Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

HPV Vaccine ထိုးပြီးကာကွယ်နိုင်သောရောဂါများ

  • All Blogs
  • General Health
  • HPV Vaccine ထိုးပြီးကာကွယ်နိုင်သောရောဂါများ
  • 2024- နိုဝင်ဘာ 18 by
    Hsu Pyae Sone
    HPV vaccine ထိုးပြီး ကာကွယ်နိုင်တဲ့ကင်ဆာရောဂါများ


    မိန်းကလေးတွေ အပျိုဖော်အရွယ်ရောက်တာနဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးသင့်တဲ့အကြောင်း တိုက်တွန်းကြတာကို ကြားဖူးကြမယ်ထင်ပါတယ်။သားအိမ်ခေါင်းကင်ဆာဆိုတာအမျိုးသမီးတွေအတွက်စတုတ္ထမြောက်အသေအပျောက်အများဆုံးရောဂါဖြစ်ပြီး Human Papilloma Virus (HPV) လို့ ခေါ်တဲ့ ကြွက်နို့ပိုး ကြောင့်ဖြစ်တတ်ပါတယ်။

    HPV ခေါ်တဲ့ ကြွက်နို့ပိုးဟာ အရေပြားနဲ့ အသားနု တွေကို ကြီးထွားလာစေတတ်တဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါပိုး ဖြစ်ပြီး အဓိကအားဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေတဲ့ တရားခံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံတာမဟုတ်ဘဲ အရေပြားချင်းထိတွေ့ရုံနဲ့လည်း ရိုးရိုးကြွက်နို့အနေနဲ့ ကူးစက်တာမျိုးရှိနိုင်ပါသေးတယ်။

    Human papilloma virus ကို ကူးစက်နှုန်းမြန်(high risk)နဲ့ ကူးစက်နှုန်းနှေး(low risk)virus strain လို့ ခွဲခြားထားပြီး high risk  ၁၄ မျိုး က လည်ချောင်းကင်ဆာ၊စအိုကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ မျိုးပွါးအင်္ဂါတွေမှာပါ ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။Low risk strain တွေကတော့ လိင်အင်္ဂါအတွင်းအပြင်၊စအိုနဲ့ ခန္ဓာကိုယ်ရဲ့နေရာအနှံ့အပြားမှာ ကြွက်နို့ဆိုတဲ့ အသားပို ကို ပဲ ဖြစ်စေပါတယ်။

    လိင်တူဖြစ်စေ လိင်ကွဲချစ်သူဖြစ်စေ အကာအကွယ်မဲ့လိင်ဆက်ဆံရာမှ တဆင့် HPV ပိုးဟာ ကူးစက်နိုင်သလို အရေပြားချင်း ထိရင်လည်း ကူးစက်နိုင်ပါတယ်။ပါးစပ်နဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရင်းလည်း လည်ချောင်းထဲကို HPV ပိုးကူးစက်ပြီး ကင်ဆာအထိပါ ဖြစ်ပွါးတတ်ပါတယ်။ထူးခြားဖြစ်စဉ်အနေနဲ့ ကိုယ်ဝန်ဆောင်မိခင် မှာ HPV ပိုး ရှိနေရင် ဗိုက်ထဲက ကလေးကိုပါ သွားရောက် ကူးစက်နိုင်ပါတယ်။ 

    လိင်အင်္ဂါကြွက်နို့တွေက အမျိုးသား/အမျိုးသမီး လိင်အင်္ဂါ၊စအို အတွင်း/အပြင်၊ပေါင်ခြံ/ပေါင်ရင်း၊အမျိုးသမီး သားအိမ်ခေါင်းအဝအပြင်ပါးစပ်နဲ့ လိင်ဆက်ဆံသူတွေအတွက်ကတော့နှုတ်ခမ်း၊ပါးစပ်၊လျှာ၊လည်ချောင်း တွေ မှာ တွေ့တတ်ပါတယ်။ကြွက်နို့တွေက တခါတရံမှာ နေရခက်ပြီး ယားတာမျိုးရှိတဲ့အပြင် ထိလိုက်ရင် နာတာမျိုးလည်း ရှိတတ်ပါတယ်။ထိခိုက်မှုဖြစ်ရင်လည်း ကြွက်နို့တွေ က သွေးထွက်လွယ်ပါသေးတယ်။

    ဒါကြောင့်မို့ HPV vaccine ဆိုသည်မှာ သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ရန်အတွက် အဓိက ထိုးခိုင်းကြသော်လည်း HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်သော ရိုးရိုးကြွက်နို့၊လိင်အင်္ဂါကြွက်နို့ ၊အမျိုးသမီးအင်္ဂါကင်ဆာ၊အမျိုးသားလိင်အင်္ဂါကင်ဆာနဲ့ စအိုကင်ဆာအထိပါ ကာကွယ်ပေးနိုင်ပါတယ်။အသက်အရွယ်အလိုက် စနစ်တကျကာကွယ်ဆေးထိုးပါက ၉၀% ကျော်ထိရောဂါဖြစ်ပွါးနှုန်းကိုကာကွယ်ပေးနိုင်လို့ သေချာစစ်ဆေးပြီး ဆေးထိုးကြဖို့ မမေ့ကြနဲ့နော်။

    ဒါ့အပြင် HPV Vaccine တွေကိုထိုးနှံဖို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်မတို့ My-Medicine မှာလည်းရနေပြီဖြစ်ကြောင်းသတင်းပါးလိုက်ပါရစေနော်။


    in General Health
    သေမင်းကိုဖိတ်ခေါ်နေတဲ့ဆေးလိပ်