Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

အသားရည်မပျက်စီးဘဲ ခရီးသွားနည်း

  • All Blogs
  • Beauty and Skin Care
  • အသားရည်မပျက်စီးဘဲ ခရီးသွားနည်း
  • 2024- ဩဂုတ် 28 by
    Hsu Pyae Sone

    အသားရည်မပျက်စီးဘဲ ခရီးသွားနည်း


    ခရီးတစ်ခါသွားပြီးတိုင်း ကောင်းကောင်းမပျော်နိုင်ဘဲ လေ၊ ရေ အပြောင်းအလဲတွေကြောင့် ပျက်စီးသွားရတဲ့ အသားအရေကို ပြန်ဂရုစိုက်ပေးနေရတာ အရမ်းအလုပ်ရှုပ်စရာကောင်းတယ်မလား......

    ဒါဆို ဘယ်လိုနေရာတွေကိုပဲ ခရီးသွားသွား အသားအရေလေး အမြဲတမ်းကောင်းနေပြီး glowနေချင်တယ်ဆိုရင် အောက်မှာ ဆက်ဖတ်ပေးနော်။

    ခရီးသွားတော့မယ်ဆိုရင် အဓိကပြင်ဆင်ရမယ့် အချက်ကတော့ ကိုယ်သွားမယ့်နေရာရဲ့ ရာသီဥတု အခြေအနေပါပဲ။ သွားမယ့်နေရာက ပူလား၊ အေးလား၊ မိုးရွာမှာလား ဒါတွေသိမှသာ အခြေအနေကိုလိုက်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ထည့်ယူသွားနိုင်မှာပေါ့။


    ရာသီဥတုပူတဲ့ နေရာတွေကို သွားမယ်ဆိုရင်…

    ပူပြင်းတဲ့ နေရာတွေကို ခရီးသွားတဲ့အခါ အကြောက်ရဆုံးကတော့ နေပူဒဏ်နဲ့ ရေဓာတ်ဆုံးရှုံးရတာပါပဲ။ ဒါကြောင့် အသားအရေကို နေပူဒဏ်က ကာကွယ်ဖို့ SPF ပါဝင်မှုမြင့်မားတဲ့ sunscreen ခဏခဏ လိမ်းပေးဖို့လိုအပ်ပြီး ကိုယ်က တစ်နေကုန် နေပူထဲထွက်ဖို့ စိတ်ကူးရှိထားရင်တော့ (2)နာရီခြားတစ်ခါ ပြန်လိမ်းပေးရပါမယ်နော်။ ရေဓာတ်မဆုံးရှုံးရအောင် ရေပုံမှန်သောက်ပေးဖို့ လိုပြီး အင်္ကျီလက်ရှည်တို့ ဦးထုပ်တို့ဆောင်းပြီးလဲ အသားအရေလေးကို နေလောင်ဒဏ်က ကာကွယ်ပေးနိုင်ပါတယ်။ 


    တောင်ပေါ်ဒေသတွေလို အေးတဲ့နေရာသွားမယ်ဆိုရင်…

    အေးတဲ့နေရာတွေကို ခရီးသွားတဲ့အခါ လေဟာ ခြောက်သွေ့နေတတ်တာကြောင့် အရေပြားကို ယားယံပြီး ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကိုရှောင်ဖို့ moisture အပြည့်အဝပေး‌နိုင်တဲ့ moisturizer နဲ့ lip balm တို့ကို ဆောင်ထားသင့်ပါတယ်။ ကိုယ့်အသားအရေက ပုံမှန်ထက် ‌ခြောက်သွေ့တတ်တယ်ဆိုရင်‌တော့ မျက်နှာကို အစိုဓာတ် အပြည့်အဝပေးနိုင်တဲ့ hydrating mask လေးတွေ ဆောင်သွားဖို့လဲ မမေ့နဲ့နော်။


    ကမ်းခြေမှာ သွား chill မယ် ဆိုရင်…

    ကမ်းခြေသွားရင်တော့ အသားအရေကို ပင်လယ်ရေနဲ့ နေဒဏ်ကနေ ကာကွယ်ဖို့အတွက် waterproof sunscreen ကတော့ မဖြစ်အနေ ယူသွားရမှာပါ။ ရေကူးတော့မယ်ဆိုရင် sunscreen ကို မျက်နှာတစ်ခုပဲ ကွက်လိမ်းပြီး ခန္ဓာကိုယ်ကို ချန်ထားတာမျိုး မလုပ်နဲ့နော်။ ဒ့ါအပြင် ဦးထုပ်၊ နေကာမျက်မှန်နဲ့ လက်ရှည်အင်္ကျီတွေ ဝတ်ပြီးလည်း နေလောင်ဒဏ်ကနေ ကာကွယ်နိုင်ပါတယ်။ 


    ရေခြားမြေခြား သွားတော့မယ်ဆိုရင်…

    နိုင်ငံရပ်ခြားကို ခရီးသွားတဲ့အခါ မတူညီတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်က အရေပြားကို sensitive ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့်နိုင်ငံရဲ့ ရာသီဥတုကို ကြိုလေ့လာထားပြီး သင့်လျော်တဲ့ skincare တွေ ယူသွားဖို့က အရေးကြီးပါတယ်နော်။ 


    ဘယ်နေရာကိုသွားသွား အိတ်ထဲမှာ hand sanitizer လေး အမြဲဆောင်ထားပြီး လက်ဆေးဖို့မလွယ်တဲ့ နေရာတွေမှာဆိုရင် မျက်နှာကို မထိခင် သတိတရသုံးပေးဖို့လဲ မမေ့နဲ့ဦးနော်။

    ပြီးတော့ ဆေးဝါးများဝယ်ယူရန်ဖြစ်​စေ၊ UVကာကွယ်ရန် sunscreenဝယ်ယူလို၍ဖြစ်စေ၊ အရေပြားပြဿနာများအတွက်အထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်လိုလျှင်ဖြစ်​စေ https://mymedicine.com.mm/r/beauty&aesကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Beauty and Skin Care
    ဒီနွေပူပူမှာ အသားရည်မထိခိုက်စေဖို့