Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

Brain fog or ဦးနှောက်ထိုင်းမှိုင်းခြင်း

  • All Blogs
  • Neurology
  • Brain fog or ဦးနှောက်ထိုင်းမှိုင်းခြင်း
  • October 30, 2024 by
    Hsu Pyae Sone
    Brain fog or ဦးနှောက်ထိုင်းမှိုင်းခြင်း


    တရက်ထက် တရက် အာရုံစူးစိုက်နိုင်စွမ်းကျဆင်းလာတယ်၊ခိုင်းနှိုင်းစရာ စကားလုံးတခုခုရှာတိုင်း ပျောက်ဆုံးနေတတ်တယ်၊အလုပ်တွေလုပ်ဖို့ စီ ထားရင်းနဲ့ မတွေးတတ်တော့ဘူး….ငါ ဘာဖြစ်နေပါလိမ့် ဆိုပြီး တွေးမိရင် ဒါဟာ ဦးနှောက်ထိုင်းမှိုင်းခြင်းရဲ့ လက္ခဏာတွေလား ဆိုတာ ကျွန်မတို့ အဖြေတူတူရှာကြည့်ကြရအောင်။

    ဦးနှောက်ထိုင်းမှိုင်းခြင်းဆိုတဲ့ brain fog ဟာ ကျွန်မတို့ ဦးနှောက် ဗဟိုမှတ်ဉာဏ်ဘဏ် ပျက်စီးခြင်း နဲ့ အာရုံစူးစိုက်နိုင်စွမ်းကျဆင်းစေတဲ့ လက္ခဏာတခုပဲဖြစ်ပါတယ်။သူကရောဂါတခုဆိုတာထက် လက္ခဏာတခု လို့ ပြောရရင် ပိုမှန်ပါလိမ့်မယ်။အခြေအနေ ဆိုးလာရင်တော့ နိစ္စဓူဝ လုပ်နေကျ အလုပ်တွေ၊ကျောင်းစာ လေ့လာသင်ကြားရေး နဲ့ လုပ်ငန်းခွင်ထိပါ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။

    Brain fog ဘာလို့ ဖြစ်ရသလဲဆိုရင် အဓိကကတော့ ကာလကြာရှည် စိတ်ဖိစီးမှုခံစားရခြင်းကြောင့်ဖြစ်ပါတယ်။ကျွန်မတို့ ယနေ့ခေတ်လူငယ်တွေဆို တချိန် brain fog ဖြစ်ဖို့ အလားအလာပိုများပါတယ်။စီးပွါးရေး၊ငွေရေးကြေးရေး၊လူမှုရေး၊ပညာရေး၊အချစ်ရေးနဲ့ ပတ်ဝန်းကျင်ဖိအားအဆင်မပြေမှုတွေ များပြားလှတဲ့ခေတ်ကြီးတခု ဖြစ်နေကြတာကိုး။နောက်တချက်ကတော့ လုံလောက်စွာမအိပ်ခြင်းကြောင့်ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလနဲ့ သွေးဆုံးကိုင်တဲ့အမျိုးသမီးတွေမှာလည်း ယာယီဦးနှောက်ထိုင်းမှိုင်းမှုဝေဒနာကို ခံစားရနိုင်ပါသေးတယ်။

    အာဟာရဓာတ်မလုံလောက်ခြင်း၊ဓောတ်နည်းပါးခြင်း၊သံဓာတ်ချို့တဲ့ခြင်း၊သွေးအားနည်းရောဂါ၊ခေါင်းတခြမ်းကိုက်ရောဂါ၊သိုင်းရွိုက်ဟော်မုန်းအားနည်းနဲ့ရောဂါ၊ခုခံအားကြောင့်ဖြစ်တဲ့ အရိုးအကြောရောဂါတချို့နဲ့ ကိုဗစ်ရောဂါတွေဖြစ်ပြီးရင်လည်း Brain fog ဖြစ်နိုင်ချေမြင့်တက်လာတတ်ပါတယ်။ကင်ဆာဆေးတွေ၊အနာသက်သာဆေးနဲ့အိပ်ဆေးတွေကလည်း တချို့လူနာတွေကို မှတ်ဉာဏ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်စေတတ်ပါသေးတယ်။

    ဒီလိုမျိုး သတိခဏခဏမေ့တတ်လို့ brain fog ဖြစ်နေပြီလားဆိုပြီးလည်း အရမ်းကြီးမလန့်ပါနဲ့နော်။အာဟာရပြည့်ဝအောင်စားသုံးမယ်၊အရက်နဲ့မူးယစ်ဆေးတွေရှောင်မယ်၊လေ့ကျင့်ခန်းလုပ်မယ်၊အိပ်ရေးဝအောင် အိပ်မယ်၊စိတ်ဖိစီးမှူကို နည်းလမ်းပေါင်းစုံနဲ့လျှော့ချမယ်ဆိုရင် မိမိမှတ်ဉာဏ်ရဲ့ မှတ်နိုင်စွမ်းအားက ရောက်နေတဲ့အသက်အရွယ်အတိုင်းပဲ ကျန်ရှိနေမှာဖြစ်ပါတယ်။စိတ်ပူတတ်တဲ့သူတွေကတော့ ဦးနှောက်သုံးပြီး ဆော့ရတဲ့ puzzle မျိုးတွေ ဆော့ခြင်းအားဖြင့် ဦးနှောက်ထိုင်းမှိုင်းမှု ဖြစ်လာတာကို ကာကွယ်ပေးနိုင်တယ်ဆိုတာ ရေးသားရင်နိဂုံးချုပ်ပါရစေရှင်။

    အကယ်၍သက်ဆိုင်ရာကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်လိုပါက https://mymedicine.com.mm/r/brainကိုနှိပ်၍ရက်ချိန်းယူနိုင်သလို ဖုန်းနံပါတ် 5588 (သို့မဟုတ်) 09779995588 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်​နော်။


    in Neurology
    ခေါင်းတစ်ခြမ်းကိုက်တာရောဂါပါ