Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆီးချိုနဲ့ နှလုံးကျန်းမာရေး

  • All Blogs
  • Diabetes
  • ဆီးချိုနဲ့ နှလုံးကျန်းမာရေး
  • 2024- ဩဂုတ် 29 by
    Hsu Pyae Sone

    ဆီးချိုနဲ့ နှလုံးကျန်းမာရေး


    ခန္ဓာကိုယ်မှာ သွေးတွင်းသကြားဓာတ်တွေ များလာတာကြောင့် ဖြစ်ရတဲ့ ဆီးချိုရောဂါဟာ ရောဂါလက္ခဏာ ထင်ထင်ရှားရှား မခံစားရတတ်ဘူးလို့ အတော်များများက ထင်တတ်ကြပေမယ့်လည်း ‌သူ့ရဲ့ နောက်ဆက်တွဲပြဿနာတွေက များပြားလှပါတယ်။

    ပိုးဝင်နိုင်ချေများတာကြောင့် အနာမကျက်တာကနေ စလို့ မျက်လုံး၊ ကျောက်ကပ်နဲ့ အာရုံကြောတွေကိုပါ ထိခိုက်စေနိုင်တဲ့ ဆီးချိုဟာ နှလုံးကျန်းမာရေးကိုလဲ သိသိသာသာ ဒုက္ခပေးနိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။


    ဆီးချိုရောဂါက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတော့…

    - သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားလာတဲ့အခါ သွေးကြောနံရံတွေ ပျက်စီးသွားတာကြောင့် သွေးကြောတွေ ကျဉ်းမြောင်းပြီး ကြွတ်ဆပ်သွားစေပါတယ်။ ဒီလိုဖြစ်တဲ့အခါ နှလုံးနဲ့ အခြားအင်္ဂါတွေဆီကို သွေးစီးဆင်းမှု လျော့နည်းသွားတာကြောင့် နှလုံးရောဂါနဲ့ အခြား နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ 

    - သွေးတွင်းသကြားဓာတ် မြင့်မားခြင်းက သွေးကြောအတွင်း ကျန်းမာရေးအတွက် မကောင်းတဲ့ LDL ကိုလက်စထရောတွေကို တိုးစေတာကြောင့် နှလုံးဆီ သွေးစီးဆင်းမှုကိုလည်း ပိုမိုပိတ်ဆို့စေပါတယ်။

    ဆီးချိုက နှလုံးရောဂါတွေဖြစ်နိုင်ချေကို 2ဆမှ 4ဆအထိ တိုးစေသလို ဆီးချိုရောဂါရှိသူတွေရဲ 65% ကျော်ကလည်း နှလုံးရောဂါ (သို့) လေဖြတ်တာကြောင့် အသက်ဆုံးရှုံးတတ်ကြပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတိုင်းအနေနဲ့ ဆီးချိုကြောင့် နှလုံးရောဂါဖြစ်နိုင်ချေကို ထိန်းသိမ်းဖို့ အရမ်းအရေးကြီးပါတယ်။


    •  သွေးတွင်းသကြားပမာဏကို ခဏခဏ ပုံမှန်စစ်ဆေးပေးပါ
    • ကျန်းမာပြီး အာဟာရမျှတအောင် စားပါ
    • ပုံမှန် ကိုယ်လက်လှုပ်ရှားပေးပါ
    • Stress တွေကို ရှောင်ပါ
    •  ဆရာဝန် ညွန်ကြားထားတဲ့အတိုင်း ဆေးပုံမှန်သောက်ပေးပါ
    • အရက်၊ ဆေးလိပ်ရှောင်ပါ
    • ဆရာဝန်ချိန်းတဲ့ ရက်ချိန်းတိုင်းကို မပြတ်သွားပြီး medical check-up ပုံမှန်လုပ်ပေးပါ


    ဒီနည်းလမ်းလေးတွေကို လိုက်နာပေးတာက ဆီးချိုရောဂါကို ပုံမှန်ထိန်းသိမ်းပြီးသား ဖြစ်သွားသလို နောက်ဆက်တွဲ နှလုံးရောဂါတွေ ဖြစ်နိုင်ချေကိုပါ လျှော့ချပေးတာကြောင့် ကိုယ့်ကျန်းမာရေးကို ဦးစားပေးတဲ့ ပြောင်းလဲမှု‌လေးတွေ ပြုလုပ်ဖို့ မတွန့်ဆုတ်လိုက်ပါနဲ့နော်…

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ အထူးကုဆရာဝန်​ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/gp ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။



    in Diabetes
    အချိုတွေစားတိုင်းဆီးချိုဖြစ်နိုင်လား