Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

အစားစားရင်မြည်တဲ့အသံတွေကို သည်းမခံနိုင်တဲ့ရောဂါ

  • All Blogs
  • Mental Health
  • အစားစားရင်မြည်တဲ့အသံတွေကို သည်းမခံနိုင်တဲ့ရောဂါ
  • February 18, 2025 by
    Hsu Pyae Sone

    အိပ်နေတဲ့အချိန် ခြင်ထောင်ထဲမှာ တဝီဝီနဲ့ ခြင်မြည်နေရင် သည်းခံနိုင်ကြပါသလား? အိပ်ခါနီး စိတ်ရှုပ်အောင် လုပ်နေတဲ့အသံကြောင့် အသံပိုင်ရှင်ကို မရမကရှာပြီး အမှုန့်ခြေချင်စိတ်တွေ ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။ဒီကိစ္စဟာ လူအများစု ဖြစ်နေကျထုံးစံမို့ မထူးဆန်းပါဘူး။ဒါပေမယ့် အစာစားရင် ထွက်လာတဲ့အသံတွေကိုပါ သည်းမခံနိုင်အောင် စိတ်အနှောက်အယှက်ဖြစ်ကြသူတွေလည်းရှိပါတယ်။ဒါကိုတော့ အသံတွေကို မခံနိုင်တဲ့ရောဂါ လို့ ခေါ်ပါတယ်။

    အသံတွေကို မခံနိုင်တဲ့အခြေအနေမှာ ၂ မျိုးရှိပါတယ်။ကျယ်လောင်တဲ့အသံ၊ဆူညံတဲ့အသံနဲ့ festival ပွဲတွေက အသံတွေကို ကြားရချိန်မှာ စိတ်ကိုထိန်းချုပ်လို့မရဘဲ အလွန်အမင်းကြောက်တာ က တမျိုးဖြစ်ပြီး အာလူးကြော်ဝါးတဲ့အသံ၊ရေစက်ကျနေတဲ့အသံ၊အစားစားရင် တပြက်ပြက်မြည်တဲ့အသံတွေကို သည်းမခံနိုင်တာက အခြေအနေတမျိုးဖြစ်ပါတယ်။အပြုအမူနဲ့ လှုပ်ရှားမှုတွေကို သည်းမခံနိုင်တဲ့အခြေအနေမှာ မာတဲ့အစာတွေကိုဝါးနေတဲ့အသံ၊တခုခုကို ခေါက်နေတဲ့အသံ၊နာရီလက်တံမြည်တဲ့အသံ၊ဘောပင်ကိုနှိပ်ပြီးဆော့တဲ့အသံ၊ပလတ်စတစ်နဲ့ စာရွက်တွေ ကို လုံးခြေသံတို့အပြင် အသက်ပြင်းပြင်းရှူတာကိုပါမခံနိုင်တဲ့အထိ ဆိုးဝါးတာမျိုးရှိတတ်ပါတယ်။

    ဒီဒုတိယအခြေအနေမှာ ပထမအခြေအနေအသံကျယ်ကိုကြောက်တာလို ထိတ်လန့်သွားတာမျိုးမဟုတ်ဘဲ စိတ်ရဲ့အခြေအနေကို ဆွသလို ဖြစ်နေတဲ့အတွက် နှလုံးခုန်မြန်၊အသက်ရှူသံပြင်းလာပြီး စိတ်တိုတာ၊စိတ်ကသိကအောင့်ဖြစ်တာမျိုး ကိုဖြစ်လာစေပါတယ်။ဒါမျိုးက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အထူးသဖြင့် လူပျိုဖော်၊အပျိုဖော်ဝင်စအရွယ်တွေမှာ အဖြစ်များပါတယ်။မိန်းကလေးတွေမှာ 55-83% လောက်ပိုဖြစ်နိုင်ပြီး စိတ်ရောဂါတော့မဟုတ်ပါဘူး။ဒါပေမယ့် ခံစားချက်တွေကို သေချာမထိန်းချုပ်နိုင်တဲ့အခါ နေ့တိုင်းအသက်ရှင်ရတဲ့အခြေအနေမှာ စိတ်ပိုင်းဆိုင်ရာခက်ခဲမှုများ တနေ့ထက် တနေ့ ပိုဆိုးလာနိုင်ပါတယ်။

    လူ ၅ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ အသံတွေကို သည်းမခံနိုင်တဲ့ဒီအခြေအနေမျိုးမှာ ရွေးချယ်စရာ ၂ မျိုးပဲရှိပါတယ်။တသက်လုံး ဒီအသံတွေကို စိတ်အနှောက်အယှက်ဖြစ်ခံပြီးနေမလား(ဒါမှမဟုတ်) မကြိုက်ပေမယ့် ကျင့်သားရအောင်နေပြီး တွန်းလှန်မလား ဆိုတာ မိမိရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။မတွန်းလှန်နိုင်ဘူးဆိုရင် ကြာရှည်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာတင်သာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကလူတစ်ယောက်အစာစားနေတဲ့အချိန် အသံမြည်နေတာကိုကြားရတဲ့အခါ ကြက်သီးထခြင်း၊ချွေးထွက်လာခြင်း၊နှလုံးခုန်မြန်ခြင်း၊ရင်တုန်ခြင်း တို့အပြင် အခြေအနေအရမ်းဆိုးတဲ့အခါ ရင်ဘတ်အောင့်ပြီး သွေးပေါင်တက်တာတွေပါ ဖြစ်နိုင်ပါသေးတယ်။

    တကယ်လို့ ပြန်တွန်းလှန်ပြီး ကျင့်သားရအောင်နေမယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာတွေမှ တဆင့် စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးပြီး အပြုအမူပိုင်းဆိုင်ရာ(cognitive behavioral therapy) ပြောင်းလဲမှုတွေ လေ့ကျင့်ပေးပါလိမ့်မယ်။ဒါကြောင့်မို့ အသံတွေကို ပုန်းရှောင်မနေဘဲ ကျင့်သားရတဲ့အထိ တူတူကြိုးစားကြည့်ရအောင်နော်။



    in Mental Health
    Social Media Detox