Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဖုန်း Screen များကြောင့် မျက်စိနာခြင်း

  • All Blogs
  • Eye Care
  • ဖုန်း Screen များကြောင့် မျက်စိနာခြင်း
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone

    ဖုန်း Screen များကြောင့် မျက်စိနာခြင်း 


    ဒီနေ့ခေတ်လို ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ screen တွေကြည့်ရင်းနဲ့ အချိန်တွေ အများကြီး ကုန်ဆုံးနေကြတာ မဆန်းပါဘူး။ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ်၊ ချစ်ရတဲ့သူတွေနဲ့ ဆက်သွယ်ချင်လို့ပဲဖြစ်ဖြစ် စမတ်ဖုန်းတွေ၊ tablets‌ တွေ၊ ကွန်ပျူတာတွေနဲ့ တခြားဒစ်ဂျစ်တယ်ပစ္စည်းတွေရဲ့ အလင်းနဲ့ ကျွန်တော်တို့ မျက်လုံးတွေက အမြဲထိတွေ့နေရပါတယ်။ နည်းပညာက လူတွေရဲ့ဘဝကို အများကြီး အကျိုးပြုနေတယ်ဆိုတာ မငြင်းနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ အမြင်အာရုံအတွက် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း လျစ်လျူရှုမထားသင့်ပါဘူးနော်…  

    ဒီအန္တရာယ်တွေထဲက တစ်ခုကတော့ ဖုန်း Screen တွေကြောင့် မျက်စိနာတာပါပဲ။ Computer Vision Syndrome လို့ရော Digital Eye Strain လို့ရော ခေါ်ကြတဲ့ screenတွေကြောင့် မျက်စိနာတာဟာ ဒစ်ဂျစ်တယ်ကိရိယာတွေကို ကြာရှည်စွာအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မျက်လုံးနဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတစ်မျိုးပါ။ ဖန်သားပြင်တွေကို အချိန်အကြာကြီး အာရုံစိုက်ရတဲ့အခါ မျက်လုံးတွေက ကြည်လင်တဲ့ အမြင်အာရုံကို ထိန်းသိမ်းထားဖို့ ပိုမိုကြိုးစားလုပ်ဆောင်ကြရတာကြောင့် မသက်မသာဖြစ်ပြီး မျက်လုံးတွေ ညောင်းလာပါတယ်။ 

    အဖြစ်များ‌တဲ့ လက္ခဏာတွေကတော့ - 

    🔸မျက်စိညောင်းညာတာ

    🔸မျက်လုံးတွေ ခြောက်သွေ့ပြီး နီရဲနေတာ

    🔸အမြင်မှုန်ဝါးတာ

    🔸ခေါင်းကိုက်တာ

    🔸ဇက်ကြောတက်တာ တို့ပါ။

    Digital Eye Strain တွေကို ဖြစ်စေရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။


    ▶ ဒစ်ဂျစ်တယ် ကိရိယာတွေက ထုတ်လွှတ်တဲ့ blue light တွေက မျက်လုံးအတွင်းပိုင်းကို ပိုမိုနက်ရှိုင်းစွာ ရောက်ရှိနိုင်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ပေးတဲ့အပြင် မျက်လုံးတွေကိုလည်း ညောင်းညာကိုက်ခဲစေပါတယ်


    ▶ ဖန်သားပြင်ပေါ်တွေရဲ့ အားနည်းတဲ့ အလင်းရောင်နဲ့ ရောင်ပြန်ဟပ်မှုတွေကလည်း ရှင်းရှင်းလင်းလင်းမြင်ရစေဖို့ မျက်လုံးတွေကို ပိုမိုအာရုံစိုက်ရစေပါတယ်


    ▶ ဖန်သားပြင်နဲ့ နီးနီးကပ်ကပ်ထိုင်ကြည့်တာ၊ ဒါမှမဟုတ် အဆင်မပြေတဲ့ ရှုထောင့်တွေက ကြည့်တာကလည်း မျက်လုံးနဲ့ လည်ပင်းကြွက်သားတွေကို ညောင်းညာစေပါတယ်


    ▶ ဖန်သားပြင်ပေါ်ကို အရမ်းအာရုံစိုက်မိနေတဲ့အခါ မျက်တောင်ခတ်ပေးဖို့ မေ့မေ့သွားတတ်တာမလို့ မျက်လုံးတွေ ခြောက်သွေ့ပြီး ယားယံလာတတ်ပါတယ်


    ဒီလို screen တွေ အကြည့်များလို့ ဖြစ်ရတဲ့ မျက်စိညောင်းညာကိုက်ခဲနေတာတွေ သက်သာပြီး မျက်စိကျန်းမာနေဖို့ဆိုရင် အောက်က နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါနော်

    •  20-20-20 စည်းမျဉ်းကို လိုက်နာပါ 

    Screen ကို ကြည့်နေရတဲ့ မိနစ် 20 တိုင်း စက္ကန့် 20 လောက် အနားယူပြီး ပေ 20 အကွာက တစ်ခုခုကို အာရုံစိုက်ပြီး ကြည့်ပေးပါ။ ဒီလေ့ကျင့်ခန်းက မျက်လုံးကြွက်သားတွေကို ပြေလျော့စေပြီး ညောင်းညာတာကို သက်သာစေမှာပါ။


    •  Display setting တွေ ချိန်ညှိပေးပါ

    မျက်လုံးညောင်းညာမှုကို လျှော့ချရဖို့ screen brightness, contrast နဲ့ font size တွေကို ကိုယ်နဲ့အဆင်ပြေဆုံး အနေအထားတွေမှာ ချိန်ညှိပေးပါ။ Blue light နဲ့ ထိတွေ့မှုကို လျှော့ချဖို့ "night mood" ဒါမှမဟုတ် blue light filter တွေ အသုံးပြုပေးပါ။


    •  ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားကို ထိန်းသိမ်းပါ

    မျက်လုံးနဲ့ ဖန်သားပြင်အကြား သက်တောင့်သက်သာရှိတဲ့ အကွာအဝေးတစ်ခုခြားပြီး screen ကို မျက်လုံးအမြင့်နဲ့ အတည့်ထားပါ။ ဇက်ကြောတက်တာတွေ ပြေလျော့စေဖို့ နောက်မှီပါတဲ့ ထိုင်ခုံတွေ အသုံးပြုပေးပြီးတော့ ပုံမှန်အနားယူပြီး ခြေလက်ဆန့်ပေးပါ။


    •  ပုံမှန် မျက်တောင်ခတ်ပေးပါ

    အထူးသဖြင့် screen တွေကို အချိန်အကြာကြီး ကြည့်ရတဲ့အခါတွေမှာ သတိရှိရှိနဲ့ မကြာခဏ မျက်တောင်ခတ်ပေးပါ။ မျက်လုံးခြောက်သွေ့တာကို ကာကွယ်ဖို့ မျက်စဉ်းလည်း ခတ်ပေးနိုင်ပါတယ်။


    •  Screen ကြည့်ချိန်တွေ ကန့်သတ်ထားပါ

    ဖန်သားပြင်တွေက ပုံမှန်အနားယူပြီး စာအုပ်ဖတ်တာနဲ့ လမ်းလျှောက်တာတို့လို အပန်းဖြေနည်းတွေကို လုပ်ဆောင်ပေးပြီးတော့လည်း မျက်လုံးတွေကို အနားပေးပေးပါ။


    ဟုတ်ကဲ့ပါ ဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူတင်ပါတယ်။ ပြီးတော့ …

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်စေ၊ အထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်စေ https://mymedicine.com.mm/r/eyes ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။





    in Eye Care
    မျက်ရိုးတွေခဏခဏကိုက်တာ မျက်မှန်ပါဝါကြောင့်လား