Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

လက်သည်းခြေသည်း မှိုစွဲခြင်း အကြောင်း( Tinea unguium )

  • All Blogs
  • General Health
  • လက်သည်းခြေသည်း မှိုစွဲခြင်း အကြောင်း( Tinea unguium )
  • 2025- ဇူလိုင် 29 by
    Hsu Pyae Sone

    ပူနွေးစိုစွတ်တဲ့ မိုးရာသီဟာ မှိုရောဂါအဖြစ်များ ကူးစက်မှုများစေပြီး အရင်က ဖြစ်ဖူး ကုသဖူးတဲ့ နေရာတွေမှာပါ အခန့်မသင့်ရင် ပြန်ကြွလာတတ်ပါတယ်။ တကိုယ်လုံးအနှံ့အပြား  ဦးရေပြား ခြေထောက် ပေါင်ကြား ချိုင်းကြား ရင်သားအောက် လက်သည်း ခြေသည်း စိုထိုင်းမှု များတဲ့ နေရာတိုင်းလိုလိုမှာ ဖြစ်တတ်ပါတယ်။ လက်သည်း ခြေသည်းမှိုစွဲရောဂါက အလွန် အဖြစ်များပြီး ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

    အသက်ကြီးတဲ့သူ၊ အားကစားသမားများ၊ ကိုယ်ခံအားမကောင်းတဲ့သူများ ( ဥပမာ- ဆီိးချိုရောဂါရှိသူ၊ HIV အိတ်အိုင်ဗီပိုး ကူးစက်ခံရသူ)များ၊ ခြေဆီအထွက်များတဲ့ ဖိနပ်တွေစီးတာ၊ ရွှံ့ဗွက် မသန့်ရှင်းတဲ့ရေထဲကို ခြေဗလာနဲ့ လမ်းလျှောက်တာ၊ ခြေသည်းလက်သည်းကို ခဏခဏထိခိုက်မိတာ၊ အလှဆင်တဲ့ ခြေသည်းလက်သည်း အတုတွေ တာရှည်ဝတ်ဆင်တာကနေ လက်သည်းခြေသည်းမှိုစွဲရောဂါကို အဖြစ်များစေပါတယ်။ လက်သည်းထပ် ခြေသည်းက ပိုပြီး မှိုစွဲတာ အဖြစ်များပါတယ်။

    ကနဦးအစမှာ လက်သည်းခွံအရောင်ပြောင်းတာ ( အဖြူရောင်မှ အဝါပုတ်ရောင်ထိ ) လက်သည်းဘေးစွန်းကနေ စပြောင်းလာပါမယ်။ လက်သည်းခွံ ကျွတ်ဆက်ပြီး ထူလာ မာလာပါမယ်။ ပိုဆိုးလာလျှင် လက်သည်းခွံက ပုံပျက်ကာ လှိုင်းတွန့်လို အတွန့်အလိပ်တွေဖြစ်လာပြီး ကုသမှု မခံယူပါက လက်သည်းခွံကျွတ်ထွက်ကာ လုံးဝပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အရမ်းဆိုးရင် အနံ့ နံတာ ရောင်ရမ်းတာ သွေးထွက်တာ ပြည်တည်တာတွေပါ ဖြစ်နိုင်ပါတယ်။

    ကူးစက်တတ်တဲ့ ရောဂါဆိုပေမယ့် ထိရောက်စွာကုသရင် ပျောက်ကင်းနိုင်ပါတယ်။ ကုသမှုအနေနဲ့ကတော့ Antifungal Drugs မှိုသတ်ဆေး - သောက်ဆေး နဲ့ လိမ်းဆေး ဆိုပြီး နှစ်မျိုးရှိရာ ဒီ လက်သည်းခြေသည်း မှိုစွဲရောဂါမှာ ဆေးအမျိုးအစား နှစ်ခုလုံးကို တွဲပေးတာက ပိုပြီး  ထိရောက်တဲ့ ကုသမှုကို ပေးနိုင်ပါတယ်။ လပေါင်း များစွာကြာကြာ ဆေးသောက်ရပါတယ်။

     ဆေးက အသည်းရောင်စေတတ်တာကြောင့် လစဉ် Liver function test ခေါ်တဲ့ အသည်းရဲ့လုပ်ဆောင်မှု ပုံမှန်စစ်ဆေးပြီးမှ ဆေးဆက်တိုက်ပါတယ်။ ၈၀ ရာခိုင်နှုန်းက လုံးဝ ပျောက်ကင်းအောင် ကုနိုင်တဲ့ အတွက် ဆေးမှီးတိုနဲ့ ကုမနေပဲ ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီး ထိရောက်တဲ့ ကုသမှုခံယူသင့်ပါတယ်။ 


    in General Health
    ရေချိုးခေါင်းလျှော်ပြီးတိုင်း နားကလော်တတ်တဲ့အကျင့်က အန္တရာယ်ရှိလား