Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကဘာကြောင့်ထိုးသင့်သလဲ

  • All Blogs
  • Women Health
  • သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကဘာကြောင့်ထိုးသင့်သလဲ
  • October 23, 2024 by
    Hsu Pyae Sone
    သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကဘာကြောင့်ထိုးသင့်သလဲ


    သားအိမ်ခေါင်းကင်ဆာ ဖြစ်ရခြင်းအကြောင်းတွေထဲက တခုကတော့ Human Papilloma Virus (HPV) လို့ခေါ်တဲ့ HPV virus ကြောင့်ဖြစ်ပါတယ်။Human Papilloma Virus (HPV) ဟာ လိင်ဆက်ဆံရာကနေ ကူးစက်လာတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အမျိုးအစားပေါ်မူတည်လို့ ရောဂါပြင်းထန်မှုနှုန်း ကွာနိုင်ပါတယ်။ဒါပေမယ့် ကံကောင်းတာကတော့ သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါလည်း ဖြစ်နေပြန်ပါတယ်။


    သားအိမ်ခေါင်းကင်ဆာရောဂါဟာ အထူးသဖြင့်

    -လိင်ဆက်ဆံဖော်များတဲ့အမျိုးသမီးတွေ

    -လိင်ဆက်ဆံဖော်များတဲ့ partner နဲ့ အတူနေမိတဲ့ အမျိုးသမီးတွေ

    -HIV ပိုးကဲ့သို့ ခုခံအားကျဆင်းသော ရောဂါအခံရှိသူများအစရှိတဲ့အမျိုးသမီးတွေ

    -အသက် ၁၈နှစ်မပြည့်ခင် လိင်ဆက်ဆံမှုအကြိမ်အရေအတွက်များတဲ့အမျိုးသမီးတွေ

    သူတို့တွေမှာဆိုရင် HPV ပိုးကူးစက်နိုင်ခြေများပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့အလားအလာများပါတယ်။


    ဒါ့အပြင် ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေက ဆေးလိပ်မသောက်တဲ့အမျိုးသမီး‌တွေထက် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ၂ဆ ပိုမြင့်ပါတယ်။ဒါ့အပြင် မွေးလမ်းကြောင်း၊ကျောက်ကပ် သို့မဟုတ် ဆီးအိမ်ကင်ဆာ ဖြစ်ဖူးသူ၊သားအိမ်ခေါင်းကင်ဆာ မျိုးရိုးရှိသူ၊ကိုယ်၀န်ဆောင်ဖူးတဲ့အကြိမ်အရေအတွက်များသူနဲ့ သန္ဓေတားဆေးကိုအချိန်ကြာကြာစွဲစွဲမြဲမြဲသောက်သူတွေမှာသားအိမ်ခေါင်းကင်ဆာဖြစ်နိုင်မှုနှုန်းများပါတယ်။အထူးသဖြင့် ဆီးချို၊ သွေးတိုးရှိပြီး အဝလွန်တယ်ဆိုရင် ပိုပြီးသတိပြုသင့်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် ၉နှစ်မှစ၍ ထိုးနှံနိုင်ပြီး ၉နှစ်မှ ၁၃နှစ် လိင်ဆက်ဆံမှုမရှိသေးတဲ့အရွယ်မှာ ထိုးတာက ပိုထိရောက်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိထားပါတယ်။တကယ်လို့ လိင်ဆက်ဆံမှုရှိနေပြီဆိုတဲ့ အမျိုးသမီးဆိုရင်တော့ သားအိမ်ခေါင်းအချွဲအမြှေးပါး စစ်ဆေးပြီးမှ ကာကွယ်ဆေးကို စထိုးသင့်ပါတယ်။အသက် ၁၃ နှစ်ထိ ကလေးတွေဟာ ၂ ကြိမ်ပဲ ထိုးဖို့ လိုအပ်ပြီး ၁၃ ကျော်သွားရင်တော့ ၃ ကြိမ်တိတိ ထိုးဖို့ လိုအပ်ပါတယ်။1st dose နှင့် 2nd dose အများဆုံး ၁နှစ်ခြားလို့ရပါတယ်။

    ဒါပေမယ့် ကာကွယ်ဆေးထိုးပြီးရင်တောင်မှ အသက် ၄၀ အထက် အမျိုးသမီးတွေဟာ သားအိမ်ခေါင်းအချွဲအမြှေးပါးစစ်ဆေးခြင်းကို ၅ နှစ်တကြိမ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကာကွယ်ဆေးရှိရက်သားနဲ့ မထိုးထားတဲ့အတွက်ကြောင့် အမျိုးသမီးတွေ မကြွေလွင့်သင့်ဘဲ ကြွေလွင့်နေရခြင်းဖြစ်ပါတယ်။ငယ်ငယ်ထဲက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုစနစ်တကျထိုးထားပြီး ကြီးလာတဲ့အခါမှာလည်း သားအိမ်ခေါင်းအချွဲမြေးပါး သေချာစစ်ဆေးမယ်ဆိုရင်တော့ ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာ အသေအချာပါပဲရှင်……


    • My-Medicine ရှိ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် >> https://mymedicine.com.mm/r/OG


    in Women Health
    သွေးဆုံးကိုင်တာရှောင်ရှားလို့ရပါသလား