Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

လူကြီးလူငယ်မရွေး သတိထားရမယ့် ကျောက်ကပ်ရောဂါ

  • All Blogs
  • Urinary and Renal Health
  • လူကြီးလူငယ်မရွေး သတိထားရမယ့် ကျောက်ကပ်ရောဂါ
  • July 29, 2025 by
    Hsu Pyae Sone

    ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက် vital organ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုပါ။ အသက်ကြီးလာတာနဲ့ အမျှ ကျောက်ကပ်လုပ်ဆောင်အား renal function ကလည်း ကျလာပါတယ်။ အကြောင်းအမျိုးမျိုး ( သွေးတိုး၊ ဆီးချို၊ ဆီးကျောက်၊ ဝမ်းပျက်ဝမ်းလျော) ကြောင့် ကျောက်ကပ်လုပ်ဆောင်မှု အားနည်းသွားရင် ပြန်ကောင်းလာနိုင်ချေက အလွန်ပင် နည်းပါတယ်။ နောက်ဆက်တွဲ အနေနဲ့ သွေးတိုးလာတာ ဆီးနည်းသွားတာ ဖောအန်းလာတာ မောတာ ကြပ်တာ အသက်ရှူရခက်တာ အသားအရေတွေ ညစ်လာတာ အော့ချင် အန်ချင်တာတွေ ခံစားရတတ်ပါတယ်။

     ဒီရာသီမှာသတိထားရမှာက ဒညင်းသီးပါ။ ဒညင်းသီးမှာက ကျောက်ကပ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ djenkolic acid ပါဝင်တာကြောင့် ဗိုက်အောင့်တာ ဆီးကျင်တာ ဆီးနည်းသွားတာ ဆီးသွားသွေးပါတာ အရမ်းဆိုးရင် ရုတ်တရက်ကျောက်ကပ်ပျက်စီးပြီး အသက်အန္တရာယ်ပေးတဲ့ အထိဖြစ်နိုင်ပါတယ်။ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရမ်းကြိုက် အစားလွန်ပြီး ဒညင်းသီးကြောင့် ကျောက်ကပ်ဆေးနေရတဲ့ သူတွေ အများကြီးရှိတာကြောင့် သတိထားဖို့လိုပါတယ်။

     နောက်တစ်ခုက အကိုက်အခဲပျောက်ဆေးပါ။ အသက်အရွယ်မရွေး သတိထားသင့်ပါတယ်။ ဒီနိုင်ငံမှာက အကိုက်အခဲပျောက်ဆေးတွေ ဆက်ဆေးတွေကို ဒူးနာ ခါးနာ ခေါင်းကိုက်တာအတွက် အလွယ်ပင် ဝယ်သောက်နေ ထိုးနေတာ တွေ့ပါတယ်။ အကိုက်အခဲပျောက်ဆေးဟာ ကျောက်ကပ်ကို သွားတဲ့ သွေးပမာဏကို နည်းစေပြီး ကျောက်ကပ်လုပ်ဆောင်အားကို ကျစေပါတယ်။ အထူးသဖြင့် ဆီးချိုရှိသူတွေ သွေးတိုးရောဂါရှိသူ နဂိုက ကျောက်ကပ်ရောဂါအခံ ရှိနေရင် ကျောက်ကပ်ပျက်သွားနိုင်ချေ ပိုများပါတယ်။

     ရေသောက်နည်းတာကလည်း ကျောက်ကပ်ကို သွားတဲ့သွေးပမာဏ နည်းစေပြီး ဆီးလမ်းကြောင်း ကျောက်တည်တာ ဖြစ်နိုင်ပါတယ်။ ဆီးအောင့်ထားတဲ့ အကျင့်ရှိသူ ကွမ်းစားတဲ့သူတွေကလည်း ဆိးကျောက်တည်နိုင်ချေများပါတယ်။ ဆီးလမ်းကြောင်း တစ်နေရာရာမှာ ကျောက်တည်ရင် နောက်ဆက်တွဲအနေနဲ့  ဆီးပိုးဝင်တာ ကျောက်ကပ်ရောင်တာ ကျောက်ကပ်ပြည်တည်တာကနေ ကျောက်ကပ်ပျက်စီိးတဲ့ ထိ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲတွေ မဖြစ်ရအောင် လိုအပ်ရင် ဆီးကျောက်ကို ချေပစ်တာ သို့မဟုတ် ခွဲစိတ်ဖယ်ထုတ်တာ လုပ်ရပါမယ်။

     ကျောက်ကပ်ရောဂါအတွက်က ရေများများ တနေ့ကို ၃လီတာ သောက်ပါ။ ဆီးမအောင့်ထားပါနဲ့။ ကွမ်း ဆေးလိပ်နဲ့ အရက်ကို တတ်နိုင်သရွေ့ မြန်မြန်ဖြတ်ပါ။ ကျောက်ကပ်အဆိပ်ဓါတ် Creatinine တက်စေနိုင်တဲ့ ဒညင်းသီး အကိုက်အခဲပျောက်ဆေးတွေကို လွယ်လွယ်စားတာ သောက်တာရှောင်ပါ။ အငန်အလွန်အကျွံ စားတာကိုလည်း ရှောင်သင့်ပါတယ်။ ဒါမှလည်း မကောင်းတဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတဲ့ ကျောက်ကပ်လေးကို ကောင်းကောင်းကာကွယ်နိုင်ပါလိမ့်မယ်။ 

    in Urinary and Renal Health
    ရေသောက်နည်းရင်ကျောက်ကပ်လေးကိုထိခိုက်မယ်နော်