Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ကျောက်ကပ်မကျန်းမာ‌တော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ

  • All Blogs
  • Urinary and Renal Health
  • ကျောက်ကပ်မကျန်းမာ‌တော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ
  • August 19, 2024 by
    Hsu Pyae Sone

    ကျောက်ကပ်မကျန်းမာ‌တော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ?


     ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး ရေဓာတ်ထိန်းညှိပေးတဲ့ ကျောက်ကပ်တွေက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် ထင်ထားတာထက် အရေးပါလှပါတယ်

    ဒီလိုအရေးပါလှတဲ့ ကျောက်ကပ်လေးကို သေချာဂရုမစိုက်မိဘဲ အရက်နဲ့ ဆေးလိပ်တွေ အလွန်အကျွံသောက်တာ၊ မကျန်းမာတဲ့ အစားအသောက်တွေစားတာတို့ လုပ်နေမိပြီဆိုရင် သတိမထားလိုက်မိခင်မှာဘဲ ကျောက်ကပ်တွေ ပျက်စီးသွားတတ်ပါတယ်


    ကျောက်ကပ်ပျက်စီးနေကြောင်း ပြသနေကြောင်းဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ -

    •  ခဏခဏ ဆီးသွားချင်နေတာ
    • ဆီးထဲမှာ သွေးပါတာ
    • ဆီးသွားတဲ့အခါ အမြှုပ်တွေထွက်နေတာ
    •  နောက်ကျောနဲ့ နံရိုးတွေ နာကျင်နေတာ
    •  မျက်လုံးတစ်ဝိုက်မှာ ရောင်ပြီးဖောင်းနေတာ
    •  အသက်ရှုကြပ်နေတာ

    ​ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကျန်းမာရေးအခြေအနေ ပိုဆိုးလာနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် လုံးဝ လျစ်လျူရှုမထားသင့်ပါဘူး

    ကျောက်ကပ်ပျက်စီးနေလို့လားဆိုတာကို ကျွမ်းကျင်ဆရာဝန်ကြီးတွေထံမှာ စစ်ဆေးကြည့်ပြီး လိုအပ်တဲ့ကုသမှု ခံယူသင့်ပါတယ်

    ဆေးခန်းထိ တကူးတကကြီး အချိန်ပေးပြီး သွားပြဖို့ မအားဘူးဆိုရင်လဲ စိတ်မပူပါနဲ့နော်…

    My-Medicine မှာ ကျောက်ကပ်အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်တိုင်ပင်လို့ရနေပြီဆိုတော့ အိမ်ထဲကအိမ်ပြင်လဲထွက်စရာမလို၊ တန်းစီစောင့်စရာလဲမလိုဘဲ ကိုယ်အဆင်ပြေတဲ့အချိန်ကို အိမ်ထဲကနေ တိုက်ရိုက်ဆက်သွယ် ကုသမှု ခံယူနိုင်ပါပြီနော်။


    ဆရာဝန်နှင့် Appointment ယူခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 

    My-Medicine ရဲ့ ဖုန်းနံပါတ်  5588 (သို့မဟုတ်) 09779995588  သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

    ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနဲ့ ဆေးခန်းပြရန်https://mymedicine.com.mm/r/nephrတွင်လည်း ဆရာဝန်များနှင့် Appointment ရယူနိုင်ပါတယ်။




    in Urinary and Renal Health
    လူကြီးလူငယ်မရွေး သတိထားရမယ့် ကျောက်ကပ်ရောဂါ