Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အစွဲလမ်းလွန်ခြင်း စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းကြမလဲ

  • All Blogs
  • Mental Health
  • အစွဲလမ်းလွန်ခြင်း စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းကြမလဲ
  • November 28, 2024 by
    Hsu Pyae Sone
    အစွဲအလမ်းလွန်ခြင်းစိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းကြမလဲ


    သက်ရှိဖြစ်စေ၊သက်မဲ့ဖြစ်စေ တစုံတခုကို အလွန်အကျွံစွဲလမ်းဖူးကြလား။ငယ်ငယ်တုန်းကဆိုရင် ခဲဖျက်လှလှလေးတွေ အခိုးခံရလို့ သွားလည်းဒီစိတ်၊စားလည်း ဒီစိတ်နဲ့ တငိုငိုတရယ်ရယ်ဖြစ်ခဲ့တာ မှတ်မိပါသေးတယ်။ကိုယ်စွဲလမ်းတဲ့ တစုံတရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်မပေးနိုင်ပေမယ့် စိတ်ထဲမှာသောကမီးကို တောက်လောင်စေပြီး အအိပ်ပျက်၊အစားပျက်နိုင်စေပါတယ်။

    ကျွန်မတို့ဟာ ဘာလို့ စွဲလမ်းရတာလဲဆိုတာကို အဖြေရှာကြည့်ခဲ့တဲ့အခါ မပြီးမြောက်သေးတဲ့လိုချင်မှုကြောင့်ဖြစ်လာတာကိုတွေ့ရှိရပါတယ်။ကိုယ့်ချစ်သူလေးကို အရမ်းချစ်တဲ့အခါ သူ့အပြုအမူလေးတွေကအစ နေ့နေ့ညညမြင်ယောင်နေတာရှိသလို၊တယောက်ယောက်က ကိုယ့်ကိုမကောင်းတဲ့အပြုအမူလုပ်သွားခဲ့ရင်လည်း နာကျည်းမှုကိုရင်ဝယ်ပိုက်ပြီး ဒေါသစိတ်နဲ့စွဲလမ်းနိုင်ပါသေးတယ်။ဒါ့အပြင် ကိုယ်နဲ့ကာလကြာရှည်အတူရှိပြီးသား သက်ရှိဖြစ်စေ၊သက်မဲ့ဖြစ်စေ ဘဝထဲမှာရုတ်တရက်မရှိတော့တဲ့အခါ သတိရစိတ်နဲ့ လစ်ဟာသွားတဲ့ကွက်လပ်လေးကိုစွဲလမ်းနေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

    မည်သို့ပင်ဖြစ်စေ တစုံတခုကိုပုံမှန်ထက်စွဲလမ်းနေပြီဆိုပါက စိတ်ပူပန်ခြင်းဝေဒနာဟာ စတင်ဖြစ်ပေါ်လာပါတော့တယ်။ဒီလိုသောကမီးကို လျော့ပါးအောင် မလုပ်မိရင်တော့ တနေ့တနေ့ အအိပ်ပျက်၊အစားပျက်ဖြစ်ပြီး အလုပ်အကိုင်ကိုထိခိုက်တဲ့အထိပါဖြစ်စေနိုင်ပါတယ်။ဒါကြောင့် စွဲလမ်းစိတ်နဲ့တခုခုတွေးမိနေပြီဆိုရင် ဆက်မတွေးမိအောင် အိမ်သန့်ရှင်းရေးလိုမျိုးဖြစ်ဖြစ် တခုခုထလုပ်လိုက်ပါ။အိပ်ရာဝင်ချိန်နောက်ကျတာဟာ အတွေးစိတ်ကိုပိုဆိုးတဲ့အတွက် ပုံမှန်အိပ်ချိန်တခုသတ်မှတ်ပြီး အိပ်ရေးဝအောင်နေ့စဉ်အိပ်ဖို့လိုအပ်ပါတယ်။ဝါသနာပါတဲ့အရာတခုခုကို ရှာဖွေပြီး အသစ်အဆန်းလုပ်တာကလည်း စွဲလမ်းစိတ်ကိုလျော့စေပါတယ်။

    အရေးအကြီးဆုံးကတော့လက်ခံတတ်ရပါမယ်။ချစ်ခြင်းအားဖြင့်စွဲလမ်းနေတာဖြစ်ဖြစ်၊မုန်းခြင်းအားဖြင့်စွဲလမ်းနေတာဖြစ်ဖြစ်၊ဒေါသစိတ်ကြောင့်ဖြစ်ဖြစ် ကျွန််မတို့ဟာ အဲဒီအရာတခုကိုပဲအာရုံစ်ိုက်မိနေတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေးလျော့နည်းလာတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် စွဲလမ်းစိတ်ဖျောက်ဖျက်တဲ့နေရာမှာ လူတွေနဲ့ပုံမှန်သွားလာစားသောက်နိုင်ဖို့က အာရုံပြောင်းတဲ့နေရာမှာ အရေးကြီးပါတယ်။အတွေးတွေကိုလည်း အတိတ်တွေ၊ အနာဂတ်တွေထဲ ရောက်မသွားဘဲနဲ့ လက်ရှိအချိန်မှာပဲ စိတ်ကို အာရုံစိုက်ထားသင့်ပါတယ်။

    စွဲလမ်းစိတ်ကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ နည်းလမ်းရယ်လို့တော့ သေချာမရှိသေးပါဘူး။ဒါပေမယ့် စိတ်ပညာနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလို့ရမယ့်သူတွေဆီမှာ ကုသမှုစောစောစီးစီးခံယူခဲ့မယ်ဆိုရင်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ရာမှာ အခက်အခဲဖြစ်တာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။လူသားအားလုံး အရာရာကို ပုံမှန်ထက်စွဲလမ်းခြင်းမှ လွတ်ကင်းကြပါစေ။

     ဒါ့အပြင် December 31 အထိ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများအတွက် 20% off ရှိကြောင်းလေးကိုလည်း လက်တို့လိုက်ပါစေနော်!


    👩‍⚕️ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychiatristNov


    👩‍⚕️ စိတ်ကုထုံးဆရာဝန်ကြီးများနှင့် ဆေးခန်းပြရန် >>> https://mymedicine.com.mm/r/PsychotherapistNov





    in Mental Health
    ဘဝတခုလုံးကိုဝါးမြိုသွားနိုင်တဲ့ သိမ်ငယ်စိတ်