Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

Covid 19 နှင့် အအေးမိတုပ်ကွေးကွဲပြားပုံ

  • All Blogs
  • General Health
  • Covid 19 နှင့် အအေးမိတုပ်ကွေးကွဲပြားပုံ
  • 2025- ဇူလိုင် 29 by
    Hsu Pyae Sone

    ယခုလို ပူနွေးစိုစွတ်တဲ့ မိုးရာသီရောက်လာတာကြောင့် ဗိုင်းရပ်စ်ပိုးများနဲ့ အချို့သော ဘက်တီးရီးယားပိုးများ ကူးစပ်ပျံ့နှံ့မှုဟာ အလွန်ကို မြန်ဆန်ပါတယ်။ covid 19 ကိုဗစ်-၁၉ ရော အအေးမိတုပ်ကွေး တနည်းပြောရရင် ရာသီတုပ်ကွေးရောဂါရောက မိုးရာသီမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး လေထုထဲက တဆင့်ကူးစပ်ပါတယ်။

    အအေးမိတုပ်ကွေးရောဂါခံစားနေရသူဟာ ကိုယ်အပူချိန်တက်တာ၊ ခေါင်းကိုက်ခေါင်းမူးတာ၊ အစားအသောက်ပျက်တာ၊ အော့အန်တာ၊  ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာတာ၊ ရံဖန်ရံခါ ဝမ်းလျှောတာအထိ ဖြစ်တတ်ပါတယ်။ သာမာန်အားဖြင့် အအေးမိတုပ်ကွေးရဲ့ အဖျားက ၃ရက်ကနေ ၅ရက်လောက်ထိသာ ကြာမြင့်တတ်ပါတယ်။ ၅ရက်ထပ် ပိုကြာလာရင်တော့ တုပ်ကွေးရောဂါထပ် အခြားသောရောဂါ ဖြစ်နိုင်ချေ ပိုများလာတာကြောင့် ရောဂါ သေသေချာချာ ရှာဖွေသင့်ပါတယ်။

    ကိုဗစ်-၁၉ ကလည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဆိုတော့ ရောဂါလက္ခဏာအတော်အများက အအေးမိတုပ်ကွေးနဲ့ တူပါတယ်။ ထူးခြားတာ သူက အနံ့ အရသာ ပျောက်သွားတတ်ပါတယ်။ ဦးနှောက်အကြိတ်ရောဂါ အယ်ဇိုင်းမား မှတ်ဉာဏ်ကျဆင်းတဲ့​ရောဂါနဲ့ အာရုံခံနိုင်တဲ့ အာရုံကြောကို ထိခိုက်ထားတဲ့ ရောဂါက လွဲပြီး ဒီလို အနံ့ အရသာပျောက်ဖို့ဆိုတာ ကိုဗစ်က လွဲပြီး ရောဂါသိပ်များများစားစား မရှိပါဘူး။ သူရဲ့ အရေးကြီးတဲ့ နောက်အချက်က အဖျား ၃ရက်မြောက်နေ့မှာ အောက်စီဂျင်ကျတတ်ပါတယ်။ အဆုတ်သွေးကြောပိတ်တာ နာတာရှည် အဆုတ်ယောင် အဆုတ်ခဲတာမျိုးထိပြင်းထန်နိုင်ပါတယ်။ အဆုတ်​ရောဂါအခံရှိသူများ ဆီးချိုသွေးချိုလူနာ အသက် ၆၅ နှစ်အထပ် ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီး ပြင်းထန်နိုင်ပါတယ်။ နောက်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးကို သေသေချာချာ ထိုးနှံထားတာကြောင့် ရောဂါ ပြင်းထန်မှု အသက်ဆုံးရှုံးမှု အလွန်ပင်နည်းပါတယ်။

    ဒါ့အပြင် နှာချေတာ ချောင်းဆိုးတဲ့ အခါတွေမှာ လက်ကိုင်ပဝါသုံးပါ။ နှာစေးလို့ တစ်ရှူးသုံးထားလျှင်လည်း အိတ်နဲ့သေချာထုပ်ပြီး အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပါ။ လက်ဆွဲနှုတ်ဆက်တာ ပွေ့ဖက်တာတွေကို ဆင်ခြင်ပါ။ လူထူတဲ့ နေရာသွားပြီးရင် လက်ကို စနစ်တကျသန့်စင်အောင် ဆေးကြောပါ။ မသန့်ရှင်းတဲ့ ဆေးကြောမထားတဲ့ လက်နဲ့ မျက်နှာကို မထိမကိုင်ပါနဲ့။ နှာခေါင်းစည်း mask ကို သေချာဝတ်ဆင်ပါ။ ဒါမှလည်း covid 19 ရော အအေးမိတုပ်ကွေးအန္တရာယ်ကရော ကင်းဝေးပါလိမ့်မယ်။


    in General Health
    သာမန်ချောင်းလား...အဆုတ်ရောင်ချောင်းလား?