Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ခေတ်လူငယ်များရဲ့ အနီးကပ်ဆုံးရန်သူ (အစာအိမ်ရောဂါအကြောင်း)

  • All Blogs
  • Digestive Tract Care
  • ခေတ်လူငယ်များရဲ့ အနီးကပ်ဆုံးရန်သူ (အစာအိမ်ရောဂါအကြောင်း)
  • 2024- စက်တင်ဘာ 6 by
    Hsu Pyae Sone
    ခေတ်လူငယ်များရဲ့ အနီးကပ်ဆုံးရန်သူ (အစာအိမ်ရောဂါအကြောင်း)


    Spicy အနက်ရောင်ထုပ်လေး စားချင်လို့….ဆိုတာက အကြောင်းပြုပြီး အပူအစပ်တွေ အကင်တွေ ဟာ စားရတာလည်း အရသာရှိသလို လူငယ်တော်တော်များများ နေ့တိုင်းစားဖြစ်နေတဲ့အရာပဲဖြစ်ပါတယ်။သာမန်ထက်ပိုတဲ့ အစပ်အရသာပါတဲ့ မာလာမောက်ချိုက်၊မာလာရှမ်းကော၊အသင့်စားအစားအစာတွေနဲ့ ခေါက်ဆွဲအစပ်ထုပ်တွေဟာ ယနေ့ခေတ်မှာ တစ ထက် တစနေရာယူလာကြပါတယ်။

    စားလို့ကောင်းတာ က တော့ မှန်ပေမယ့် စားပြီးနောက်ဆက်တွဲမှာ အစာအိမ်အောင့်တာ၊ဗိုက်နာတာတွေ ဖြစ်လာတတ်ကြပါတယ်။ဒါကို ကျွန်မတို့အလွယ်တကူ အစာအိမ်ရောင်တယ် လို့ ပြောကြတာပေါ့လေ။တကယ်တော့ အစာအိမ်ရောင်တဲ့ရောဂါ က အစပ်စားတာ တခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။တာရှည်ခံအစားအစာတွေ၊အကင်တွေ၊အကိုက်အခဲပျောက်ဆေးအလွန်အကျွံသုံးစွဲမှုတွေ၊အရက်နဲ့မူးယစ်ဆေးဝါးတွေ၊အစာအိမ်ပိုးရှိသူတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် အစာအိမ်ရောင်ခြင်း၊အစာအိမ်နာခြင်းများ ဖြစ်တတ်ပါတယ်။

    အစာအိမ်ရောင်တယ်ဆိုတာ အစာအိမ်အတွင်းနံရံအလွှာပါးလေး ရောင်ခြင်း ဖြစ်ပါတယ်။အစာအိမ်ရောင်တာ ကို Acute Gastritis ( အစာအိမ် ရုတ်တရက်ရောင်ခြင်း) နဲ့Chronic Gastritis( နာတာရှည် ရောင်ပြီး အစာအိမ်အနာဖြစ်ခြင်း)ဆိုပြီး ခွဲခြားထားပါတယ်။တချို့ အစာအိမ်နာတဲ့ သူတွေ ဟာ ဆေးသေချာကုသမှု မခံယူတဲ့အတွက် ခဏခဏ အစာအိမ် အနာ ဖြစ်ပါများပြီး အစာအိမ် ကင်ဆာ တွေပါ ဖြစ်တတ်ကြပါတယ်။

    အစာအိမ်ရောင်တဲ့လက္ခဏာတွေကတော့ ရင်ညွှန့်နဲ့ အရှိုက် နေရာက ပူပြီး အောင့်ခြင်း၊တခုခုစားတာနဲ့ ပျို့အန်ခြင်း၊အစာနည်းနည်းစားလိုက်ရုံနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အစားအသောက်ပျက်ခြင်း နဲ့ ပိုဆိုးလာရင် ဝမ်းအမည်းတွေသွားတတ်ပါသေးတယ်။ဒါကြောင့်မို့ အစာအိမ်ရောင်တတ်တဲ့လူငယ်တွေ အနေနဲ့ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ အစားအချိန်မှန်စားဖို့ လိုတဲ့အပြင် အရက် ၊ ဘီယာ၊ ဆေးလိပ်၊ မူးယစ်ဆေး၊အပူအစပ်၊ ကော်ဖီ နဲ့ Gas ပါတဲ့ အအေးများ သောက်ခြင်းကို အခြေခံအားဖြင့် ရှောင်ရှားရမှာ ဖြစ်ပါတယ်။

    အစာအိမ်နာချင်သလို ဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်ဆီမှာ ဆေးထိုး၊ဆေးသောက်ခံယူရမှာဖြစ်ပါတယ်။ခဏခဏဖြစ်နေရင်တော့ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ပြီး အစာအိမ်ပိုးရှိ၊မရှိ လေမှုတ်စစ်တာ၊မှန်ပြောင်းကြည့်တာတွေ လုပ်ဖို့အထိ လိုအပ်ပါတယ်။ဒါကြောင့်မို့ အစုံစားလို့ရတဲ့ဒီခေတ်ကြီးမှာ မွေးလာရတာ ကောင်းပေမယ့် အပူအစပ်တွေကို သတိနဲ့ဆင်ခြင်ပြီး စားသင့်ကြောင်း လူငယ်တွေကို တိုက်တွန်းပါရစေရှင်။ 

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/Gastroကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in Digestive Tract Care
    ဝမ်းလေးကောင်းမှ ခေါင်းမခဲ