Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ရာသီသွေးအနံ့ဆိုးခြင်း

  • All Blogs
  • Women Health
  • ရာသီသွေးအနံ့ဆိုးခြင်း
  • October 30, 2024 by
    Hsu Pyae Sone
    ရာသီသွေးအနံ့ဆိုးခြင်း


    အမျိုးသမီးတွေ ဘဝ မှာ အပျိုဖော်ဝင်စ ရာသီသွေးစလာတဲ့အချိန်ကနေစပြီး အသက် ၅၀ ကျော် သွေးဆုံးတဲ့အချိန်ထိ တလတခါရာသီပုံမှန်လာလေ့ရှိပါတယ်။ကျွန်မတို့ အမျိုးသမီးခန္ဓာကိုယ်မှာရှိတဲ့ မျိုးဥလေးတွေကြွေကျတဲ့ကာလမှာ အမျိုးသားဖက်က သုက်ကောင်လေးနဲ့ မတွေ့ရင် သားအိမ်နံရံတွေက တလတကြိမ် အလိုလိုကွာကျပြီး သွေးဆင်းလေ့ရှိပါတယ်။ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ သတ်မှတ်ကြပါတယ်။

    ရာသီလာတဲ့အခါမှာ ဆင်းတဲ့သွေးအရောင်တွေက တခါတလေ နီသလို တခါတလေ ညိုလေ့ရှိပါတယ်။တချို့အမျိုးသမီးတွေမှာ သွေးအရည်ပဲဆင်းလေ့ရှိသလို တချို့တွေကတော့ သွေးအတုံးအခဲလေးတွေပါ ပါလေ့ရှိပါတယ်။အမျိုးသမီးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်အရ ခန္ဓာကိုယ်သဘာဝပေါ်မူတည်ပြီး တယောက်နဲ့တယောက် ရာသီသွေးဆင်းတဲ့ပုံစံမတူကြပါဘူး။ဒါပေမယ့် ရာသီလာတဲ့အခါမှာ အနံ့ဆိုးတွေ ထွက်နေပြီဆိုရင်တော့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

    ကျွန်မတို့ရာသီသွေးဟာ သားအိမ်နံရံဟောင်းကကွာကျလာတဲ့သွေးဖြစ်တဲ့အတွက် သွေးနံ့တော့ရှိပါတယ်။ဒါပေမယ့် တခါတလေ အထူးတလည်သတိထားမိတဲ့အထိ အပုပ်နံ့လိုလို၊ငါးညှီနံ့လိုလို မခံမရပ်နိုင်လောက်အောင် အနံ့ဆိုးတွေရနေတာလည်း ရှိတတ်ပါတယ်။အဖြူဆင်းတဲ့အခါ အနံ့ဆိုးတွေရရင်၊မိန်းမကိုယ်ယားရင် ကျွန်မတို့မိန်းမသားတွေ ထိတ်လန့်တတ်ကြပါတယ်။အဖြူဆင်းတာမဟုတ်ဘဲ ပုံမှန်ရာသီသွေးဆင်းလို့ နံတယ်ဆိုတာတွေက ဘာကြောင့်များဖြစ်တတ်ပါသလဲ။ရာသီသွေးအနံ့ဆိုးတာ ပုံမှန်ပဲလားပေါ့။

    ကျွန်မတို့ရာသီသွေးဟာ မိန်းမကိုယ်ကို ဖြတ်သန်းစီးဆင်းလာရတာဖြစ်တဲ့အတွက် မိန်းမကိုယ်မှာ ဘက်တီးရီးယားပိုး၊ဗိုင်းရပ်စ်ပိုးနဲ့ မှိုတွေရှိရင် အနံ့ဆိုးတွေ ရတတ်ပါတယ်။တခါတလေ တင်ပါးဆုံရိုးခွင်ထဲကအောင့်တာတွေပါ ပူးတွဲပါလာပြီဆိုရင်တော့ ပိုး ဝင်နေပြီလားဆိုတာကို အရင်ဆုံးသတိပြုရမှာပဲဖြစ်ပါတယ်။ရာသီလာတဲ့အခါ အသုံးပြုတဲ့ လစဉ်သုံး၊ Tampon နဲ့ Menstrual Cup တွေဟာ သေချာလဲလှယ်ဖို့ လိုအပ်ပါတယ်။တချို့အမျိုးသမီးတွေဟာ သူ့အချိန်နဲ့သူမလဲလှယ်တဲ့အတွက် ပိုးပေါက်ပွါးမှုကို ဖြစ်စေကာ အခန့်မသင့်ရင် ပိုးဆိပ်ပျံ့ပြီး သေဆုံးတတ်ပါတယ်။

    ရာသီလာတဲ့အချိန်မှာ ငါးညှီနံ့ကဲ့သို့ သွေးဆင်းခြင်း၊ဆီးပူဆီးကျင်ဆီးအောင့်ခြင်း၊မိန်းမကိုယ်ယားခြင်း နဲ့ မိန်းမကိုယ်နာခြင်းတို့ ဖြစ်နေပါက ဆရာဝန်နဲ့အမြန်သွားရောက်ပြသပြီး ကုသမှုခံယူသင့်ပါတယ်။တခါတလေ သားအိမ်ထဲထည့်ထားရတဲ့ သန္ဓေတားပစ္စည်း ကို သက်တမ်းလွန်နေပေမယ့် ထုတ်ဖို့မေ့နေတတ်တာမျိုးတွေ ရှိကြပါတယ်။ဒီလိုမေ့လျော့နေရင်လည်း ရာသီသွေးဆင်းတဲ့အခါ အနံ့ဆိုးတွေကို ဖြစ်စေပါတယ်။

    ရာသီလာတဲ့အခါ အနံ့ဆိုးတွေ မဖြစ်ရလေအောင် အပြင်ပန်းရေချိုးနေရုံနဲ့မပြီးဘဲညနေ့စဉ် မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုပြုဖို့လိုအပ်ပါတယ်။အသုံးပြုတဲ့ pad၊ tampon နဲ့ menstrual cup တွေကိုလည်း အချိန်မှန်လဲလှယ်ဖို့ လိုပါတယ်။အတွင်းခံတွေကိုလည်း သန့်ရှင်းတဲ့ဟာကိုပဲ ဝတ်ဆင်သင့်ပါတယ်။ဒါပေမယ့် မိန်းမကိုယ်ဆေးရည်၊အနံ့ပါတဲ့ဆပ်ပြာနဲ့ ရေမွှေးတွေ အသုံးပြုခြင်းက မိန်းမကိုယ်ရဲ့ပုံမှန် pH level ကို ပျက်စီးသွားစေလို့ အလွန်အကျွံမဖြစ်အောင် သတိပြုသင့်ပါတယ်။အားလုံးပဲ ကျန်းမာလှပ အနံ့ကင်းသော အမျိုးသမီးလေးများဖြစ်ကြပါစေရှင်။

    သားဖွားမီးယပ်ဆရာဝန်နှင့်ပြသရန် - https://mymedicine.com.mm/r/OG

    in Women Health
    Importance of regular health check-ups for women