    ခွေးရူးပြန်ရောဂါ က လူ့ခန္ဓာကိုယ်၏ အာရုံကြောများကို အဓိကထားတိုက်ခိုက်ပြီး ကုသဆေး မရှိတဲ့အတွက်ကြောင့် အသက်သေဆုံးနိုင်ခြေ ၁၀၀% ရှိပါတယ်။ဒါကြောင့်မို့ အိမ်မွေးခွေးလေး၊ကြောင်လေးတွေကိုလည်း ကာကွယ်ဆေးပုံမှန်ထိုးပေးဖို့ လိုအပ်သလို ကိုယ်တိုင် အကိုက်ခံရရင်လည်း အချိန်ဆွဲမနေဘဲ ခွေးရူးပြန်ရောဂါကာကွယ်ဆေး အမြန်ထိုးသင့်ကြောင်း အသိပေးပါရစေ။


    in General Health
    အခုနောက်ပိုင်းကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းခြင်း