Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

သိထားသင့်တဲ့ အရေးပေါ်တားဆေးရဲ့ဆိုးကျိုးများ

  • All Blogs
  • Sexual Health
  • သိထားသင့်တဲ့ အရေးပေါ်တားဆေးရဲ့ဆိုးကျိုးများ
  • March 3, 2025 by
    Hsu Pyae Sone

    သိထားသင့်တဲ့အရေးပေါ်တားဆေးရဲ့ဆိုးကျိုးတွေကဘာတွေဖြစ်မလဲ…

    အရေးပေါ်တားဆေးဆိုတာဘာလဲ?

    အရေးပေါ်တားဆေးဆိုတာ မိမိမလိုချင်တဲ့ ကိုယ်ဝန်ကိုကာကွယ်ဖို့အရေးပေါ်အခြေအနေမှာသုံးတဲ့ဆေးဖြစ်ပြီးတော့ Emergency Contraceptive Pill - ECP လို့ခေါ်ပါတယ်။ အရေးပေါ်တားဆေးကို လိင်ဆက်ဆံပြီး ၇၂ နာရီ (သုံးရက်) အတွင်း သောက်လို့ရပါတယ်။ ဒါပေမယ့် စောစောသောက်လေ ပိုပြီးထိရောက်မှုရှိလေပဲဖြစ်ပါတယ်။

    ဆေးရဲ့ဆိုးကျိူးတွေကဘာတွေဖြစ်နိုင်လဲ?

    အရေးပေါ်တားဆေးဆိုတာက ဟော်မုန်းဆေးတစ်မျိုးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ဆိုရင် ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်ပြီး ပျို့အန်တာ၊ ရာသီမမှန်တာနဲ့ ရာသီထိမ်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အတော်ကြာတဲ့အထိမသက်သာတဲ့အပြင် ပိုမိုပြင်းထန်လာတယ်ဆိုရင်တော့ ဆေးရုံ/ဆေးခန်းကို အမြန်ဆုံးသွားပြဖို့ အကြံပြုချင်ပါတယ်။

    အရေးပေါ်တားဆေးကိုဘယ်အချိန်တွေမှာသောက်သုံးသင့်လဲ?

    အရေးပေါ်တားဆေးကို လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့အခါ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ၊ အလိုမတူဘဲ နိုင့်ထက်စီးနင်းပြုကျင့်ခံရတဲ့အခါနဲ့ ပုံမှန်သားဆက်ခြားဆေးကိုသောက်ဖို့မေ့သွားတဲ့ အခြေအနေတွေမှာသာအသုံးပြုသင့်ပါတယ်။

    မကြာခဏသောက်သုံးမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ?

    အရေးပေါ်တားဆေးကို မကြာခဏ သောက်တာများလာမယ်ဆိုရင် ဟော်မုန်းအပြောင်းအလဲတွေကြောင့် ရာသီစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးအာနိသင်လျော့နည်းသွားပါတယ်။ ဆေးသောက်လိုက်ပေမယ့် ကိုယ်ဝန်ရသွားတယ်ဆိုတာမျိုးက မကြာခဏသောက်သုံးတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။

    My Medicine ရဲ့ အကြုံပြုချက်က...

    အရေးပေါ်တားဆေး (EPC) ဆိုတာအရေးပေါ်အခြေအနေမှာသာ သုံးသင့်တဲ့ဆေးဝါးဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေလဲများတာကြောင့် မကြာမဏသောက်သုံးနေမယ်ဆိုရင် ကျန်းမာရေးထိခိုက်နိုင်တာကို သတိပြုသင့်ပါတယ်။ အကယ်၍ သင်ဟာ ကိုယ်ဝန်ဆောင်ဖို့ကို အဆင်သင့်မဖြစ်သေးဘူးဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ သားဆက်ခြားတာမျိုးကိုလုပ်ဆောင်သင့်ပါတယ်နော်။

    in Sexual Health
    စိတ်ချရသော လိင်ဆက်ဆံမှု