Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဆီးပူညောင်းကျရောဂါဆိုတာ

  • All Blogs
  • Urinary and Renal Health
  • ဆီးပူညောင်းကျရောဂါဆိုတာ
  • September 5, 2024 by
    Hsu Pyae Sone

    ဆီးပူညောင်းကျရောဂါဆိုတာ


    ဆီးသွားလို့ ပူတာကို ဆီးပူညောင်းကျရောဂါလို့ ခေါ်တယ်ပဲ ထင်နေမိကြသလား?

    Gonorrhea လို့ခေါ်တဲ့ ဆီးပူညောင်းကျရောဂါဆိုတာ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးပါ။

    လိင်အင်္ဂါ၊ ပါးစပ်၊ စအိုတို့မှာ အကာကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ ကူးစက်တတ်ပြီး အမျိုးသားတွေမှာ ပိုအဖြစ်များတတ်ပါတယ်။

    ဆီးပူညောင်းကျဖြစ်နေကြောင်း သိနိုင်တဲ့ လက္ခဏာတွေကတော့ -

    • ဆီးသွားတဲ့အခါ နာကျင်ခြင်း
    • ဆီးသွားရခက်ခြင်း
    • အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင် ဆီးများ သွားခြင်း
    • ဓမ္မတာလာချိန် ပုံမှန်ထက်များတဲ့ သွေးဆင်းခြင်း
    • ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
    • စအိုယားယံခြင်း/ နာကျင်ခြင်း
    • စအိုမှ သွေးထွက်ခြင်း
    • ဝမ်းသွားတဲ့အခါ နာကျင်ခြင်း

    လည်ချောင်းမှာ ကူးစက်မိရင်တော့ လည်ချောင်းနာတာမျိုးဖြစ်တတ်ပေမယ့် အခြားလက္ခဏာတွေ မပြတတ်ပါဘူး

    ဒါပေမယ့် လက္ခဏာမပြဘူးဆိုတိုင်းလည်း မကုသဘဲ လျစ်လျူရှုထားလို့မရပါဘူးနော်‼️

    ဆီးပူညောင်းကျရောဂါက ဘက်တီးရီးယားကူးစက်တာက‌နေ ဖြစ်တာမလို့ ပိုးသတ်ဆေးသောက်ပြီး မကုသမချင်း ဆက်ရှိနေဦးမှာဖြစ်ပြီး ကိုယ်နဲ့ လိင်ဆက်ဆံသူတွေကိုပါ ဆက်လက်ကူးစက်သွားတတ်ပါတယ်။ ဒါ့အပြင် မကုသဘဲထားမယ်ဆိုရင် အမျိုးသားရော အမျိုးသမီး‌တွေမှာပါ ဗိုက်နာပြီး ဖျားတာကစလို့ မြုံသွားပြီး ကိုယ်ဝန်မဆောင်နိုင်တော့တာမျိုးထိ ဖြစ်နိုင်တာမလို့ သိသိချင်း ကုသမှုခံယူဖို့ အရမ်းအရေးကြီးပါတယ်။ 

    လိင်ကိစ္စဖြစ်တာကြောင့် အပြင်ဆေးခန်းမှာ ဆရာဝန်နဲ့သွားပြဖို့ မျက်နှာပူမိတယ်ဆိုရင်လည်း My-Medicine မှာ အွန်လိုင်းကနေ အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်လို့ရပါတယ်နော်။ ဖုန်းထဲကနေပဲ ဆေးခန်းပြရုံဆိုတော့ အိမ်ထဲကအိမ်ပြင်ထွက်ဖို့မလိုတဲ့အပြင် လူနာရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စနစ်တကျ ထိန်းသိမ်းပေးထားတာမလို့ စိတ်ချယုံကြည်စွာနဲ့ My-Medicine ရဲ့ အွန်လိုင်းဆေးခန်းကိုသာ အပ်နှံလိုက်ပါနော်။

    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 

    My-Medicineရဲ့  https://mymedicine.com.mm/r/nephr ကိုနှိပ်၍ ရက်ချိန်းရယူနိုင်သလို ၊ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။



    in Urinary and Renal Health
    ကျောက်ကပ်မကျန်းမာ‌တော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ