Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

သင့်နှလုံးလေးကျန်းမာစေချင်

  • All Blogs
  • Cardiology
  • သင့်နှလုံးလေးကျန်းမာစေချင်
  • 2024- စက်တင်ဘာ 10 by
    Hsu Pyae Sone
    သင့်နှလုံးလေးကျန်းမာစေချင်


    ယနေ့ခေတ်မှာ စိတ်ဖိစီးမှုများခြင်း၊လှုပ်ရှားမှုနည်းခြင်း၊အဆီများသော အစားအစာများစားခြင်းနဲ့ Party drugs များသုံးစွဲခြင်းကြောင့် လူငယ်လူရွယ်တွေမှာတောင် နှလုံးအခန်းကျယ်သောရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးခြင်းတို့ ဖြစ်နေသည်ကို တွေ့ရှိရပါတယ်။အချိန်မတိုင်ခင် နှလုံးရောဂါမဖြစ်ဘဲ ကျန်းမာသောဘဝတခုကို ပိုင်ဆိုင်ရလေအောင် ဘာတွေဆောင်ရ၊ရှောင်ရမလဲဆိုတဲ့အကြောင်းကို ပြောပြချင်ပါတယ်။

    (၁)ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်ခြင်းကနှလုံးကိုတင်မကဘူး၊ခန္ဓာကိုယ်တခုလုံးမှာရှိတဲ့ကိုယ်တွင်းကလီစာတော်တော်များများမှာရောဂါဖြစ်စေတတ်ပါတယ်။ဆေးလိပ်ဖြတ်ခြင်းအားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်မှုကိုသိသိသာသာလျော့ကျစေမှာပဲဖြစ်ပါတယ်။


    (၂)အရက်လျှော့သောက်ပါ

    အရက်အလွန်အကျွံသောက်ခြင်းဟာ ခန္ဓာကိုယ်တွင်းကလီစာတွေဖြစ်တဲ့ အသည်း၊ကျောက်ကပ်နဲ့ နှလုံးကိုအဓိကဒုက္ခပေးပါတယ်။အရက်ကြောင့် သွေးတိုးခြင်း၊နှလုံးသွေးခဲပိတ်ခြင်းနဲ့ လေဖြန်းခြင်းတွေကိုပါဖြစ်စေတဲ့အတွက် အထူးသတိထားသင့်ပါတယ်။


    (၃)ရောဂါအခံရှိလျှင်ဆေးပုံမှန်သောက်ပါ

    ကျောက်ကပ်၊သွေးတိုးနဲ့ဆီးချိုရောဂါရှိခြင်းဟာ နှလုံးရောဂါဖြစ်ပွါးမှုနှုန်းပိုများစေတဲ့အတွက် သေချာမကုသပါက နှလုံးကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။


    (၄)ကျန်းမာသောလူနေမှုဘဝဖြင့်နေထိုင်ပါ

    လေကောင်းလေသန့်ရှုရှိုက်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း၊အာဟာရပြည့်ဝအောင်စားသောက်ခြင်း၊အဆီများသော အစားအစာနဲ့ junk food များကိုရှောင်ရှားခြင်းနဲ့အတူ အိပ်ရေးဝအောင် အိပ်စက်ခြင်းကလည်း နှလုံးလေး ကျန်းမာစေဖို့ အဓိကအချက်တွေပဲဖြစ်ပါတယ်။


    (၅)စိတ်ဖိစီးမှုလျှော့ချပါ

    လူတိုင်းစိတ်ဖိစီးမှုရှိကြတာတော့ မလွဲဧကန်ပါပဲ။ဒါပေမယ့် တရားထိုင်ခြင်း၊journal ရေးခြင်း ဒါမှမဟုတ် ကခုန်ခြင်း၊သီချင်းဆိုခြင်းသာမက ဝါသနာပါရာတခုခုကို အာရုံပြောင်းခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချသင့်ပါတယ်။ဒါမှသာ အရွယ်မတိုင်ခင် နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။


    လောကကြီးမှာ "အသက်ရှည်စွာ၊အနာကင်းရေး " မနေနိုင်ရင်တောင် အရွယ်မတိုင်ခင် ရောဂါတွေမဖြစ်ရလေအောင် သတိပြုဆင်ခြင်သင့်ပါတယ်။ကျန်းမာတဲ့နှလုံးသားလေး ရှိမှသာ ကျန်းမာတဲ့လူ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ သင့်နှလုံးသားလေးကျန်းမာနေရအောင် ဖော်ပြထားတဲ့အချက်အလက်တွေကို လိုက်နာကျင့်သုံးကြပါစို့။



    in Cardiology
    ရင်ဘတ်အောင့်တာကနှလုံးရောဂါလား?