Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

Liposuction ဆိုတာ?

  • All Blogs
  • General Health
  • Liposuction ဆိုတာ?
  • 2025- ဇန်နဝါရီ 16 by
    Hsu Pyae Sone

    ယနေ့ခေတ်မှာ မိမိကိုယ် မိမိ လှသည်ထက်လှအောင် အသားအရည်ထိန်းသိမ်းမှုပြုလုပ်ခြင်း၊အလှအပရေးရာဆေးခန်းတွေမှာ မျက်နှာနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းခြင်းတို့က ခေတ်စားလာနေကြပါပြီ။လတ်တလော ခေတ်စားနေတဲ့ အဆီစုပ်ထုတ်ခြင်းဆိုတာ ခန္ဓာကိုယ်အရေပြားအောက်က အဆီတွေကို စက်ကိရိယာအကူအညီနဲ့စုပ်ထုတ်ခြင်းပဲဖြစ်ပါတယ်။ဘယ်လိုလူတွေ လုပ်တာများသလဲဆိုရင်တော့ မြန်မြန်နဲ့များများ အဆီကျချင်တဲ့သူတွေက တတ်ကျွမ်းတဲ့လိုင်စင်ရ ဆရာဝန်ရဲ့ ခွဲစိတ်ကုသပေးမှုနဲ့အတူ အလှအပရေးရာအတွက် ဦးစားပေးပြုလုပ်ကြပါတယ်။

    ဒီနည်းလမ်းက အခုခေတ်မှာမှ မဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ထဲက လူမသိ၊သူမသိ ခေတ်စားနေတဲ့နည်းလမ်းပဲဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်း၊အဆီကျဆေးသောက်ခြင်း၊အအေးလှိုင်းဖြင့် အဆီချေဖျက်ခြင်း၊အဆီဖျော်ဆေးသွင်းခြင်းတို့က အဆီကျတာမှန်ပေမယ့် အချိန်ကာလတိုတခုအတွင်း ခေါင်းမာနေတဲ့ ရာနဲ့ချီတဲ့ အဆီပိုတွေကို မြန်မြန်ဖယ်ထုတ်ပစ်ချင်တော့ ဒီ liposuction နည်းလမ်းသာ အားထားရာ ဖြစ်ခဲ့ကြပါတယ်။အဆီပိုစုပ်ထုတ်တယ်ဆိုပေမယ့်လည်း ဆရာဝန်တိုင်းပြုလုပ်လို့မရပါဘူး။ခန္ဓာဗေဒသဘောတရားအရ အရေပြားနဲ့အတူ သွေးကြောတွေနဲ့ အာရုံကြောသဘောတရားတွေပါ သေချာနားလည်ရတာမို့ တကယ့်ကို တတ်ကျွမ်းပြီးသား အတွေ့အကြုံရှိတဲ့ဆရာဝန်မှသာ ပြုလုပ်လို့ရတာပဲဖြစ်ပါတယ်။ဒါပေမယ့် အရာအားလုံးမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိတာ သဘာဝပဲပေါ့။

    အခန့်မသင့်တဲ့အခါ အသက်ဆုံးရှုံးမှုတွေအထိ ဖြစ်တတ်တဲ့ ဒီ liposuction ကို အဆီကျချင်စိတ်တခုတည်းနဲ့ မပြုလုပ်သင့်ဘဲ အကောင်းအဆိုး အကြောင်းအကျိုးကို လုပ်ချင်တဲ့သူ ကကြိုသိထားရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ခွဲစိတ်မှုပြုလုပ်တာဖြစ်လို့ တခြားခွဲစိတ်မှုတွေလိုပဲ မေ့ဆေး၊ထုံဆေးအန္တရာယ်နဲ့ခွဲရတဲ့အန္တရာယ်၊အမာရွတ်အရာ အစရှိသဖြင့်ကတော့ လူတိုင်းကြုံတွေ့ရမယ့်ကိစ္စတွေပဲဖြစ်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရတော့ liposuction လုပ်တဲ့သူအယောက် ၅၀၀၀ မှာ တစ်ယောက်ကတော့ အခန့်မသင့် အသက်ဆုံးရှုံးတဲ့ဒဏ်ရှိပါတယ်။ဒါပေမယ့် အသက်ဆုံးရှုံးတာမဟုတ်ဘဲ တခြားဖြစ်တတ်တဲ့ အကြောင်းအရာတွေကိုလည်း ဖော်ပြချင်ပါသေးတယ်။

    Liposuction မှမဟုတ်ဘဲ ခွဲစိတ်မှုအကြီးစားပြုလုပ်ခြင်းခံရသူတိုင်း က အိပ်ရာထဲရက်ကြာကြာလှဲပြီး အနားယူရတာမျိုးရှိပါတယိ။ဒါ့အပြင် ခွဲစိတ်မှုလုပ်ပြီးတဲ့အခါ ရောင်တာသက်သာဖို့ ၃ ပတ်ကနေ တလအထိစောင့်ရပါတယ်။ကြီးကြီးမားမားအနေနဲ့ ခွဲပြီးတဲ့အချိန် သွေးကြောထဲကအဆီခဲ ပြုတ်ထွက်ပြီး အဆုတ်ထဲတွင် ပိတ်တတ််ခြင်း၊ကိုယ်တွင်းကလီစာအစိတ်အပိုင်းများ ပျက်စီးနိုင်ခြင်း၊အသက်ရှူကြပ်ခြင်း၊ပိုးဝင်ခြင်း၊အနာသေချာမကျက်ခြင်း၊ခွဲစိတ်ထားတဲ့နေရာက သွေးစိမ့်ထွက်ခြင်း၊ထုံဆေး မေ့ဆေးရဲ့နောက်ဆက်တွဲ ပြဿနာများအပြင် သွေးခဲပြုတ်ထွက်ပြီး လေဖြတ်သွားခြင်းတွေအထိပါ ဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် အလှအပရေးရာအတွက် လုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ liposuction ကျွမ်းကျင်တဲ့ဆရာဝန်ကို သေချာရွေးချယ်ပါ။ခွဲစိတ်ပြီး ဖြစ်လာမယ့်နောက်ဆက်တွဲအန္တရာယ်တွေ လျော့နည်းအောင်သေချာတိုင်ပင်ဆွေးနွေးပါ။အဆီတွေဖယ်လိုက်ပေမယ့်လည်း အစားအသောက်၊လေ့ကျင့်ခန်းတွေနဲ့မထိန်းရင် ရေရှည်မှာပြန်ဝနိုင်တဲ့အကြောင်း လည်း ကြိုတင် သတိပေးပါရစေ။တွေ့ကရာနေရာမှာ ပြီးပြီးရော မလုပ်ဘဲ သေချာစုံစမ်းပြီး အသိဖြင့် ဆင်ခြင်နိုင်တဲ့ ကျန်းမာလှပသောသူများဖြစ်ကြဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။


    in General Health
    Hangover ပြေစေမဲ့နည်းလမ်းများ