Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

မကြာခနဆီးသွားချင်နေမိပြီလား

  • All Blogs
  • Urinary and Renal Health
  • မကြာခနဆီးသွားချင်နေမိပြီလား
  • October 30, 2024 by
    Hsu Pyae Sone
    မကြာခနဆီးသွားချင်နေမိပြီလား


    ကျွန်မတို့ ဘဝမှာ သွားရင်း လာရင်းလမ်းတဝက်မှာ ဆီးခဏခဏသွားချင်တဲ့အခြေအနေမျိုးနဲ့ တွေ့ကြုံဖူးကြမှာ ဖြစ်ပါတယ်။အခုလို မိုးရာသီကာလ၊ဆောင်းတွင်းနဲ့ အေးနေတဲ့အချိန်တွေဆိုရင် သာမန်ထက်ပိုပြီးတောင် ဆီးသွားချင်နေကြဦးမှာပါ။ဒါတွေက သာမန်ဖြစ်ပေမယ့် တခါတလေ ပုံမှန်မဟုတ်တဲ့ ဆီးခဏခဏ သွားချင်တာမျိုးလည်း ရှိပါတယိ။အထူးသဖြင့် ဆီးလမိးကြောင်းနဲ့သက်ဆိုင်တဲ့ရောဂါတခုခုရှိနေတဲ့အချိန်မှာ ထိန်းမရအောင် ဆီးသွားချင်တာမျိုးဖြစ်တတ်ပါတယ်။

    ဆီးချိုသွေးချိုရောဂါခံစားရတဲ့လူနာတွေမှာဆိုရင် ကနဦးအဆင့်မှာ ဆီးခဏခဏ သွားချင်တဲ့လက္ခဏာနဲ့အစပြုပါတယ်။ဆီးချိုလူနာတွေရဲ့ ဆီးလမ်းကြောင်းမှာ မှိုအစရှိတဲ့ပိုးတွေပေါက်နေရင်လည်း ဆီးလမ်းကြောင်းထဲပိုးဝင်နေတတ်ပါတယ်။အဲဒီအခါ ဆီးကျင်ခြင်း၊ဆီးအောင့်ခြင်းအပြင် ဆီးမထိန်းနိုင်ခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။လေဖြတ်လူနာတွေမှာဆိုရင် ခါးအောက်ပိုင်းအာရုံကြောတွေကို ထိတဲ့အခါ ဆီးအိမ်ကို ထိန်းညှ်ိပေးတဲ့ အာရုံကြောတွေမှာ ပုံမှန်လိုမျိုး ထိန်းချုပိနိုင်စွမ်းမရှိတော့ပါဘူး။အဲဒီအခါမှာလည်း ဆီးသွားရမဝသလို ဖြစ်ပြီး ဆီးခဏခဏသွားတတ်ကြပါတယ်။

    ဆီးလုံးသေးသေးနဲ့ ဝေးဝေးရောက်အောင်မပေါက်နိုင်တဲ့ ဆီးကျိတ်ကြီးတဲ့လူနာတွေမှာလည်းဆီးကျန်တဲ့အတွက် အိမ်သာကထွက်လာလိုက်၊ခဏနေရင် အိမ်သာကိုပြန်သွားရလိုက်တွေ ဖြစ်နေပြန်ပါတယ်။တခါတလေ ဆီးပိုးဝင်ပြီး ဆီးအိမ်ရောင်တဲ့အခါ ဆီးမထိန်းနိုင်ဘဲ ဆီးကျင်ပြီး အိမ်သာနဲ့မဟာမိတ်ဖွဲ့နေပြန်ပါတယ်။အမျိုးသမီးတွေမှာ သားအိမ်အလုံးရှိတဲ့အခါနဲ့ အမျိုးသားတွေမှာ ဆီးအိမ်နဲ့ ဆီးကျိတ်ကင်ဆာဖြစ်တဲ့အခါ ဆီးအိမ်မှာ သေချာထိန်းသိမ်းနိုင်စွမ်းမရှိတော့တဲ့အတွက် ဆီးခဏခဏသွားရတာ လက္ခဏာတခုဖြစ်လို့လာပြန်ပါတယိ။

    ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း ဘာရောဂါအထွေအထူးမှမရှိဘဲ ဆီးအိမ်ကို သန္ဓေသားရှိတဲ့သားအိမ်က သွားဖိမိတဲ့အခါ မမဗိုက်တို့လည်း မပေါ့မပါးနဲ့ အိမ်သာခဏခဏသွားရပြန်ပါတယ်။ရေ၊အရက်နဲ့ ကော်ဖီတွေသောက်တာများတဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားမှုလွန်ကဲတဲ့အခါ ရုတ်တရက်ကြီး ရှူးပေါက်ချင်လာတတ်ပါတယ်။

    ဆောင်းပါးလေးကိုအဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။

    in Urinary and Renal Health
    ဘယ်လိုအခြေနေမျိုးမှာကျောက်ကပ်လဲဖို့လိုအပ်မလဲ